နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီး ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိတဲ့ စတုန်းစ် | ပရီးမီးယားလိဂ်

အင်္ဂလန် နောက်ခံလူ ဂျွန်စတုန်းစ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ ဆက်နေလိုတဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ ဒီနွေရာသီမှာ မန်စီးတီး ကနေ ထွက်ခွာနိုင်ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီးတော့ အခုလို ပြောကြားလိုက်ခြင်း အားဖြင့် ကောလာဟလတွေကို ရပ်တန့်လိုက်တာလည်း ဖြစ်ပါတယ်။

စတုန်းစ်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွင်း ဒဏ်ရာကြောင့် အချိန်တော်တော်များများ အနားယူနေခဲ့ရပြီးတော့ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပွဲ ၂၀ သာ ပါဝင် ကစားနိုင်ခဲ့တာပါ။ ဒါ့အပြင် ဂျွန်စတုန်းစ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်းက စပြီး လက်ရှိ အချိန်ထိ ပပ် ဂွါဒီယိုလာရဲ့ လူစာရင်းမှာ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ အင်္ဂလန် နောက်ခံလူဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် မန်စီးတီးရဲ့ လူစာရင်းမှာ ပါဝင်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း အနားယူနေရတာပါ။ ဒါ့အပြင် စတုန်းစ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကလည်း ပရီးမီးယားလိဂ် ၁၂ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခဲ့ရပြီး ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေခဲ့တာပါ။ ဒါကြောင့် ဂျွန် စတုန်းစ်ဟာ ဒီနွေရာသီမှာ အသင်းဟောင်း အဲဗာတန်ကို ပြန်လည် ပြောင်းရွှေ့နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး တို့မှာ ဇန်နဝါရီမှာ ရောက်ရှိလာတဲ့ ဗစ်တာ ရိစ်နဲ့ အက်ဘ်ဒူကိုဒီယာ ကူဆာနော့ဗ် တို့ အပါဝင် ဗဟို နောက်ခံလူ စုစုပေါင်း ၇ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသင်းရဲ့ လူစာရင်းကို ချုံ့ချင်ကြောင်း ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့လကုန်မှာ အသက် ၃၁ နှစ် ပြည့်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ မန်စီးတီးမှာ စာချုပ် သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပေမယ့် မန်စီးတီးမှာ သူ့ရဲ့ နေရာ အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်တသတ်လို့ ဂျွန်စတုန်းစ်က “ကျွန်တော် ဒီမှာ ရှိနေပါတယ်။ ဒီမှာလည်း နေချင်ပါတယ်။ ကျွန်တော်က အသင်းကို ကူညီဖို့ ရောက်လာတာပါ။ ဘာတွေပြောနလဲ။ ဘယ်လိုတွေ ထင်ကြေးပေးနေကြလဲ မသိပါဘူး။ ဒါပေမယ့် အဲဒါတွေကို ရပ်တန့်ပစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စတုန်းစ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကလည်း ပရီးမီးယားလိဂ် ၁၂ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခဲ့ရပြီး ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေခဲ့တာပါ။
မန်စီးတီးမှာ သူ့ရဲ့ နေရာ အတွက် ဆက်လက် တိုက်ပွဲဝင်မယ့် ဂျွန် စတုန်းစ်

ဂျွန် စတုန်းစ်ဟာ လက်ရှိ မန်စီးတီး ယှဉ်ပြိုင်နေတဲ့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ အရန်ခုံ ထိုင်ခဲ့ရပြီးတော့ အဲလ်အင်နဲ့ ပွဲမှာ ပါဝင် ကစားခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် အရန်ခုံမှာပဲ ဆက်ရှိနေခဲ့ရပါတယ်။ ဆက်လက်ပြီး စတုန်းစ်က “ကျွန်တော် ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ရောက်နေပါပြီ။ ခံစားချက်တွေလည်း အရမ်းကောင်းမွန်နေပြီး ရှေ့ဆက်ဖို့ အတွက် စိတ်လှုပ်ရှားနေပါတယ်။

ဂျွန်စတုန်းစ်ဟာ ၂၀၁၆ ခုနှစ်မှာ အဲဗာတန် ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၂၇၇ ပွဲ ကစားကာ မန်စီးတီးရဲ့ အောင်မြင်မှုတွေ အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ စတုန်းစ်ဟာ စပိန်သား ကိုင်တွယ်ထားတဲ့ ၈ နှစ်တာ ကာလ အတွင်း ပွဲထွက် ကစားခွင့် အများဆုံး ရရှိထားတဲ့ ၈ ယောက်မြောက် ကစားသမားလည်း ဖြစ်ပါတယ်။ စတုန်းစ်ဟာ ကွင်းလယ် ခံစစ် နေရာမှာရော၊ ဗဟိုခံစစ် နေရာမှာပါ ကစားနိုင်သူ ဖြစ်တာကြောင့် ဂွါဒီယိုလာရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်ခဲ့သူပါ။

ဒါပေမယ့်လည်း ဂျွန်စတုန်းစ်ဟာ မနှစ်က ဒဏ်ရာပြဿနာတွေကြောင့် နောက်ခံလူ မန်ဝဲလ် အာကန်ဂျီ၊ နေသန် အေခီတို့ နည်းတူ မန်စီးတီးရဲ့ အဓိက ပွဲစဉ်တွေကိ လွဲချော်ခဲ့ရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့လည်း စတုန်းစ်က “ဒါဟာ ကျွန်တော့် အတွက် စိတ်ပျက်စရာပါ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီးပေးခဲ့တယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာအရ စိန်ခေါ်မှုတွေ များနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော့်မှာ နိမ့်ပါးတဲ့ အခြေအနေတွေ ရှိခဲ့တယ်။ ဒါပေမယ့် ပြန်လာဖို့ လိုအပ်ခဲ့သလို အဲဒီအရာတွေကို ကျော်ဖြတ်ပြီး ဆက်သွားတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ မမြင်ရပါဘူး။ အသင်း အတွက် ကျွန်တော့် အတွက် မန်နေဂျာ အတွက် သူတို့ အားလုံး အတွက် စိတ်ပျက်စရာပါပဲ။ သူတို့ကို ကူညီပေးဖို့ မတတ်နိုင်တဲ့ အခါမှာ အသင်းကို ဝန်းရံဖို့ နောက်ထပ် နည်းလမ်း တစ်ခု ထပ်ရှာရ မှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်