နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခီယေဇာကို ခေါ်ယူချင်တဲ့ အသင်းထဲ ပါဝင်လာတဲ့ စပါး၊ လစ်ဗာပူးလ်မှာ လုပ်ခလစာ တိုးမြှင့် ရယူချင်နေတဲ့ ကိုနာတေး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ ပေါင် ၁၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် ဖက်ဒရစ်ကို ခီယေဇာလည်း ပါဝင်နေပါတယ်။ အီတလီ တောင်ပံ ကစားသမား ကတော့ လစ်ဗာပူးလ်မှာ ပုံမှန် ပွဲထွက်ခွင့်မရတာကြောင့် မပျော်ရွှင် ဖြစ်နေပြီး အသင်းပြောင်းချင်နေသူလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ စီးရီးအေ ကလပ်တွေ အပြင် အခု လက်ရှိမှာ စပါး ကလည်း စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ အသက် ၁၆ နှစ် အရွယ်နဲ့ ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားခွင့် ရရှိထားတဲ့ လက်စတာစီးတီး တိုက်စစ်မှူး ဂျက် အီဗန့်စ်ကို ယူရို ၁၅ သန်း (ပေါင် ၁၂.၇ သန်း)နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ 

မန်စီးတီးက စိတ်ဝင်စားတဲ့ နောက်ထပ် ဂိုးသမား ကတော့ တိုရီနိုက ဗန်ဂျာ မီလင် ကိုဗစ်-ဆာဗစ် ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီဂိုးသမားကို ယူနိုက်တက် ကလည်း အလိုရှိနေပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့တော့ ယူရိုသန်း ၂၀ (ပေါင် ၁၇ သန်း) ဝန်းကျင် အသုံးပြုရဖို့ ရှိနေပါတယ်။

မန်ချက်စတာစီးတီး ကတော့ လစ်ဗာပူးလ် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို အံ့အားသင့်ဖွယ် ကြားဖြတ် ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပပ် ဂွာဒီယိုလာရဲ့ အသင်းက အာနိုးလ် အတွက် ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းထားတဲ့ စာချုပ်ထက် ပိုပေးပြီး ခေါ်ယူချင်နေပေမယ့် အင်္ဂလန်သား ကတော့ လာလီဂါ ထိပ်သီး ကလပ် ဆီကိုသာ ပြောင်းရွှေ့ စဉ်းစားထားကြောင်း Defensa Central က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကတော့ ချဲလ်ဆီးနဲ့ အတူ ပြင်သစ် ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေးရဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
မန်စီးတီး၊ ချဲလ်ဆီး တို့ရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ကိုနာတေး

ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကတော့ ချဲလ်ဆီးနဲ့ အတူ ပြင်သစ် ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေးရဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။ ပြင်သစ်သားဟာ လစ်ဗာပူးလ်မှာ ထိပ်တန်း ဝင်ငွေ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာဖို့ ဆန္ဒရှိနေပြီးတော့ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမယ့် သူ့ရဲ့ စာချုပ်သက်တမ်းကို တိုးမြှင့်ဖို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။ 

လစ်ဗာပူးလ် ကတော့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မတိုင်ခင် နော့တင်ဟမ်ဖောရက်စ် ဗဟိုနောက်ခံလူ မူရီလိုကို ခြေရာခံနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့်နှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အတွက် ငွေကြေး အမြောက်အမြား သုံးပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ ရှိနေတာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ နယူးကာဆယ် ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့ဟာ နိစ် တိုက်စစ်မှူး အီဗန် ဂစ်ဆန်ကို စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ (ပေါင် ၄၂.၄ သန်း) နဲ့ ခေါ်ယူနိုင်မယ့် ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတိုဖာ ကွန်ကူကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အန်ကွန်ကူ ကလည်း ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့်မရတာကြောင့် မပျော်ရွှင် ဖြစ်နေပြီးတော့ ဥရောပထိပ်တန်း ကလပ် အသင်းကြီး တစ်ခုကို ပြောင်းရွှေ့ဖို့ စဉ်းစားနေသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်