နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အကောင်းဆုံး ပုံစံ ပြန်ရဖို့ လအနည်းငယ် စောင့်ရဦးမယ်လို့ ဖွင့်ဟလာတဲ့ ရိုဒရီ | ပရီးမီးယားလိဂ်

မန်စီးတီး ကွင်းလယ် ကစားသမား ရိုဒရီ ကတော့ ဒဏ်ရာက ပြန်လည် သက်သာလာပြီးနောက် အကောင်းဆုံး ပုံစံ ပြန်လည် ရရှိဖို့ လအနည်းငယ် စောင့်ဆိုင်းရဦးမှာ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ ပွဲစဉ် အများစုကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။

စပိန် လက်ရွေးစင် ကစားသမားသည် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဆိုးရွားတဲ့ ACL ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီးနောက် ရာသီအကုန်မှာ ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲမှာ လူစားဝင် ကစားသမား အဖြစ် မျက်ခင်းစိမ်းပေါ် ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြံ့ခိုင်မှု ပြန်လည် ကောင်းမွန်လာချိန် ကနေ စပြီး အခုချိန်ထိ စုစုပေါင်း မိနစ် ၆၀ ကျော်သာ ကစားထားခဲ့ရသလို လက်ရှိ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စု ပွဲစဉ် ၂ ပွဲမှာလည်း အဓိက ပွဲထွက်ကစားသမား အဖြစ် ပါဝင်ရခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ရိုဒရီဟာ ကြံခိုင်မှု အကြောင်းပြချက်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား လက်ကျန် ပွဲစဉ်တွေကို ပါဝင်ကစားနိုင်တော့မှ မဟုတ်ကြောင်းလည်း သိရပါတယ်။

ဒီမတိုင်ခင် မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ဂျူဗင်တပ်စ်နဲ့ ကစားမယ့် အုပ်စု နောက်ဆုံးပွဲမှာ ရိုဒရီ အနေနဲ့ ၉လတာ ကာလ အတွင်း ပထမဦးဆုံး ပွဲထွက်ခွင့် ရရှိဖို့ ရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ၂၀၂၄ ဘယ်လွန်ဒေါဆုရှင်က သူ ဒဏ်ရာက ပြန်လည် သက်သာလာပြီးနောက် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း ချက်ချင်း ဆိုသလိုတော့ အကောင်းဆုံး ပြန်လာနိုင်ဦးမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရိုဒရီက “ရိုးရိုးသားသား ပြောရရင် ကျွန်တော် အရမ်းသန်မာနေတယ်လို့ ခံစားရပါတယ်။ လုပ်ငန်းစဉ်က ရှည်လျားတာကြောင့် အချိန်ယူခဲ့ရပါတယ်။ အရေးကြီးဆုံး ကတော့ အာရုံစူးစိုက်မှု ရှိပြီး ကြံ့ခိုင်နေဖို့ပါပဲ။ စိတ်မကောင်းတော့ မဖြစ်ပါနဲ့ ဘာပဲဖြစ်ဖြစ် တစ်နေ့တော့ ကျွန်တော် ပြန်လာမှာပါ။ အဲဒီနေ့ ကလည်း နောက်ဆုံးတော့ ရောက်လာပါပြီ။ ပြန်ကစားဖို့လည်း အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ရဲ့ အဆင့်ကို ပြန်ရောက်ဖို့ လတွေ ကြာဦးမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် အရမ်းပျော်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရိုဒရီဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ မန်စီးတီးကို ရောက်ရှိလာချိန် ကတည်းက ပရီးမီးယားလိဂ် ပွဲစဉ် ၅၃ ပွဲသာ လွဲချော်ခဲ့ပြီး အဲဒီ အထဲကမှ ၃၅ ပွဲဟာ ပြီးခဲ့တဲ့ ရာသီက လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးကို ရောက်ရှိလာချိန် ကတည်းက ပရီးမီးယားလိဂ် ပွဲစဉ် ၅၃ ပွဲသာ လွဲချော်ခဲ့တဲ့ ရိုဒရီ

မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ရိုဒရီ ချန်ထားခဲ့တဲ့ ကွက်လပ်ကို ဖြည့်ဖို့ ရုန်းကန်ခဲ့ရပြီး အသင်းလိုက် ကစားပုံမှာ တော်တော်လေး ဆိုးရွားခဲ့သလို ရလဒ်တွေလည်း တောက်လျောက် ကျဆင်းခဲ့ရပါတယ်။ ရိုဒရီဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ မန်စီးတီးကို ရောက်ရှိလာချိန် ကတည်းက ပရီးမီးယားလိဂ် ပွဲစဉ် ၅၃ ပွဲသာ လွဲချော်ခဲ့ပြီး အဲဒီ အထဲကမှ ၃၅ ပွဲဟာ ပြီးခဲ့တဲ့ ရာသီက လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းဟာ ရိုဒရီ ပါဝင်ချိန်မှာ ပျမ်းမျှ ရမှတ် ၂.၄ မှတ် ရှိခဲ့ပေမယ့် မပါဝင်ချိန်မှာတော့ ပျမ်းမျှ ၁.၈ မှတ်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရိုဒရီ မပါဝင်ချိန်မှာ မန်စီးတီးက နိုင်ပွဲ ရာခိုင်နှုန်း ၅၄.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း ရိုဒရီ ကတော့ သူမကစားနိုင်တဲ့ အချက် တစ်ခုတည်းနဲ့ မန်စီးတီးတို့ ပြီးခဲ့ရာသီက ရလဒ် ဆိုးရွားခဲ့တယ် ဆိုတာ ပြောလို့ မရကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။ ရိုဒရီက “ကောင်းပြီ၊ ဒါက အလွန် ရိုးရှင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှု တစ်ခုပါပဲ။ ကျွန်တော် အမြဲပြောခဲ့သလိုပါပဲ။ အရင်တုန်းက ကျွန်တော် တို့မှာ အရေးကြီးတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့် အသင်းက ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုတာ ရှင်းပါတယ်။”

“ကစားသမားတွေ ပျောက်ဆုံးနေတဲ့ အခါတိုင်း အသင်းက ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ရလဒ်တွေ အများကြီး မကွာသွားပေမယ့် အသင်းရဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ အခြေအနေတွေ ကတော့ ပြောင်းလဲသွားပါတယ်။”

“ကျွန်တော့်ရဲ့ တာဝန်က တစ်ဦးချင်း အဆင့်ကို ပြန်သွားနိုင်အောင် ကြိုးစားဖို့ ဖြစ်ပြီး အသင်း အဖွဲ့ အနေနဲ့ ကျွန်တော့် ဆီကနေ အကောင်းဆုံးတွေ ရယူနိုင်အောင်၊ အထူးသဖြင့် အခု ကျွန်တော် ပြသနိုင်တဲ့ ခေါင်းဆောင်မှုကို ပြန်လည် ရရှိဖို့ပါ။ အခု ကျွန်တော်ဟာ အသင်းခေါင်းဆောင် ၃ ဦးထဲက ၁ ဦး ဖြစ်နေပါပြီ။”

“အဓိက ကတော့ အောင်နိုင်သူ ဖြစ်တဲ့ ကျွန်တော်က အသင်းရဲ့ စိတ်ဓာတ်ကို မြှင့်တင်ချင်ပါတယ်။ နောက်ထပ် တစ်ကြိမ် ထပ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ရိုဒရီ ဒဏ်ရာရရှိသွားခြင်းနဲ့ အတူ သူတို့ရဲ့ ၅ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်ထိန်းဖို့ မျှော်လင့်ချက် ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာရဲ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်ခဲ့ရပြီး ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်