မန်ချက်စတာယူနိုက်တက် ကတော့ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း အတွက် အေစီမီလန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က ဒိန်းမတ်သားကို ဒီနွေရာသီမှာပဲ အိုးထရက်ဖို့ဒ် ကနေ ရှင်းထုတ်နိုင်ဖို့ စည်းရုံးလုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။
ဟွိုက်ဂျ်လန်း ကတော့ ဒီအပြောင်းအရွှေ့ဈေးကွက် အတွင်း ပရီးမီးယားလိဂ် ကလပ်မှာ ဆက်ရှိနေလိုကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ရောက်ရှိလာဖို့ နီးစပ်နေခြင်းနဲ့ အတူ သူ့ရဲ့ အနာဂတ် ကလည်း သံသယ ဖြစ်စရာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အသင်းရဲ့ တိုက်စစ်ကို ပြန်လည် တည်ဆောက်ဖို့ဟာ ဒီနွေရာသီ နည်းပြ ရူဘင် အမော်ရင်ရဲ့ ဦးစားပေး ဖြစ်ပါတယ်။ ဒါကြောင့် သရဲနီ တို့ဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ယူရို ၈၅ သန်း (ပေါင် ၇၃.၈ သန်း) နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး မကြာခင်မှာပဲ တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။ ဆက်စ်ကို ကတော့ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင်မယ့် ကစားသမား ဖြစ်လာဖို့ များနေပြီး အသစ်ခေါ်ယူထားတဲ့ ဘရိုင်ယန် အမ်ဘူမိုနဲ့ မားသီးယက်စ် ကူညာတို့ ကလည်း ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်လာဖို့ သေချာနေသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် ခြေစွမ်းမပြနိုင်တဲ့ ဟွိုက်ဂျ်လန်း အနေနဲ့ အရန်ခုံမှာသာ ထိုင်ရဖို့ များနေပါတယ်။

ဂျီယန်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဟွိုက်ဂျ်လန်းကို လာမယ့် နွေရာသီမှာ အမြဲတမ်း အပြောင်းအရွှေ့ အတွက် ရွေးချယ်ခွင့် ပါ၀င်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။ La Gazzetta dello Sport ကလည်း ဟွိုက်ဂျ်လန်းရဲ့ အနာဂတ် အပြောင်းအရွှေ့ဟာ ယူရို ၃၅ သန်း (ပေါင် ၃၀.၄ သန်း) တန်ကြေး ရှိနေကြောင်း ဖော်ပြပါတယ်။
တစ်ခု ရှိတာက ဟွိုက်ဂျ်လန်းဟာ လက်ရှိအချိန်ထိ အပြောင်းအရွှေ့ကို ခေါင်းမညှိတ်သေးတာ ဖြစ်ပြီး အေစီမီလန် တာဝန်ရှိသူတွေ အနေနဲ့ ကစားသမားကို စွဲဆောင်ဖို့ တော်တော်လေး ကြိုးပမ်းနေရကြောင်း သိရပါတယ်။ ဟွိုက်ဂျ်လန်းဟာ ၎င်းရဲ့ အနာဂတ်ကို အရေးတကြီး ဆုံးဖြတ်လိုခြင်း မရှိကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။ ဒိန်းမတ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အတ္တလန္တာ ကနေ ပေါင် ၇၂ သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာသူ ဖြစ်ပြီး ၂ နှစ် အကြာ မှာတော့ အိုးထရက်ဖို့ဒ်ကို ပြန်လည် စွန့်ခွာဖို့ များနေပြီလည်း ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၉၅ ပွဲ ကစားကာ ၂၆ ဂိုး သွင်းထားပြီး ပရီးမီးယားလိဂ် မှာတော့ ၁၄ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.