ကိုဘီ မိန်းနူး ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒီအင်္ဂလန် ကွင်းလယ် ကစားသမား ကိုတော့ လက်ရှိမှာ လာလီဂါ ထိပ်သီး ကလပ် နှစ်ခု ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ကိုဘီ မိန်းနူးဟာ ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ် ၂ ပွဲမှာ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် မိန်းနူးဟာ နည်းပြ ရူဘင် အမော်ရင်ရဲ့ စိတ်ကြိုက် ကစားသမား မဟုတ်နေတာကြောင့် အနာဂတ် မှာလည်း ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန်ရဖွယ် ရှိနေပြီး အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။ The Guardian ရဲ့ ဖော်ပြချက်အရ မိန်းနူးဟာ နည်းပြ ရူဘင် အမော်ရင်ရဲ့ ချောင်ထိုးထားခြင်း ခံထားရပြီးနောက် စိတ်ပျက်နေကာ လာမယ့် တနင်္လာနေ့ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် အသင်း ကနေ ထွက်ခွာလိုနေကြောင်း သိရပါတယ်။
ဗြိတိန် မီဒီယာတွေ ကတော့ မိန်းနူးကို လာလီဂါ မက်ဒရစ် မြိုခံ အသင်းကြီး နှစ်သင်း အပြင် တခြား ပရီးမီးယားလိဂ် ကလပ် အများအပြား ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စပိန် ကလပ်တွေဟာ အင်္ဂလန်သားကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ကတော့ မိန်းနူးကို အငှားစာချုပ်နဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိသလို အလျင်စလို ရောင်းချမှာလည်း မဟုတ်ပါဘူး။ The Sun ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ မိန်းနူးကို ခေါ်ယူလိုတဲ့ အသင်းပေါင်း ၁၀ သင်းလောက် ရှိနေတယ်လို့ သိရပါတယ်။ မိန်းနူးကို ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ နာမည် အထွက်ဆုံး ကတော့ တော့တင်ဟမ်ဟော့စပါး၊ ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုးမား ကလည်း မိန်းနူးကို စိတ်ဝင်နေပြီး စီးရီးအေ ကလပ် အနေနဲ့ ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် မှာတော့ မိန်းနူးကို ပြောင်းလဲ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

လက်ရှိ နည်းပြ ရူဘင် အမော်ရင်ရဲ့ လူစာရင်းမှာ ဗဟိုကွင်းလယ် နေရာ အတွက် ရွေးချယ်စရာ ၄ ဦး အထိ ရှိနေတာကြောင့် ယူနိုက်တက် ဘက်က တန်ဖိုးကြီးမားတဲ့ အပြီးသတ် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု တစ်ခု မရမချင်း ဒီအပြောင်းအရွှေ့ကို ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း သိရပါတယ်။ တစ်ဖက် မှာလည်း ယူနိုက်တက်က အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင်မှာ ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့၊ ပဲလေ့စ်က အဒမ် ဝှာတန်နဲ့ စပို့တင်းလစ္စဘွန်းက မော်တန် ဂျူးလ်မန်းတို့ ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါကြောင့် အဲဒီအတွက် မိန်နူးကို ရောင်းထုတ်သွားဖွယ် ရှိကြောင်းလည်း ဗြိတိန် မီဒီယာ တချို့က ခန့်မှန်း ဖော်ပြလျက် ရှိပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ဂရင်းမ်စဘီတောင်းနဲ့ ခရာဘောင်ဖလား ဒုတိယ အဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ပြီး သာမန် ပွဲချိန် အတွင်း ၂-၂ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ ယူနိုက်တက်က ၁၂-၁၁ နဲ့ ရှုံးကာ ခရာဘောင်ဖလား ဒုတိယအဆင့် ကနေပဲ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ မိန်းနူးဟာ ဒီပွဲမှာ ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ဩဂုတ်လ ၃၀ ရက်နေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် ဘန်လေကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရဦးမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.