ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ်နေပြီလို့ သိရပါတယ်။ ဖလော်ရီယန် ဝစ်ဇ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲထားပြီး ဖြစ်တဲ့ လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာပဲ အိဆက်ခ်ကို ခေါ်ယူလိုကြောင်း နယူးကာဆယ်ထံ တရားဝင် ဆက်သွယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ တရားဝင် ကမ်းလှမ်းထားခြင်း မရှိသေးပေမယ့် အိဆက်ခ် အတွက် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် သန်း ၁၃၀ အထိ ပေးချေဖို့ အဆင်သင့် ရှိနေကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် ကတော့ အသင်းနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေတဲ့ အဓိက တိုက်စစ်မှူး အိဆက်ခ်ကို ရောင်းချလိုခြင်း မရှိကြောင်း အစောပိုင်း ကတည်းက ပြောကြားထားပါတယ်။
အိဆက်ခ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ ရီးရဲလ် ဆိုစီဒက် ကနေ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ကို ပေါင် ၆၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ၂၇ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ လူးဝစ္စ ဒီးယက်ဇ်နဲ့ ဒါဝင် နူညက်ဇ် တိုရဲ့ နေရာမှာ အိဆက်ခ်နဲ့ အစားထိုးချင်နေတာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင်တော့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ပြောင်းလဲ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
တစ်ခုရှိတာက ဖရန့်ဖတ် တိုက်စစ်မှူးကို နယူးကာဆယ် ကလည်း ခေါ်ယူချင်နေတာ ဖြစ်လို့ အိဆက်ခ်၊ အစ်ကီတီကီ၊ နယူးကာဆယ်နဲ့ လစ်ဗာပူးလ်တို့ အကြားမှာ ဒီအပြောင်းအရွှေ့က ဆက်စပ်မှုတွေ ရှိနေပါတယ်။ အကယ်၍ နယူးကာဆယ်သာ အစ်ကီတီကီကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ အိဆက်ခ် အတွက် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ကလည်း ပေါင်သန်း ၁၀၀ ဝန်းကျင် ထပ်မံ သုံးစွဲဦးမယ် ဆိုရင်တော့ အိဆက်ခ် သို့မဟုတ် အစ်ကီတီကီ နှစ်ဦးထဲက တစ်ဦးကို ကျိန်းသေပေါက် ခေါ်ယူနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

အီကီတီကီ ကတော့ ပြီးခဲ့တဲ့ ရာသီက ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းကာ ၁၂ ဂိုး ဖန်တီးပေးခဲ့သလို အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် ကူညီပေးခဲ့ပါတယ်။ သူ့ကိုတော့ ဒီနွေရာသီမှာ လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် အပါအဝင် ကလပ် အသင်း များစွာက စိတ်ဝင်စားခဲ့ကြပေမယ့် နယူးကာဆယ် ကတော့ သူ့ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ နယူးကာဆယ်ဟာ ကော်လမ် ဝီလ်ဆင်နဲ့ လမ်းခွဲအပြီးမှာ တိုက်စစ်ပိုင်း အတွက် ကစားသမား တစ်ဦး ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတာပါ။ ငှက်ကြားတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ နော့တင်ဟမ်ဖောရက်စ် တောင်ပံ ကစားသမား အန်တိုနီ အီလန်ဂါကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူထားခဲ့ပြီးတော့ လက်ရှိမှာ အစ်ကီတီကီကို ထပ်မံ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
Sky Sports ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဂျာမနီမှာ အစ်ကီတီကီ အတွက် ဖရန့်ဖတ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိမှာလည်း နောက်ထပ် ဆွေးနွေးမှုတွေနဲ့ အတူ အပြောင်းအရွှေ့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ အသက် ၂၃ နှစ် အရွယ် အစ်ကီတီကီ ကတော့ ဖရန့်ဖတ်နဲ့ ယူရို သန်း ၁၀၀ တန် စာချုပ်ဖျက်သိမ်းကြေး ရှိနေပြီးတော့ ၂၀၂၉ ဇွန်လ အထိ စာချုပ် သက်တမ်း ကျန်ရှိနေပါတယ်။
ဒီလို အခြေအနေတွေကြောင့် နယူးကာဆယ်တို့ ဖရန့်ဖတ်နဲ့ ညှိနှိုင်းရာမှာ အနည်းငယ် အခက်အခဲ ရှိနိုင်ပြီးတော့ ဘယ်လိုမျိုး သဘောတူညီချက် ရရှိအောင် ကြိုးပမ်းမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ နယူးကာဆယ် အနေနဲ့ အိဆက်ခ်ကို လက်မလွှတ်ပဲ အစ်ကီတီကီကို ခေါ်ယူမယ် ဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည် တည်တံ့မှုဆိုင်ရာ စည်းမျဉ်းတွေ (PSR) နဲ့ ညိစွန်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အက်ဒီ ဟောင်းဝ် ကတော့ တိုက်စစ်မှူး နှစ်ဦးစလုံးကို အသင်းမှာ တွဲဖက် ကစားစေချင်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.