ဟောင်ကောင်မှာ ကစားမယ့် ခြေစွမ်းပွဲ မတိုင်ခင် တော့တင်ဟမ်ဟော့စပါး နည်းပြ သောမက်စ် ဖရန့်ခ်က ခါးသီး မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ ပတ်သတ်လို့ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ ဒီကနေ့ ညနေမှာ ဟောင်ကောင်က Kai Tak Sports Park ကွင်းမှာ ခြေစမ်းကြမှာ ဖြစ်ပါတယ်။
ဒီပွဲစဉ် ကတော့ ပရီးမီးယားလိဂ် ခါးသီး မြိုခံ ပြိုင်ဘက် နှစ်သင်း အကြား ဗြိတိန် ပြင်ပမှာ ပထမဦးဆုံး အကြိမ် ကစားမယ့် ပွဲစဉ် ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး နည်းပြ ကတော့ မြောက်လန်ဒန်ဒါဘီ ရာသီကြို ခြေစမ်းပွဲဟာ ခြေစမ်းပွဲ သက်သက် မဟုတ်ပဲ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု တစ်ခု ဖြစ်လာလိမ့်မယ်လို့ သတိပေးစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ဒါဟာ ကျွန်တော် တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်တဲ့ အပြင် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ ကမ္ဘာ့ထိပ်တန်း အသင်းတွေထဲက တစ်သင်း ဖြစ်နေတယ် ဆိုတာ ကျွန်တော်တို့ ရိုးရိုးသားသား ဝန်ခံရမယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်လာမှာပါပဲ။ ဒါပေမယ့် ဒါက စမ်းသပ်မှု တစ်ခုထက် ပိုပါတယ်။ အာဆင်နယ်နဲ့ ပွဲက ခြေစမ်းပွဲသက်သက် မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ဘောလုံးအစဉ်အလာနဲ့ ပြိုင်ဆိုင်မှုတွေကို လုံးဝကွဲပြားတဲ့ နိုင်ငံ တစ်ခုဆီ ယူဆောင်လာဖို့ စိတ်ကူးကောင်း တစ်ခုပါပဲ။ လူတိုင်း ခံစားခွင့် ရမယ့် အခွင့်အရေး တစ်ခု ဖြစ်ပြီး ကျွန်တော်တို့ အတွက်ကတော့ ပြိုင်ဆိုင်မှု အဆင့်ကို ထပ်ပြီးတိုးမြင့်စေမယ့် စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။”
ဟောင်ကောင်မှာ ကစားရခြင်းနဲ့ ပတ်သတ်ပြီးတော့လည်း အာတေးတားက “လူပေါင်း ၅၀၀၀၀ ရှိတဲ့ မယုံနိုင်လောက်အောင် ကောင်းတဲ့ အားကစားကွင်းမှာ ကစားရတာ အရမ်း ကံကောင်းပါတယ်။ သေချာပေါက် အသံကျယ်လောင်နေပြီး စိတ်အားထက်သန်နေကြပါလိမ့်မယ်။ အလေးစားဆုံး အရာက ကျွန်တော် တို့ရဲ့ ထောက်ခံသူတွေပါ။ ဒီခရီးစဉ်မှာ အသင်းသားတွေကို မြင်တွေ့ခွင့်ရတဲ့ ပရိသတ်တွေ အတွက်လည်း ထိုက်တန်တယ်လို့ ခံစားရစေပါတယ်။” လို့ ဆိုပါတယ်။

လာမယ့်ရာသီ အတွက် သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း စပိန်သား နည်းပြက “အရင်ကထက် ပိုကောင်းအောင် လုပ်ဖို့ပါပဲ။ အဲဒါက ဘာကိုဆိုလိုလဲ ဆိုတာ အားလုံး သိမယ် ထင်ပါတယ်။ အခုလောလောဆယ် ကတော့ အသင်းကို ပြင်ဆင်နေတဲ့ အချိန်ပါ။ ဆိုလိုတာက အသင်းကို ကျွန်တော်တို့ ဘယ်လို တည်ဆောက်မလဲ၊ ပထမနေ့ အတွက် အသင်းက ယှဉ်ပြိုင်ဖို့ ဘယ်လိုမျိုး အဆင်သင့် ဖြစ်နေပြီလဲ ဆိုတာပါပဲ။ အခုချိန်ထိ ကျွန်တော်တို့ မြင်ရသမျှ အရာ အားလုံးက အကုန်ကောင်းမွန်နေပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။
အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ ခြေစမ်းပွဲ အဖြစ် ကစားကြမှာ ဖြစ်ပေမယ့် သေချာပေါက် တောင့်တင်းတဲ့ လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာကြဖို့တော့ ရှိနေပါတယ်။ လက်ရှိ နွေရာသီမှာ အာဆင်နယ်က ပိုကောင်းတဲ့ ကစားသမား အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားပြီး စပါး ကတော့ မိုဟာမက် ကူဒု့စ် တစ်ယောက်ကိုပဲ လောက်လောက်လားလား ခေါ်ယူ အားဖြည့်ထားရပါသေးတယ်။ အာဆင်နယ်က ဒီပွဲမတိုင်ခင် ခြေစမ်းပွဲ ၂ ပွဲ ကစားပြီး ၂ ပွဲစလုံး အနိုင်ရထားပေမယ့် စပါး ကတော့ ၁ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။ပ
ရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်သင်းရဲ့ အနီးစပ်ဆုံး ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင် အာဆင်နယ်က အသာရနေတာ တွေ့ရပါလိမ့်မယ်။ အာဆင်နယ်က စပါးကို နောက်ဆုံး ၆ ပွဲဆက် မရှုံးထားသလို ၅ ပွဲအထိ အနိုင်ရထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.