မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ကွင်းလယ်လူ ကိုဘီ မိန်းနူးကို ချီးကျူးခဲ့ပေမယ့်လည်း လာမယ့်ရာသီမှာ ပုံမှန် ပွဲထွက်ကစားခွင့်ရလိုရင်တော့ သူ့ရဲ့ ပွဲကစားချိန်ကို တိုးမြှင့်နိုင်ဖို့ လိုအပ်ကြောင်း သတိပေးလိုက်ပါတယ်။ မိန်းနူးဟာ ပရီးမီးယားလိဂ် ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့် နည်းပါးနေခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီက ဆိုရင် အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာဖွယ် ရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
အသက် ၂၀ နှစ်သာ ရှိသေးတဲ့ မိန်းနူးက နည်းပြ ရူဘင် အမော်ရင် လက်အောက်မှာ ၂၈ ပွဲ ကစားရာ ၁၅ ပွဲသာ ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ရပါတယ်။ မိန်းနူးက သူရဲ့ အဓိက နေရာ ဖြစ်တဲ့ ကွင်းလယ်မှာ ပိုမိုနက်ရှိုင်းစွာ ကစားနေရပေမယ့် မိနစ် အနည်းငယ်သာ ကစားခွင့်ရခဲ့ထားတာက စိတ်ပျက်စရာ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဆိုရင် အမော်ရင်ဟာ မိန်နူးကို တိုက်စစ်မှူး အဖြစ်ပါ ကစားစေခဲ့ပြီး အင်္ဂလန်သားကို ဘယ်နေရာမှာ ကစားစေရင် အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတာ စမ်းသပ်ခဲ့ပါတယ်။
လောလောဆယ်တော့ အသင်းကို မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမို တို့ ရောက်ရှိလာခဲ့တာကြောင့် မိန်းနူး အနေနဲ့ သူနှစ်သက်တဲ့ ဗဟို ကွင်းလယ်မှာ ဆက်လက် ကစားရဖို့ များနေပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိန်းနူး အနေနဲ့ ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန်လာမှသာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရှိကြောင်း အမော်ရင်က အသိပေးခဲ့တာ ဖြစ်ပါတယ်။
အမော်ရင်က “သူ့ရဲ့ ပြီးပြည့်စုံတဲ့ အနေအထားက ဘောလုံးနဲ့ အနီးဆုံးမှာ ရှိနေတဲ့ အချိန်ပါ။ သူဟာ ကြီးမားတဲ့ အရည်အချင်း ရှိပါတယ်။ သူမှာ အရည်အချင်း ကြီးကြီးမားမား ရှိတယ် ဆိုတာ ကျွန်တော့်ထက် ခင်ဗျားတို့ ပိုသိပါလိမ့်မယ်။ သူ့အနေနဲ့ စည်းချက် အရှိန်ကို တိုးမြှင့်နိုင်ဖို့တော့ လိုတယ်။ ကိုဘီနဲ့ ပတ်သတ်ရင် အမြဲတမ်း စဉ်းစားရတယ်။ ဘာလို့လဲ ဆိုတော့ သူက တချို့ အချိန်တွေမှာ အရမ်းကောင်းတယ်လေ။ ဒါပေမယ့် သူဟာ အခုထက်ပိုပြီး ကောင်းလာနိုင်ပါသေးတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး အမော်ရင်က “ကျွန်တော့်မှာ အစီအစဉ် ကြီးကြီးမားမား ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ။ တစ်ပတ်ကို တစ်ပွဲ ကစားပြီး ပြိုင်ပွဲက ကြီးမားလာတော့မှာပါ။ လူတိုင်းက တစ်ပွဲ ကစားဖို့ ဒါမှမဟုတ် ဂိမ်းအားလုံးကို ကစားဖို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ ရာသီရဲ့ အဓိက အချက်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
အမော်ရင် အနေနဲ့ သူ့ရဲ့ အသင်း ကွင်းလယ်ပိုင်း အတွက် အင်အား ပိုမို လိုအပ်ကြောင်း ပြောကြားခဲ့တာက ဒီတစ်ကြိမ်က ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ လိဒ်စ်ယူနိုက်တက်နဲ့ ခြေစမ်းပွဲမှာ သရေကျခဲ့ပြီးနောက် အမော်ရင်က ကွင်းလယ်ပိုင်းမှာ အားနည်းနေတာက သူ့ရဲ့ အသင်း အတွက် ရှေ့ဆက်ဖို့ ခက်ခဲစေကြောင်း အခိုင်အမာ ပြောဆိုခဲ့ဖူးပါသေးတယ်။
နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကတော့ လာမယ့် ရာသီ မှာလည်း သူ့ရဲ့ အဓိက အခင်းအကျင်း ဖြစ်တဲ့ ၃-၄-၃ ကို အခြေခံတဲ့ ကစားကွက်ကိုပဲ အသုံးပြုသွားဖို့ ရှိနေပါတယ်။ ဒါကြောင့် အမောရင် အနေနဲ့ အူဂါတေး၊ မိန်းနူး၊ ကိုလီယာ၊ မေဆန် မောင့်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ကက်စ်မဲရိုး တို့ကို ကွင်းလယ်ပိုင်း အတွက် ဘယ်လိုမျိုး အသုံးချသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီလို များပြားလှတဲ့ ရွေးချယ်မှုတွေ ရှိနေချိန်မှာ ကိုဘီ မိန်းနူးရဲ့ အနာဂတ်နဲ့ ပတ်သက်၍ ထင်ကြေးမှု များစွာလည်း ရှိနေပါတယ်။ ချဲလ်ဆီးဟာ မိန်းနူးကို ခေါ်ယူဖို့ ထိပ်ဆုံးက စိတ်ဝင်စားနေတဲ့ အသင်း ဖြစ်ပြီး တခြားသော ပရီးမီးယားလိဂ် ကလပ် တချို့ ကလည်း စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ဒါ့ပေမယ့်လည်း အင်္ဂလန်သားလေး ကတော့ လာမယ့် ၂၀၂၇ ခုနှစ် အထိ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။
ယူနိုက်တက် ကတော့ မိန်းနူးကို ပြီးခဲ့တဲ့ မတ်လ တုန်းက အသင်း ကနေ ရောင်းထုတ်ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ မိန်းနူးဟာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက်တော့ တစ်ပတ် လုပ်ခ လစာ ပေါင် ၁၅၀၀၀၀ အထိ တောင်းဆိုထားပြီး ဒီအချက်ကလည်း ယူနိုက်တက် အနေနဲ့ မိန်းနူးကို တခြားအသင်း တစ်သင်းထံ ရောင်းချဖို့ စဉ်းစားနေတာ ဖြစ်နိုင်ကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့တာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.