နွေရာသီ အပြောင်းအရွှေ့ ကလည်း စတင်နေပြီ ဖြစ်တာကြောင့် ဒီနေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ အဲလ်ဟီလာ တိုက်စစ်မှူး အလက်ဇန္တား မီထရိုဗစ်ကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။ ဖူလ်ဟမ် တိုက်စစ်မှူးဟောင်း ကတော့ ဒီနွေရာသီမှာ ဆော်ဒီပရိုလိဂ် ကနေ ထွက်ခွာခွင့်ရမှာ ဖြစ်ပြီး အဲဗာတန်နဲ့ ဝက်စ်ဟမ်းယူနိုက်တက် တို့ကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။
ဘာစီလိုနာ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန် ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ရှိနေကြောင်း သတင်းတွေမှာ ဖော်ပြလျက် ရှိနေပါတယ်။ El Nacional မှာတော့ လာလီဂါ ချန်ပီယံတွေဟာ တာစတီဂျန်ကို မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ကမ်းလှမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ယူနိုက်တက်ဆီ ကမ်းလှမ်းဖို့ ဆန္ဒ ရှိနေကြောင်း ဖော်ပြထားပါတယ်။ ယူနိုက်တက် ကလည်း ဂိုးသမား အန်ဒရေ အိုနာနာရဲ့ နေရာမှာ အစားထိုးဖို့ ဂိုးသမား ရှာဖွေနေတာကြောင့် ဒီအပြောင်းအရွှေ့က အမှန်တကယ် ဖြစ်လာနိုင်ဖွယ်တော့ ရှိနေပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ်ရဲ့ ပစ်မှတ် ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ကတော့ စပါးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။ မာ့ခ် ဂူဟီ ကိုတော့ လစ်ဗာပူးလ်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီးတော့ ပဲလေ့စ် ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေကြဖို့ လိုလားနေပါတယ်။

ဖီယင်နော့ဒ် ကွင်းလယ်လူ ကွင်တန် တင်ဘာကို ပရီးမီးယားလိဂ် ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ရဲ့ နယ်သာလန် နောက်ခံလူ ဂျူရီယန် တင်ဘာရဲ့ ညီဖြစ်သူကို လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူချင်နေပါတယ်။ ဒါ့အပြင် အာဆင်နယ် ကလည်း ညီအကို နှစ်ဦးကို ပေါင်းစည်းပေးဖို့ ဆန္ဒ ရှိနေကြောင်း သိရပတယ်။
မန်ချက်စတာစီးတီး ကတော့ ဝုဗ် ဘယ်နောက်ခံလူ ရေယန် အစ် နျူရီ ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း TBR Football က ဖော်ပြပါတယ်။ မန်စီးတီးဟာ အဲလ်ဂျီးရီးယား လက်ရွေးစင် အတွက် ပေါင် ၄၅ သန်း ကုန်ကျဖွယ် ရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီး အသင်း တာဝန်ရှိသူတွေဟာ အစ်နျူရီ အပြင် ဘုန်းမောက်က မီလော့စ် ကာကက်ဇ်၊ ဂျူဗင်တပ်စ်က အန်ဒရီယာ ကမ်ဘီယာဆို တို့ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ကတော့ နောက်ခံလူ ဂျိုး ဂိုမက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီကစားသမားကို အက်စတွန်ဗီလာ၊ ဘုန်းမောက်၊ ဘန်လေ၊ အဲဗာတန်၊ လိဒ်စ်ယူနိုက်တက်၊ နယူးကာဆယ်ယူနိုက်တက်၊ ဆန်းဒါးလန်းနဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စားလျက် ရှိပါတယ်။
ဘင်ဖီကာ ကတော့ ချဲလ်ဆီး တိုက်စစ်မှူး ယာအို ဖီးလစ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြပါတယ်။ ဘင်ဖီကာ အနေနဲ့ ပေါ်တူဂီ လက်ရွေးစင်ကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်မှာတောင် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ယာအို ဖီးလစ် ကတော့ သူရဲ့ ကစားသမား ဘဝကို ဘင်ဖီကာမှာ စတင်ခဲ့သူ ဖြစ်ပြီးတော့ အဲဒီ ကနေမှ တဆင့် အက်တလက်တီကိုမက်ဒရစ်၊ ချဲလ်ဆီး၊ ဘာစီလိုနာနဲ့ အေစီမီလန် တို့ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.