နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ် တိုက်စစ် အသင်းဖော်တွေ အနေနဲ့ ဘာကြောင့် အခြေကျဖို့ အချိန်လိုအပ်သလဲ ဆိုတာ ရှင်းပြခဲ့တဲ့ ဆာလာ | ပရီးမီးယားလိဂ်

လစ်ဗာပူးလ်ရဲ့ စီနီယာ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သတ်လို့ ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အတွက် ကစားသမား ၃ ဦးကို ပေါင်သန်း ၃၀၀ ကျော် သုံးစွဲကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီဂျစ် တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ ကတော့ အသစ် ရောက်ရှိလာတဲ့ တိုက်စစ် အသင်းဖော်တွေနဲ့ အသားကျအောင် အချိန်ယူရမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆာလာက “ဒါဝင် ဒါမှမဟုတ် ဒီးယက်ဇ် ဒါမှမဟုတ် ရှေ့တန်းမှာ တွဲကစားနေကျ ကစားသမားတွေ၊ ဒါမှမဟုတ် ဂျိုတာတို့ ဆိုရင် သူတို့နဲ့ ဘယ်နေရာက စတင်ရမလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူတို့ကို ဘယ်နေရာမှာ ရှာရမယ် ဆိုတာလည်း ကျွန်တော် သိပါတယ်။ သူတို့က ပွဲကို ကောင်းကောင်း ကစားနိုင်တာလည်း သိထားပါတယ်။ ဒါပေမယ့် ဟူဂို (အစ်ကီတီကီ) ကတော့ ကစားသမားသစ် အဖြစ်ပဲ ရှိပါသေးတယ်။ တစ်ခါတစ်ရံ ကွင်းထဲမှာ ကျွန်တော် ဘောလုံး လိုအပ်ပြီး တစ်ခါတစ်ရံ ကျွန်တော်တို့ နေရာလွတ်တွေ လိုအပ်ပါတယ်။ ဒါကို နားလည်အောင် ကျွန်တော်တို့ လေ့ကျင့်ရေး အစီအစဉ်တွေ၊ ဗီဒီယို မှတ်တမ်းတွေနဲ့ ဖြတ်သန်းဖို့ ကြိုးစားရမှာပါ။” လို့ ဆာလာက ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဒါဝင် နူညက်ဇ်ကို အဲလ်ဟီလာ၊ လူးဝစ္စ ဒီးယက်ဇ်ကို ဘေယန်မြူးနစ်ဆီ ရောင်းထုတ်ခဲ့ပါတယ်။ ပြန်လည် အစားထိုး ခေါ်ယူမှု အနေနဲ့တော့ လစ်ဗာပူးလ်က အလက်ဇန္တား အိဆက်ခ်၊ ဟူဂို အစ်ကီတီကီ၊ ဖလော်ရီယန် ဝစ်ဇ် စတဲ့ တိုက်စစ် ကစားသမားသစ်တွေ ခေါ်ယူထားခဲ့ပါတယ်။ လက်ရှိမှာ ကစားသမားသစ်တွေထဲက အစ်ကီတီကီက ၃ ဂိုး သွင်းထားပြီး၊ ဖလော်ရီယန် ဝစ်ဇ် ကတော့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားရပါတယ်။ ဒါ့အပြင် မိုဟာမက် ဆာလာ ကတော့ ၁ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။

လစ်ဗာပူးလ် ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားအပြီး ၃ ပွဲစလုံး အနိုင်ရကာ ရာနှုန်းပြည့် အနိုင်ရထားတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်နေပါတယ်။
ဒီရာသီမှာ သွင်းဂိုး ၁ ဂိုးသာ ရရှိထားသေးတဲ့ မိုဟာမက် ဆာလာ

ဒါ့အပြင် ဆာလာက လူငယ် တိုက်စစ်ကစားသမားလေး အန်ဂူမိုဟာနဲ့ ပတ်သတ်လို့လည်း အကြံပြုချက် တချို့ကို ပေးသွားခဲ့ပါသေးတယ်။ ဆာလာက “ဒါတော့ သူ့ရဲ့ ဘယ်လို အနာဂတ်မျိုးက စောင့်နေတာလဲပေါ့။ အခြေအနေတွေကို သူဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်တို့ ဘယ်လို အလုပ်လုပ်ကြမလဲ ဆိုတဲ့ အပေါ်လည်း မူတည်သေးတယ်။ ကျွန်တော်တို့ ကြိုးကြိုးစားစားနဲ့ နှိမ့်ချနေတတ်ဖို့ပဲ လိုပါတယ်။ သူက အရမ်းငယ်သေးလို့ နှိမ့်ချနေဖို့ လိုတယ်။ တချို့ကစားသမားတွေက အမြင့်ကို ခပ်စောစော ရောက်ပြီး စောစောစီးစီး ရုန်းကန်ရတော့မယ်လို့ သူ့ကို ပြောခဲ့တယ်။”

“ကျွန်တော် ကတော့ သူ့ကို အကောင်းဆုံး ဖြစ်စေချင်တယ်။ သူ့မှာ အစုအဖွဲ့ကောင်း တစ်ခု ရှိတယ်။ (သူ့ပတ်ဝန်းကျင်မှာ) ကျွန်တော် တို့က သူနဲ့ စကားပြောဖို့ အမြဲတမ်း ကြိုးစားတယ်။ မန်နေဂျာ (အာနေး ဆလော့တ်) ကလည်း သူ့ကို စကားပြောတယ်။ ဒါကြောင့် သူက နှိမ့်ချပြီး အလုပ်လုပ်ပြီး ဘယ်လိုတွေ ဖြစ်မလဲ ဆိုတာ ကြည့်တတ်ဖို့ပဲ လိုပါတယ်။” လို့ ဆာလာက ပြောကြားသွားခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားအပြီး ၃ ပွဲစလုံး အနိုင်ရကာ ရာနှုန်းပြည့် အနိုင်ရထားတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်နေပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ်တွေ အပြီး စက်တင်ဘာလ ၁၄ ရက်နေ့ မှာတော့ လစ်ဗာပူးလ်က ဘန်လေနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်