တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် ဘေယန်မြူးနစ်က ယာအို ပါလ်ဟင်ဟာကို ခေါ်ယူဖို့ စီစဥ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပရီးမီးယားလိဂ် ကလပ် စပါးဟာ ဒီနွေရာသီမှာ ကစားသမား တစ်ဦးသာ ခေါ်ယူထားရသေးပြီး အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေမှာ အနည်းငယ် လက်နှေးနေတဲ့ အသင်း ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ပြီးခဲ့တဲ့ ရာသီက တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တော်တော်လေး အခြေအနေ ဆိုးရွားခဲ့တာပါ။ ဒါပေမယ့်လည်း ယူရိုပါလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ စပါးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပြီး အသင်းကို ရာသီသစ် အတွက် မဖြစ်မနေ ပြင်ဆင် အားဖြည့်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ဒီလ အစောပိုင်းမှာ ဝက်စ်ဟမ်းက မိုဟာမက် ကူဒု့စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ တရားဝင် ခေါ်ယူခဲ့ပြီး ၆ နှစ် သက်တမ်း ရှိတဲ့ နှစ်ရှည် စာချုပ်ချုပ်ဆိုထားပါတယ်။

အဲဒီနောက် စပါးက နော့တင်ဟမ်ဖောရက်စ် ကွင်းလယ် တိုက်စစ် ကစားသမား မော်ဂန် ဂစ်ဘ်-ဝှိုက် ကိုပါ သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ထပ်မံ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရက်ပိုင်း အကြာမှာတော့ ဂစ်ဘ်ဝှိုက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖောရက်စ်နဲ့ စပါးကို တရားစွဲဆိုဖို့ စဉ်းစားခဲ့ပါတယ်။
အကြောင်းရင်း ကတော့ နော့တင်ဟမ်ဖောရက်စ်က စပါးရဲ့ ဂစ်ဘ်-ဝှိုက်ကို စာချုပ်လျော်ကြေး ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူတာဟာ စည်းမျဉ်း ချိုးဖောက်တာပဲလို ယုံကြည်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဂစ်ဘ်-ဝှိုက်ဟာ စပါးနဲ့ ဆေးစစ်မှု ခံယူခဲ့ကြောင်းလည်း ဗြိတိန် သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။ စပါးဟာ ဖောရက်စ်ရဲ့ ခွင့်ပြုချက်မပါပဲ ဂစ်ဘ်-ဝှိုက်နဲ့ ဆွေးနွေးခဲ့တယ်လို သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအရ ဆိုရင် စာချုပ်သက်တမ်း ရှိနေတဲ့ ကစားသမား တစ်ဦးဟာ မိခင် ကလပ်ရဲ့ ခွင့်ပြုချက် မပါပဲ တခြား အသင်းနဲ့ ဆွေးနွေးခွင့် မရှိကြောင်း သိရပါတယ်။
လက်ရှိမှာတော့ စပါးက ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ အသက် ၃၀ အရွယ် ပေါ်တူဂီ ကွင်းလယ် ကစားသမား ယာအို ပါလ်ဟင်ဟာကို ခေါ်ယူဖို့ စဉ်းစားလာခဲ့ပြီ ဖြစ်ပါတယ်။ ပါလ်ဟင်ဟာ ကတော့ ဘေယန်မြူးနစ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံမှာ ၂၅ ပွဲသာ ကစားခွင့်ရထားခဲ့ပါတယ်။ ဒါကြောင့် ပါလ်ဟင်ဟာက ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ စီစဥ်နေပြီးတော့ ပရီးမီးယားလိဂ် ထိပ်သီး စပါး ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ပါလ်ဟင်ဟာ ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နွေရာသီကမှ ဖူလ်ဟမ် ကနေ ဘေယန်မြူးနစ်ကို ယူရို သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေယန်မြူးနစ်က ပါလ်ဟင်ဟာကို အသင်းမှာ နေရာ မပေးနိုင်တာကြောင့် ဒီနွေရာသီမှာပဲ ယူရို သန်း ၃၀ နဲ့ ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ စပါး ကတော့ ပါလ်ဟင်ဟာကို ခေါ်ယူဖို့ အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးနေပြီး လာမယ့် ရက်ပိုင်း အတွင်း တရားဝင် ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.