နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နော့ဝှစ်ချ်ကို ဂိုးမိုးရွာပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို အမှားအယွင်း မရှိ ရယူသွားတဲ့ စပါး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

နော့ဝှစ်ချ်စီးတီး ၀-၅ တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါး ကတော့ မြို့ခံပြိုင်ဘက် ဂန်းနားတို့ ဂိုးပြတ် အောင်ပွဲခံနေချိန် အားကျမခံ ပရီးမီးယားလိဂ် ကနေ တန်းဆင်းထားရတဲ့ နော့ဝှစ်ချ်စီးတီးကို ဂိုးမိုး ရွာပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို အရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ပွဲမှာ စပါး တိုက်စစ်မှူး ၃ ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ပြန်သလို ဆွန်ဟောင်မင် အနေနဲ့လည်း ၂၀၂၁-၂၀၂၂ ခုနှစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့ ပူးတွဲ ပိုင်ဆိုင်ခွင့်ရသွားခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

နော့ဝှစ်ချ်စီးတီး ကတော့ အဆင့် ၂၀ နေရာ ကနေ နောက်ဆုံး ၄ ရာသီ အတွင်း ၂ ကြိမ်မြောက် တန်းဆင်းခဲ့ရပြီး လာမယ့် ရာသီအကုန်မှာရော ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ် ဆီ ၃ ကြိမ်မြောက် တန်းပြန်တက်လာဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကနေ အကြိမ် အများဆုံး တန်းဆင်းထားရတဲ့ နော့ဝှစ်ချ်စီးတီး

ကွန်တီ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို အမှားအယွင်း မရှိ ရယူနိုင်ဖို့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး တန်းဆင်းပြီးသား ဖြစ်သလို ဒဏ်ရာရ ကစားသမား များနေတဲ့ နော့ဝှစ်ချ်စီးတီးကို အပြတ်အသတ် အသာရရေး ပြင်ဆင်လာခဲ့ပါတယ်။ နော့ဝှစ်ချ်စီးတီးရဲ့ ပွဲထွက်လူစာရင်းမှာ ပွတ်ကီ၊ မယ်လူ၊ ဒိုဝဲလ်၊ ရက်ရှီကာ၊ ဆိုရန်ဆန်၊ နော်မန်၊ ဘိုရမ်၊ ဟန်လီ၊ အာရွန်စ်၊ ဂီယန်နူးလစ်၊ ခရူးလ် တို့ပါဝင်ခဲ့ပြီး စပါး ဘက်မှာတော့ ကိန်း၊ ဆွန်၊ ကူလူဆက်ဗ်စကီး၊ ဘန်တန်ကာ၊ ဟွိုက်ဘက်ဂျ်၊ ဆက်ဆနွန်၊ အီမာဆင်၊ ဘန်ဒေးဗီးစ်၊ ဒိုင်ယာ၊ ဆန်းချက်ဇ်နဲ့ လိုရစ်တို့ ပွဲထွက်ခဲ့ပါတယ်။

စပါးတို့ ကစားသမား အင်အားအရရော ခြေစွမ်းပိုင်း အရပါ အပြတ်အသတ် အသာရနေခဲ့လို့ ပွဲက တစ်ဖက်သတ် ဆန်ခဲ့ပါတယ်။ ပွဲစပြီး ၁၅ မိနစ် အကြာမှာပဲ စပါးတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ကူလူဆက်ဗ်စကီးက သွင်းယူပေးခဲ့သလို ၃၂ မိနစ်မှာ နော့ဝှစ်ချ်စီးတီး ဂိုးသမားနဲ့ နောက်တန်းရဲ့ အမှားက တစ်ဆင့် ကိန်းက ခေါင်းတိုက်ပြီး ဒုတိယဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်း အပြီး မှာတော့ စပါးတို့ ၂-၀ ရလဒ်နဲ့ အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်း မှာလည်း ပွဲကို ဖိအား ကင်းကင်းနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ နော့ဝှစ်ချ်စီးတီး ကတော့ ခံစစ် ပိတ်ဆော့ခဲ့ပေမယ့် တစ်သင်းလုံး အချိတ်အဆက် မိလွန်းနေတဲ့ စပါး တို့ရဲ့ ပြုသမျှ နုခဲ့ရပြီး ဂိုးတွေ ထပ်ပေးခဲ့ရပါတယ်။ စပါးတို့ ဒုတိယပိုင်းမှာ ၃ ဂိုး ထပ်ရခဲ့ပြီး ၆၄ မိနစ်မှာ ကူလူဆက်ဗ်စကီး၊ မိနစ် ၇၀နဲ့ ၇၂ မိနစ် တို့မှာ ဆွန်ဟောင်မင်တို့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ၀-၅ ရလဒ်နဲ့ စပါးတို့ အနိုင်ရခဲ့ပြီး ၃ ရာသီ အကြာမှ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိခဲ့သလို ဆွန်ဟောင်မင် ကလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရရှိခဲ့တဲ့ ပထမဦးဆုံး အာရှသား ကစားသမား ဖြစ်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.50 @ 1.75
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲ ကတော့ ခန့်မှန်းထားတဲ့ အတိုင်း စပါးတို့ပဲ အနိုင်ရခဲ့ပေမယ့် ဒီလောက်အထိ ဂိုးပြတ်သွားမယ်လို့တော့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။ ဒီပွဲ မကန်ခင် ကတည်းက အာဆင်နယ်ထက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အလေးသာနေတဲ့ စပါးတို့ ပေါ့ပေါ့ဆဆ မကစားခဲ့သလို ဆွန်ဟောင်မင် ကလည်း သူ့ရဲ့ ငယ်ဘဝ အိမ်မက်ကို အသေအချာ အကောင်အထည် ဖော်သွားနိုင်ခဲ့ပါတယ်။ အသက် ၂၉ နှစ် အရွယ် တောင်ကိုရီးယား တိုက်စစ်မှူး အနေနဲ့ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ဘယ်အာရှသားမှ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ခြင်း မရှိတဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပြီး ကမ္ဘာကျော်လိဂ်မှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့လို့ အာရှတိုက်ရဲ့ ဂုဏ်ယူစရာ၊ စံနမူနာထားစရာ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဆွန်ဟာ တိုက်စစ်မှူးစစ်စစ် မဟုတ်ပေမယ့် ပင်နယ်တီ သွင်းဂိုး မပါပဲ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းမှာလည်း ပထမဦးဆုံး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

စပါး ပရိသတ်တွေ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာ အပြင် နောက်ထပ် ပျော်ရွှင်စရာ တစ်ခုက မြို့ခံပြိုင်ဘက်ကို အာဆင်နယ်ရဲ့ အထက်မှာ ပရီးမီးယားလိဂ် ၆ ရာသီ ဆက်တိုက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နော့ဝှစ်ချ်စီးတီး ကတော့ အဆင့် ၂၀ နေရာ ကနေ နောက်ဆုံး ၄ ရာသီ အတွင်း ၂ ကြိမ်မြောက် တန်းဆင်းခဲ့ရပြီး လာမယ့် ရာသီအကုန်မှာရော ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ် ဆီ ၃ ကြိမ်မြောက် တန်းပြန်တက်လာဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါး ကတော့ တောင်ကိုရီးယားနိုင်ငံမှာ နွေရာသီ ခြေစမ်းပွဲတွေ သွားရောက် ကစားဖို့ ရှိပြီး ကေလိဂ် All Star အသင်းရဲ့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်