အက်စတွန်ဗီလာ – မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် အက်စတွန်ဗီလာနဲ့ မန်ချက်စတာစီးတီးတို့ ဗီလာပါ့ခ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လက်ရှိမှာ ပုံစံကောင်း ပြန်ရနေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်တာကြောင့်လည်း လက်လွှတ်မခံသင့်တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ ကတော့ ရာသီအစက ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ စက်တင်လာလကုန်ခါနီးမှာ တောက်လျောက် နိုင်ပွဲတွေ ပြန်လည် ရှာတွေ့ခဲ့ပါတယ်။ ဒီကြားရက်မှာ ကစားတဲ့ ဥရောပ ပွဲစဉ်မှာ နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့တာ ဖြစ်ပြီး အခုလည်း မန်စီးတီးနဲ့ တွေ့ဆုံနေလို့ သေချာပေါက်တော့ ခက်ခဲဦးမှာပါ။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရှိနေတဲ့ ဗီလာက နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းက ဂိုးအဟက်ဒ် အီးဂဲလ်စ်တွေကို ရှုံးခဲ့တယ် ဆိုပေမယ့် ခြေစွမ်းအရတော့ ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ နောက်ပြီး ဗီလာက မန်စီးတီးကို ဗီလာပါ့ခ်မှာ ဧည့်ခံ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက် ရလဒ်ကောင်းထားတာ တွေ့ရပါတယ်။
မန်စီးတီး ကတော့ ပြီးခဲ့တဲ့ နှစ်နဲ့ မတူပဲ ဒီနှစ် မှာတော့ အရင်လို ပုံစံကောင်း တစ်ခု ပြန်ရနေပါပြီ။ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ စပါးနဲ့ ဘရိုက်တန်ကို ရှုံးပြီး ကတည်းက အခုချိန်ထိ ရှုံးပွဲ မရှိသေးပါဘူး။ ကြားမှာ အာဆင်နယ်နဲ့ သရေကျခဲ့တာက လွဲရင် ကျန်ပွဲအားလုံးကို အနိုင်ရထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်ရောက်နေတဲ့ မန်စီးတီးက အာဆင်နယ်နဲ့ ၃ မှတ်သာ ကွာဟနေပြီး ဆက်လက် ဖိအားပေးနိုင်ဖို့ အမှားခံလို့ မရသေးပါဘူး။ လက်ရှိမှာ တိုက်စစ်မှူး ဟာလန်း ကလည်း တော်တော်လေး ဂိုးမြူးနေပြီး အသင်း အတွက် ဂိုးတွေ ပုံမှန် သွင်းပေးနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ ပါအူ၊ ဒစ်ဂ်နီး၊ ကာမာရာ၊ အိုနာနာ၊ မယ်လန်၊ ရော်ဂျာစ်၊ မက်ဂင်းန်၊ ဝက်ကင်န်
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ စတုန်းစ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ နီကို၊ ချာကီ၊ ဖိုဒန်၊ ရိုင်ဒါးစ်၊ ဒိုကု၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ အက်စတွန်ဗီလာက ၄ ကြိမ်နိုင်၊ ၂ ကြိမ် သရေ၊ မန်စီးတီးက ၁၈ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်မှာ မန်စီးတီးက ၃ ကြိမ်နိုင်ပြီး ဗီလာက ၂ ကြိမ် နိုင်ပြီး သရေပွဲ မရှိတော့ပါဘူး။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် မှာတော့ ဗီလာက ၂ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၃.၈၃ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင်တော့ ၁.၈၁ ဆ၊ သရေ ဆိုရင်တော့ ၃.၄၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီး ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး ထူးခြားတာက ဂိုးပေါင်းက ပုံမှန်ကြေးမျိုးပေးထားတာပါ။ တိုက်စစ် ကစားပုံကောင်းနေတဲ့ နှစ်သင်း၊ ထိပ်တိုက် တွေ့ဆုံမှုတိုင်းမှာ အပြန်အလှန် သွင်းဂိုးတွေ ရတတ်ကြတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုမှာ ဂိုးပေါ်နိုင်ခြေက မြင့်မားလွန်းနေပါတယ်။ ဒါကြောင့် မန်စီးတီးနဲ့ အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်မိပါတယ်။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၂-၃ မန်ချက်စတာစီးတီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


