နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ကိုတော့ လာမယ့် နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အိုဆင်မ်ဟန် ကတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် များစွာနဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပေမယ့် နောက်ဆုံး မှာတော့ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တူရကီ ထိပ်သီး ကလပ် ဂါလာတာဆာရေးမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ နာပိုလီ တိုက်စစ်မှူး အိုဆင်မ်ဟန်ကို ယခင် အပြောင်းအရွှေ့တွေ မှာ ကတည်းက စိတ်ဝင်စားခဲ့တာပါ။ အခုလို လာမယ့် နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ သတင်းက ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ဝမ်းသာစရာ ဖြစ်လာမှာပါ။
ယူနိုက်တက်ဟာ ဒီရာသီမှာ အဓိက ပြဿနာ တစ်ခုက တိုက်စစ်ပိုင်း ဖြစ်ပြီး ဂိုးသွင်းနှုန်း ကလည်း သိသိသာသာ ကျဆင်းနေတာ တွေ့ရပါတယ်။ ယူနိုက်တက်ဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ တိုက်စစ်ပိုင်းက သွင်းဂိုး ၃၈ ဂိုးသာ ရရှိထားပြီး ပေးဂိုး ကတော့ ၄၆ ဂိုး ရှိနေပါတယ်။ ဟွိုက်ဂျ်လန်း ဦးဆောင်နေတဲ့ တိုက်စစ်ပိုင်းက ဘယ်လိုမှ အားထားလို့ မရပဲ တခြားသော ကစားသမားတွေ ကလည်း ဒဏ်ရာကြောင့် အနားယူရတာကြောင့် လက်တလော မှာလည်း ရုန်းကန်နေရပါတယ်။

အသက် ၂၆ နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆင်မန် ကတော့ ဂါလာတာဆာရေးမှာ တစ်ရာသီ အငှားနဲ့ ကစားနေပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ကတော့ အီတလီ ပြင်ပ ကလပ်တွေ အတွက် ဆိုရင် ပေါင် ၆၃ သန်း သတ်မှတ်ထားပါတယ်။ အိုဆင်မ်ဟန် ကတော့ ဂါလာတာဆာရေးမှာ အငှားနဲ့ သွားရောက် ကစားနေသည့်တိုင်အောင် အထင်ကြီးစရာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားရာမှာ ဂိုး ၃၀ သွင်းပြီး ၆ ဂိုး ဖန်တီးပေးထားပါတယ်။
အိုဆင်မ်ဟန် ကိုတော့ အာဆင်နယ်၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာ တို့လို ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေပြီးတော့ လက်ရှိမှာတော့ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း အီတလီ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်ဟာ အိုဆင်မ်ဟန် အတွက် စာချုပ်လျော်ကြေး ပေါင် ၆၃ သန်း ကိုတော့ ပေးချေလိုခြင်း မရှိကြောင်း သိရပါတယ်။
နာပိုလီ ကတော့ အသင်းနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အိုဆင်မ်ဟန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုခြင်း မရှိတာကြောင့် လာမယ့် နွေရာသီမှာ မဖြစ်မနေ ရောင်းထုတ်လိုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က အိုဆင်မ်ဟန် အတွက် စာချုပ်လျော်ကြေးကို မပေးချေပဲ လျှော့စျေးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ထပ် ရွေးချယ်မှု တစ်ခု အနေနဲ့ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့လည်း ကြားသိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ဒိန်းမတ် တိုက်စစ်မှူး ဟွိုက်ဂျ်လန်း ကတော့ ဒီရာသီမှာ ရုန်းကန်နေရ ပြီးတော့ ပရီးမီးယားလိဂ် ၂၈ ပွဲ ကစားရာမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ပြီး ဝေဖန်ခံနေရပါတယ်။
မနေ့က ရတဲ့ သတင်းတွေ မှာတော့ ယူနိုက်တက်ဟာ အိုဆင်မ်ဟန် အပြင် ဝုဗ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အစ်ပ်ဆွစ်ချ်ရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး လီယမ် ဒီလက်ပ် ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.