ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အက်စတွန်ဗီလာ ဂိုးသမား အမ်မီ မာတီနက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့ အဓိက ဂိုးသမား အန်ဒရေ အိုနာနာ ဒဏ်ရာကြောင့် အနားယူရတော့မယ့် အချိန်မှာ ဂိုးသမား တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာတာ ဖြစ်ပြီး အခုတော့ မာတီနက်ဇ်နဲ့ သတင်းတွေ ပြန်လည် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အခုလ အစောပိုင်းမှာ မာတီနက်ဇ်ဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်တာကြောင့် မန်ချက်စတာယူနိုက်တက်ထံ ကိုယ်တိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့တောင် သိရပါတယ်။ သတင်းတွေအရ ဆိုရင် မာတီနက်ဇ်ဟာ နည်းပြ ရူဘင် အမော်ရင်ထံ တိုက်ရိုက် ဆက်သွယ် ကမ်းလှမ်းခဲ့ပြီးတော့ အသင်းပြောင်းရွှေ့ဖို့ မေးမြန်းခဲ့ကြောင်း သိရပါတယ်။ မာတီနက်ဇ်ဟာ အက်စတွန်ဗီလာနဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေတာကြောင့် အကယ်၍ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမယ် ဆိုရင်တော့ ယူနိုက်တက် အတွက် အနည်းငယ် အခက်အခဲ ရှိနေနိုင်ပါတယ်။ မာတီနက်ဇ်ဟာ လက်ရှိမှာ ဈေးကွက် တန်ကြေး ပေါင် ၂၁ သန်း ဝန်းကျင်သာ ရှိနေပေမယ့်လည်း အက်စတွန်ဗီလာ ဘက်ကတော့ ပေါင်သန်း ၄၀ ရရှိမှ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

အသက် ၃၂ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကလပ် အသင်း အတွက်ရော နိုင်ငံ လက်ရွေးစင် အသင်း အတွက်ပါ လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အာဂျင်တီးနားနဲ့ အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိခဲ့သလို တစ်ဦးချင်း အောင်မြင်မှုတွေလည်း ရရှိထားသူပါ။ ဒါကြောင့် မန်ချက်စတာယူနိုက်တက် နည်းပြ အမော်ရင်က လက်ရှိမှာ မာတီနက်ဇ်ကို ဦးစားပေး ပစ်မှတ် အဖြစ် ခေါ်ယူပေးဖို အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားခဲ့ပြီလို့လည်း သိရပါတယ်။ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်းမား ကိုလည်း စိတ်ဝင်စားခဲ့သေးပေမယ့် အီတလီသား အတွက် မြင့်မားတဲ့ ငွေကြေးတစ်ရပ် သုံးစွဲရနိုင်တာကြောင့် အသင်းကို လာချင်နေတဲ့ မာတီနက်ဇ် ဘက်ကိုပဲ မျှားဦးလှည့်သွားပုံ ရပါတယ်။
မန်ချက်စတာယူနိုက်တက် အနေနဲ့ လက်ရှိမှာ အသင်းရဲ့ ပထမ ဂိုးသမား ဖြစ်တဲ့ အန်ဒရေ အိုနာနာကို တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ် ကနေ ၈ ပတ် အထိ လက်လွှတ်ရမှာပါ။ ဗြိတိန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်ဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ အတွက် အက်စတွန်ဗီလာနဲ့ ဆွေးနွေးနေပေမယ့် သဘောတူညီမှုတော့ မရသေးကြောင်း သိရပါတယ်။ တစ်ဖက် မှာလည်း မာတီနက်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် အပြင် အက်တလက်တီကိုမက်ဒရစ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။အက်စတွန်ဗီလာ ကတော့ သူတို့ရဲ့ အဓိက ဂိုးသမားကို လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာတွေကို ဖြေရှင်းဖို့ မတတ်သာတဲ့ အဆုံး ရောင်းထုတ်ရဖွယ်လည်း ရှိနေပါတယ်။ လက်ရှိမှာ အက်စတွန်ဗီလာက ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ တရားမျှတမှု စည်းမျဉ်းတွေနဲ့ ညိစွန်းနေသလို ယူအီးအက်ဖ်အေ ကိုလည်း ဒဏ်ကြေးတွေ ဆောင်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် ကသာ အသေအချာ ကြိုးပမ်းလာရင်တော့ အက်စတွန်ဗီလာ အနေနဲ့ မာတီနက်ဇ်ကို ရောင်းထုတ်ရဖွယ်လည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.