မနေ့ညကပဲ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ရေးဆွဲမှု ထွက်ပေါ်လာပြီးနောက် စူပါကွန်ပြူတာ ကတော့ ရာသီအကုန် ရပ်တည်မှု ဇယားကို ခန့်မှန်းလိုက်ပါတယ်။ စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ ဆိုရင်တော့ လစ်ဗာပူးလ် ကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် အောင်ပွဲခံသွားနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
အာနေး ဆလော့တ်ရဲ့ အသင်းဟာ ရမှတ် ၇၇ မှတ် နီးပါးနဲ့ ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းလိုက်ပြီး ဒါဟာ ပြီးခဲ့တဲ့ ရာသီကထက် ၇ မှတ် နီးပါး လျော့နည်းတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ် ကလည်း ချန်ပီယံ ဖြစ်မှာ မဟုတ်သေးပဲ ရမှတ် ၇၅ မှတ် ဝန်းကျင်နဲ့ ဒုတိယလူ ထပ်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ BETSiE လို့ ခေါ်တဲ့ စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်ဟာ အာဆင်နယ် ပရိသတ်တွေ အတွက် ဒေါသ ဖြစ်စရာ ဖြစ်ပေမယ့် တစ်ဖက်က ပြန်ကြည့်မယ် ဆိုရင်တော့ ဂန်းနားတို့ နောက်ထပ် တစ်ရာသီ အင်္ဂလန်ရဲ့ ထိပ်တန်း အဆင့် တစ်ခုမှာ ရှိနေဦးမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။
စူပါကွန်ပြူတာရဲ့ ဆက်လက် တွက်ချက်မှုအရ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးက အာဆင်နယ်နဲ့ တစ်မှတ်နီးပါး အကွာနဲ့ အဆင့် ၃ ရမယ်လို့ ခန့်မှန်းခဲ့ပြီး ချဲလ်ဆီး ကတော့ ၆၉ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ရာသီက အဆင့် ရပ်တည်ချက် အတိုင်း ချဲလ်ဆီးရဲ့ နောက်မှာ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာ တို့ ရပ်တည်မယ်လို့ ခန့်မှန်ထားပါတယ်။

ထူးခြားတာက အဆင့် ၇ နေရာကို မနှစ်က အဆင့် ၁၇ နေရာမှာ ရပ်တည်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးတို့ တက်လှမ်းလာမယ်လို့ ခန့်မှန်းထားပြီး မနှစ်က အဆင့် ၇ ရခဲ့တဲ့ ဖောရက်စ် ကတော့ အဆင့် ၁၂ နေရာ အထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားတာပါ။ နောက်ထပ် ခန့်မှန်းချက် တစ်ခုက မနှစ်က အဆင့် ၁၅ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ကတော့ အဆင့် ၉ နေရာ အထိ ပြန်လည် တက်လှမ်းလာနိုင်မယ်လို့ ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ၃၈ ပွဲ ကစားရာမှာ ၄၂ မှတ်သာ ရရှိခဲ့ပေမယ့် လာမယ့် ရာသီ မှာတော့ ၅၄ မှတ် ဝန်းကျင် ရရှိနိုင်မယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ ဒီခန့်မှန်းချက်ဟာ ယူနိုက်တက် အတွက် မနှစ်ကထက် စာရင် မဆိုးလှပေမယ့် ပရိသတ်တွေ အတွက်တော့ ကျေနပ်စရာ ဖြစ်မယ် မထင်ပါဘူး။ ယူနိုက်တက်ရဲ့ အထက် အဆင့် ၈ နေရာမှာတော့ ဘုန်းမောက် ရှိနေမယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထားပါသေးတယ်။
အဲဒီနောက် ယူနိုက်တက်ရဲ့ နောက်မှာတော့ ပဲလေ့စ်၊ ဘရိုက်တန်၊ ဖောရက်စ်၊ ဘရန့်ဖို့ဒ်၊ ဖူလ်ဟမ်၊ အဲဗာတန်၊ ဝက်စ်ဟမ်း၊ ဝုဗ် တို့က ရပ်တည်လိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် စူပါကွန်ပြူတာက ဒီရာသီမှ တန်းတက်လာတဲ့ လိဒ်စ်ယူနိုက်တက်၊ ဘန်လေနဲ့ ဆန်းဒါးလန်း တို့ကလည်း ယခင်နှစ်တွေက တန်းတက်လာတဲ့ အသင်းတွေ အတိုင်း တစ်ရာသီ အကြာမှာပဲ တန်းပြန်ဆင်းသွားမှာ ဖြစ်ကြောင်း ခန့်မှန်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီ ၃ သင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားတဲ့ အသင်းတွေထက် ပိုများတဲ့ ရမှတ် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါက BETSiE လို့ ခေါ်တဲ့ စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက် ဖြစ်ပြီး တခြားသော စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက် မှာတော့ လစ်ဗာပူးလ် ချန်ပီယံ ထပ်ဖြစ်ပေမယ့် အာဆင်နယ်က အဆင့် ၃၊ ချဲလ်ဆီးက အဆင့် ၆၊ ယူနိုက်တက်က အဆင့် ၁၄၊ စပါးက အဆင့် ၁၅ တို့မှာသာ ရပ်တည်နိုင်မယ် ဆိုပြီး ခန့်မှန်းထားတာတွေ ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.