နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုလီ ဝက်ကင်န်ကို စိတ်ဝင်စားလာတဲ့ ယူနိုက်တက်၊ မူရီလိုကို ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဇွန်လ ၂၄ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ကို အာဆင်နယ်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ဂန်းနားတွေရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ပြီး ပေါင် သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေသူ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ် တို့ကတော့ ၎င်းတို့ရဲ့ အစားထိုး ပစ်မှတ် ဖြစ်တဲ့ ဗစ်တာ အိုဆင်မ်ဟန်နဲ့ ပတ်သက်လို့ မကြာသေးခင်က အခြေအနေတွေကြောင့် ဝက်ကင်န်ကို ပိုပြီး အာရုံစိုက်လာတာလည်း ဖြစ်ပါတယ်။ အိုဆင်မ်ဟန် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် ဟီလာက လုပ်ခ လစာ ယူရို သန်း ၁၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ကြောင်း Corriere dello Sport က ရေးသား ဖော်ပြထားပါတယ်။ ဒီတိုက်စစ်မှူး ကိုတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ကလည်း ချိတ်ဆက်လျက် ရှိနေပါတယ်။

တခြားသော တိုက်စစ်မှူး တစ်ဦးကို ဆက်လက် ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ချဲလ်ဆီးက ခရစ်စတိုဖာ အန်ကွန်ကူကို ခေါ်ယူဖို့ အတွက် စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း L’Équipe က ဖော်ပြပါတယ်။ 

သတင်းတွေအရ ဆိုရင် ချဲလ်ဆီး ကလည်း ပရီးမီးယားလိဂ် မှာပဲ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ CaughtOffside မှာတော့ ချဲလ်ဆီးက ပေါင် ၆၈ သန်း တန်ကြေး ရှိတဲ့ နော့တင်ဟမ်ဖောရက်စ် ခံစစ်ကြယ်ပွင့် မူရီလိုကို ခေါ်ယူဖို့ ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီက ဖောရက်စ် အတွက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေခဲ့တာပါ။

သတင်းတွေအရ ဆိုရင် ချဲလ်ဆီး ကလည်း ပရီးမီးယားလိဂ် မှာပဲ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မူရီလိုကို ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ နီးပါး ပေးချေရဖွယ် ရှိနေတဲ့ ချဲလ်ဆီး

နယူးကာဆယ် ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အံ့အားသင့်စရာ ပြိုင်ဖက် အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့လိုကြောင်း ယတိပြတ် ပြောကြားထားခဲ့သလို လာလီဂါ ကလပ် ဘက်ကလည်း ခေါ်ယူချင်တဲ့ အရိပ်အယောင်တွေ ပြသထားပါတယ်။

COVID ကာလအတွင်း မမျှော်လင့်ပဲ ထင်ပေါ် ကျော်ကြားလာခဲ့တဲ့ လစ်ဗာပူးလ်ရဲ့ အင်္ဂလိပ် ဗဟိုနောက်ခံလူ နေသန်နီရယ် ဖီးလစ် ကတော့ ဝက်စ်ဘရွန်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ အဆင်သင့် ဖြစ်နေကြောင်း The Athletic က ဖော်ပြပါတယ်။။

မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ အသင်းကို ရောက်ရှိတာ ၆ လတောင် မပြည့်သေးတဲ့ ကွင်းလယ်လူ နီကို ဂွန်ဇာလက်ဇ်နဲ့ လက်တွဲဖြုတ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကစားသမား ကတော့ မန်စီးတီး အတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားထားရပေမယ့် ပပ် ဂွါဒီယိုလာက ခြေစွမ်းပိုင်းအရ သဘောမကျ ဖြစ်နေသလို တခြားသော ကွင်းလယ် ကစားသမားတွေ ထပ်မံ ရောက်ရှိလာတာကြောင့်လည်း မန်စီးတီးမှာ နီကို ဂွန်ဇာလက်ဇ်ရဲ့ အနာဂတ်တွေ မသေချာတော့ကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

သောမတ်စ် ဖရန့်ခ် ကတော့ ဒီနွေရာသီတွင် တန်းဆင်းသွားတဲ့ ဆောက်သမ်တန် အသင်းရဲ့ နောက်ခံလူ ကိုင်လ် ဝေါလ်ကာ ပီတာစ်ကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါး တာဝန်ရှိသူတွေကို တွန်းအားပေးဖွယ် ရှိကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ စပါး အနေနဲ့ ခရစ္စတယ်ပဲလေ့စ်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်း တို့နဲ့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်