မန်ချက်စတာယူနိုက်တက် – ဘရိုက်တန်
စနေနေ့ည ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး တွေ့ဆုံမှု အဖြစ် ယူနိုက်တက်က ဘရိုက်တန်ကို အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နှစ်ပွဲဆက် နိုင်ထားတာကြောင့် စိတ်ဓာတ်ပိုင်းမှာ အမြင့်ဆုံး ရောက်နေတဲ့ ယူနိုက်တက်တို့ နောက်ပိုင်း တွေ့ဆုံမှု တော်တော်များများမှာ သူတို့ ဒူးထောက်ထားရတဲ့ ဘရိုက်တန်ကို ဒီတစ်ကြိမ်မှာ ပြန်လည် အသာရနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက် ကတော့ ရူဘင် အမော်ရင် လက်ထက်မှာ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ဖူးသွားပါပြီ။ သူတို့ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ မန်စီးတီးနဲ့ ဘရန့်ဖို့ဒ်ကို ရှုံးခဲ့ပေမယ့် ချဲလ်ဆီး၊ ဆန်းဒါးလန်း၊ လစ်ဗာပူးလ် တို့လို အသင်းတွေကို အနိုင်ရခဲ့တာ ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲတွေကြောင့်ပဲ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၉ နေရာ အထိ ပြန်ရောက်လာပြီး အဆင့် ၂ နေရာက မန်စီးတီးနဲ့တောင် ၂ မှတ်သာ ကွာပါတော့တယ်။
လက်ရှိ ခြေစွမ်းပိုင်းအရလည်း အမော်ရင်ရဲ့ အသင်းက အနည်းငယ် အားနည်းနေသေးတယ် ဆိုပေမယ့် အဘက်ဘက်မှာ တိုးတက်လာတာ တွေ့ရပါတယ်။ တိုက်စစ်ပိုင်းက သွင်းဂိုးတွေ ရှာတွေ့လာပြီး အမ်ဘူမို၊ ကူညာ၊ အာမက်ဒ်၊ ဒါးလော့တ် တို့ကလည်း လုပ်အားနှုန်းကောင်းကောင်းနဲ့ ယူနိုက်တက် အတွက် ရုန်းပေးနေပါတယ်။ ဂိုးသမားသစ် ဆန်နီ လမ်မန်စ် ကလည်း ယူနိုက်တက် ဂိုးပေါက် အတွက် စိတ်ချနေရလို့ အမော်ရင် အတွက် ခေါင်းအေးစရာ ဖြစ်လာရပါတယ်။ အဓိက ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြစ်ပြီး နိုင်ပွဲတွေ ခပ်စိပ်စိပ် ပြန်ရလာတဲ့နောက် ယူနိုက်တက်ရဲ့ နိုင်ပွဲ ဆာလောင်စိတ်ကိုလည်း ပြန်လည် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဖေဘီယန် ဟက်ဇီလာရဲ့ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက် မရှုံးထားသလို ပြိုင်ပွဲစုံ မှာတော့ ၅ ပွဲဆက် မရှုံးထားတာ တွေ့ရပါတယ်။ စပါးနဲ့ ဝုဗ်ကို သရေ ကစားပြီး ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့ကို အနိုင်ကစားထားတဲ့ ဇင်ယော်တွေရဲ့ ခြေစွမ်းကို လျှော့တွက်လို့ မရပါဘူး။ နောက်ပြီး ဘရိုက်တန်က ယူနိုက်တက်ကို နောက်ပိုင်း တွေ့ဆုံမှု အများစုမှာ အနိုင်ယူပြထားတဲ့ အသင်း ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဒီပွဲကိုတော့ ယူနိုက်တက် ဘက်က လီဆန်ဒရို မာတီနက်ဇ် တစ်ဦးတည်း လွဲချော်ဖို့ ရှိပြီး ကျန်အဓိက ကစးသမား အားလုံး ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။ ဘရိုက်တန် ဘက်မှာတော့ ဗဲလ်မန်း၊ မီတိုမာ တို့ ပါဝင်ကစားဖို့ မသေချာသေးပဲ ဝက်ဘ်စတား၊ ဟင်ရှဲလ်ဝုဒ်၊ ဂရူဒါ၊ မာ့ချ် တို့ကတော့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာယူနိုက်တက် – လမ်မန်စ်၊ ဒီလစ်ဂျ်၊ မက်ဂွိုင်းယား၊ ရှော၊ အာမက်ဒ်၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ဒါးလော့တ်၊ အမ်ဘူမို၊ ကူညာ၊ ဆက်စ်ကို
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဒန့်ခ်၊ ဗန် ဟက်ကီ၊ ကာဒီယိုဂလူ၊ ဘယ်လီဘာ့၊ အယာရီ၊ မင်တာ့ရ်၊ ရတ်တာ၊ ဒီကူ့ပါး၊ ဝဲလ်ဘက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၉ ကြိမ်မှာ ယူနိုက်တက်က ၁၀ ကြိမ်နိုင်၊ ဘရိုက်တန်က ၈ ကြိမ် နိုင်ပြီး ၁ ကြိမ်သာ သရေကျထားပါတယ်။ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၁၆ ကြိမ်မှာ ၈ ကြိမ်စီ အနိုင်ရထားကြပြီး ပြိုင်ပွဲစုံ တွေ့ဆုံမှု ၇ ကြိမ်မှာ ယူနိုက်တက်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ဘရိုက်တန်က ၆ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ်ဆက် ယူနိုက်တက်တို့ ဘရိုက်တန်ကို ရှုံးနိမ့်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၂.၀၁ ဆ၊ ဘရိုက်တန် နိုင်ရင် ၃.၁၅ ဆ၊ သရေ ဆိုရင်တော့ ၃.၄၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ယူနိုက်တက် ဘက်ကပဲ ခပ်ပါးပါး ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ ၃ လုံးက စဖွင့်ပါတယ်။ နှစ်သင်းစလုံးက လက်ရှိမှာ Form မိနေကြလို့ တော်တော်လေးတော့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။ ယူနိုက်တက်က ဘရိုက်တန်ကို နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာမရတာ ကြာနေပါပြီ။ အိုးထရက်ဖို့ဒ် မှာလည်း အနိုင်မရတာ ကြာပြီဆိုတော့ အမော်ရင်တို့ အုပ်စု ဒီအခြေအနေ ကနေ ရုန်းထွက်ချင်နေမှာ သေချာပါတယ်။ ယူနိုက်တက် ကိုပဲ ဆက်လက် ယုံကြည်ထားချင်ပါတယ်။ ဂိုးပေါ်လည်း အကြိုက်တွေ့နေမိပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာယူနိုက်တက် ၁-၀ ဘရိုက်တန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


