ချဲလ်ဆီး – ခရစ္စတယ်ပဲလေ့စ်
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာတော့ လန်ဒန် မြို့ခံ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးက လက်ရှိမှာ အကောင်းဆုံး ပုံစံ ရနေသလို ခရစ္စတယ်ပဲလေ့စ် ကလည်း ကွန်မြူနတီဒိုင်း ချန်ပီယံဆုနဲ့ အတူ ရာသီသစ်ကို ယုံကြည်မှု အပြည့်နဲ့ စတင်နိုင်ဖို့ ရှိနေလို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
ချဲလ်ဆီးက မှတ်မှတ်ရရ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ကို ရှုံးခဲ့တဲ့ ပွဲပြီး ကတည်းက တော်လျောက် ရလဒ်ကောင်းနေတာပါ။ ကလပ် ကမ္ဘာ့ဖလားမှာ ဖလာမင်ဂိုကို ရှုံးခဲ့တာက လွဲရင် ကျန်ပွဲအားလုံး အနိုင်ရထားပြီး ခြေစွမ်း ကလည်း အန်ဇို မာရက်စ်ကာ လက်ထက်မှာ တစ်ပွဲထက် တစ်ပွဲ ပိုတည်ငြိမ်လာတာ တွေ့ရပါတယ်။ အသင်းမှာ ရှိတဲ့ ကစားသမားတွေရော အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေပါ ခြေစွမ်းပြနေပြီး တိုက်စစ် ကလည်း ဂိုးမြူးနေပါတယ်။ နောက်ပြီး ချဲလ်ဆီးက စတန်းဖို့ဒ်ဘရစ်ချ်မှာ ပဲလေ့စ်ကို နောက်ဆုံး ၉ ပွဲဆက် မရှုံးထားတဲ့ အစဉ်အလာကောင်းလည်း ရှိထားပါတယ်။
ပဲလေ့စ် ကတော့ အိုလီဗာ ဂလက်စ်နာ လက်ထက်မှာ တော်တော်လေး တိုးတက်လာတဲ့ အသင်းလို့ ပြောရပါမယ်။ နောက်ဆုံး ၃ လ အတွင်းမှာ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ယူပြခဲ့ပြီး ပြိုင်ဘက်တွေ သတိထားရမယ့် အသင်း အဖြစ် တည်ဆောက်ထားနိုင်ပါတယ်။ နောက်ပြီး ပဲလေ့စ်ရဲ့ ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင် ရာသီကြို ခြေစမ်းပွဲတွေမှာ ရလဒ်တွေ ကောင်းခဲ့ပါတယ်။ လူစာရင်း အရ ကြည့်မယ် ဆိုရင် ပဲလေ့စ်က ဒီနွေမှာ ကစားသမား အထွက် သိပ်မရှိပဲ ဆိုဆာ၊ ဘင်နီတက်ဇ် တို့ နှစ်ဦးကိုပဲ ခေါ်ယူ အားဖြည့်ထားတာ တွေ့ရပါတယ်။ သေချာတာ ကတော့ ပဲလေ့စ်ဟာ အရင်နဲ့ မတူပဲ ဒီတစ်ကြိမ် မှာတော့ ချဲလ်ဆီးကို ကျိန်းသေပေါက် ဒုက္ခပေးနိုင်မယ့် အစုအဖွဲ့မျိုး ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ချဲလ်ဆီး ဘက်က ဘာဒီယာရှီးလ်၊ ကိုးလ်ဝဲလ်၊ လာဗီယာ၊ ဂျက်ဆန် တို့ ပါဝင်မှာ မဟုတ်ပဲ ဖိုဖာနာနဲ့ ကယ်လီမန်း ကတော့ လွဲချော်ဖွယ် ရှိနေပါတယ်။
ပဲလေ့စ် ဘက်မှာတော့ ရိတ်ဒ်၊ ကာပေါ်ဟာ၊ ဒူကိုရေး၊ အန်ကတ်တီးယား၊ ဖရန်ကာနဲ့ ကာမာဒါ တို့ လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ တိုဆင်၊ ချာလိုဘာ့၊ ကူကာရယ်လာ၊ အန်ဇို၊ ကိုင်စီဒို၊ နီတို၊ ပါးလ်မား၊ ဂစ်တန်စ်၊ ယာအို ပက်ဒရစ်
ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆန်၊ ရစ်ချက်ဒ်၊ လာခွာ၊ ဂူဟီ၊ မူနော့ဇ်၊ ဝှာတန်၊ ဟူ့ဂျ်၊ မစ်ချဲလ်၊ ဆား၊ မက်တေးတား၊ အီးဇီး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက အကြိမ် ၂၀ နိုင်ပြီး ၂ ကြိမ် သရေကျကာ ပဲလေ့စ် ကတော့ ၄ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ချဲလ်ဆီးက ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ပြီး ပဲလေ့စ်က ချဲလ်ဆီးကို အဝေးကွင်းမှာ အသာမရခဲ့တာ တော်တော်လေး ကြာနေခဲ့ပါပြီ။ နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ချဲလ်ဆီးက ၅ ပွဲစလုံး အနိုင်ရထားပြီး ပဲလေ့စ် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး နိုင်ရင် ၁.၆၀ ဆ နီးပါး ရမှာ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ် နိုင်ရင်တော့ ၄.၅၈ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၈၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ချဲလ်ဆီးက တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ၊ တစ်လုံး တစ်ဝက်ရှုံးကြေးတွေ ဖွင့်ပေးထားပါတယ်။ ဂိုးပေါင်း ကလည်း ဂိုးပေါ်သမားတွေ အတွက် ၃ လုံး ဆိုရင် အပြည့် ပျော်ရမယ့် ကြေးမျိုးပေးထားပါတယ်။ အစဉ်အလာအရပဲလား ဘာကြောင့်လဲတော့ မသိ၊ ချဲလ်ဆီး ဘက်က ဒီလောက်အထိ ကြေးဖွင့်ထားတာ နည်းနည်းတော့ များတယ် ထင်ပါတယ်။ ပဲလေ့စ်က အရင် ပဲလေ့စ် မဟုတ်နေတာကို သတိပြုရပါမယ်။ ဂလက်စ်နာ လက်ထက်မှာ ပဲလေ့စ်က ပွဲချဉ်းကပ်ပုံ အားကောင်းလာပြီး သွင်းဂိုးတွေ ဘယ်လို ရှာဖွေရမယ် ဆိုတာ သိနေတဲ့ အသင်းပါ။ ချဲလ်ဆီး နိုင်ရင်တောင် ခက်ခက်ခဲခဲ ကစားပြီးမှ ၁ ဂိုးလောက်နဲ့ ကပ်နိုင်မယ့် ပွဲမျိုး ဖြစ်ပါတယ်။
ခန့်မှန်းရလဒ်
ချဲလ်ဆီး ၂-၁ ခရစ္စတယ်ပဲလေ့စ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.