ဟယ်ရီကိန်းရဲ့ ခြေစွမ်းပြမှုနဲ့ နိုင်ပွဲပြန်ရခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး၊ ပွဲကစားချိန် ၄၃ မိနစ်သာ ရှိခဲ့တဲ့ အာဆင်နယ်နဲ့ ကာဆယ်ပွဲ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းရဲ့ ခြေစွမ်းပြမှုနဲ့ နိုင်ပွဲပြန်ရခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး
ပြီးခဲ့တဲ့ တပတ်က အိမ်ကွင်းမှာပဲ အက်စတွန်ဗီလာကို အရေးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲမှာတော့ အဝေးကွင်းမှာ ၀-၄ နဲ့ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပေမယ့် ဒုတိယပိုင်း ပြန်လည် စတင်ပြီး ၅ မိနစ် အတွင်းမှာပဲ ဟယ်ရီကိန်းက ၂ ဂိုး ဆက်တိုက် သွင်းယူကာ အသင်းကို ကယ်တင်ပေးခဲ့တာ ဖြစ်ပါတယ်။
ကျန်သွင်းဂိုးတွေ ကိုတော့ ဂိုးပေါက်ပျောက်နေတာ ကြာပြီ ဖြစ်တဲ့ ဆွန်ဟောင်မင်၊ နောက်ခံလူ ဒိုဟာတီ တို့က သွင်းယူပေးခဲ့ကြတာပါ။ ဒီနိုင်ပွဲက စပါး နည်းပြ အန်တိုနီယို ကွန်တီကို စိတ်သက်သာရာရစေခဲ့ပြီး အဆင့်လေးအတွင်း ဝင်ရောက်နိုင်ရေး မျှော်လင့်ချက်တွေလည်း ပြန်လည် ရှင်သန်လာခဲ့ကာ အသက်ရှူချောင်စေခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရမှတ် ၃၃ မှတ်နဲ့ ရပ်တည်နေပြီး အဆင့် ၄ နေရာနဲ့ ၂ မှတ်သာ ကွာဟပါတယ်။ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေခဲ့တာကြောင့် နည်းပြ ကွန်တီတောင် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပြီး အဆင့် ၇ အထိ ရတယ် ဆိုရင်တောင်မှ ဒါက ကောင်းမွန်မှု တခုပဲလို့ ပြောဆိုထားခဲ့ပြီး စပါးတို့ နိုင်ပွဲ ဆက်အောင်တော့ အားထုတ်ရဦးမှာ ဖြစ်ပါတယ်။
ပရီးမီးယားမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့တဲ့ အဲရစ်ဆန်ရဲ့ မှတ်တမ်း

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန် ကတော့ နှလုံးရောဂါကြောင့် ကွင်းအတွင်း လဲကျခဲ့ပြီး အင်တာမီလန်နဲ့ စာချုပ် ဖျက်သိမ်းခဲ့ရသူပါ။ ဒီနောက် သူက ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်နဲ့ လေ့ကျင့်ခန်း ဆင်းပြီးနောက် ၆ လ စာချုပ်ချုပ်ဆိုကာ ခြေစွမ်းပြသနိုင်ခဲ့ပြီးချိန်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်တဲ့ အထိ ဖြစ်လာခဲ့တာပါ။
မှတ်တမ်းတွေ အရ အဲရစ်ဆန်ဟာ ပရီးမီးယားလိဂ်ကို တကျော့ပြန် ရောက်ရှိလာချိန်က စလို့ ဖန်တီးမှု ၁၀ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး သူ့ထက် ပိုမို များပြားအောင် ဖန်တီးပေးနိုင်သူက နှစ်ဦးတည်းသာ ရှိခဲ့ပါတယ်။ အဲဒီသူတွေ ကတော့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းနား (၁၅ ကြိမ်)၊ စပါးတိုက်စစ် ကစားသမား ကူလူဆက်ဗ်စကီး (၁၂ ကြိမ်) တို့ ဖြစ်ပါတယ်။
အဲရစ်ဆန်က ဒီရာသီမှာလည်း ယူနိုက်တက် အတွက် ဖန်တီးမှု ၆ ကြိမ် အထိ ပြိုင်ပွဲစုံမှာ ပြုလုပ်ပေးထားပြီး ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် ဒိန်းမတ် ကွင်းလယ်လူက နှလုံးရောဂါကြောင့် အကန့်အသတ်နဲ့သာ ပွဲကစားခွင့် ရတော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့်လည်း ပွဲချိန် အများစုကို ကစားပေးနိုင်နေပြီး အရေးပါတဲ့သူ တစ်ဦး အဖြစ် ရှိနေတာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ နယူးကာဆယ်ပွဲမှာ ဘောလုံး ကစားချိန်က ၄၃ မိနစ်သာ ရှိခဲ့
အချက်အလက် မှတ်တမ်းတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်နဲ့ နယူးကာဆယ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အမှန်တကယ် ဘောလုံး ကစားခဲ့တဲ့ ပွဲကစားချိန်ဟာ ၄၃ မိနစ်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပွဲချိန်ထက်ဝက်တောင် ရှိခဲ့တာ မဟုတ်ဘဲ ပွဲချိန် အများစုကတော့ လေလွင့်မှုတွေနဲ့ ကုန်ဆုံးခဲ့ရပြီး ဆိုးရွားတဲ့ မှတ်တမ်း တစ်ခု ဖြစ်လာခဲ့ပါတယ်။
ပွဲကစားချိန်မှာ ၄၆ မိနစ်ကျော်ဟာ အကြောင်းအရင်း အမျိုးမျိုးကြောင့် ကုန်ဆုံးခဲ့ရပြီး ဒါဟာ အချိန်ဆွဲမှု၊ အချိန်ဆိုင်းမှု၊ ဟန်ဆောင် ဒဏ်ရာရရှိမှုတွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ကျင့်သုံးခဲ့တဲ့ နာကျင် အချိန်ပို မိနစ်ကို အများအပြား ပေးတဲ့ ပုံစံကို အသုံးပြုသင့်နေပြီလို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။
ကမ္ဘာ့ဖလား မှာတော့ လက်ပစ်ဘော အတွက် အချိန်ဆိုင်းတာ၊ ဒဏ်ရာရတယ် ဆိုပြီး အချိန်ဆွဲတာ၊ အခြားသော ကြန့်ကြာမှုတွေ အတွက် နာကျင်အချိန်ပို မိနစ်ကို ၁၀ မိနစ်ကျော် အထိ ပေးတာတွေ မြင်တွေ့ခဲ့ရတာပါ။ ဒါကြောင့် ပရိသတ်တွေက အလားတူ ပြုလုပ်ဖို့ မျှော်လင့်နေပြီး ဒီလိုမှသာ အချိန်ဆွဲ ကစားနေမှုတွေ နည်းပါးလာမယ် လို့လည်း ယူဆနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.