နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ရက်ရှ်ဖို့ဒ်၊ လေဗာကူဆင်ကို ပြောင်းရွှေ့တော့မယ့် ဂျိမ်းစ် မက်အတီး | ပရီးမီးယားလိဂ်

ဇူလိုင်လ ၁၄ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဆော်ဒီအာရေးဗီးယား ကလပ် တစ်ခု ကနေ ယူရို သန်း ၄၀ (ပေါင် ၄၆.၈ သန်း) နဲ့ ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ကြောင်း Mundo Deportivo က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် တိုက်စစ် ကစားသမားရဲ့ ဦးစားပေး ကတော့ ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ကြောင်း El Nacional က ဖော်ပြထားပါတယ်။

ရက်ရှ်ဖို့ဒ် ကတော့ ဆော်ဒီပရိုလိဂ် ကလပ်ကို ငြင်းဆန်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား မဟုတ်ပါဘူး။ ဂျီယန်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဖီအိုရင်တီးနားရဲ့ ခြေစွမ်းပြတိုက်စစ်မှူး မွိုက်စ် ကင်းန် ကလည်း အဲလ်ကတ်ဒ်ဆီယာထံက မြင့်မားတဲ့ ပြောင်းရွှေ့ကြေး၊ လုပ်ခလစာ တို့နဲ့ ချဉ်းကပ်မှုတွေ ကိုလည်း ပယ်ချခဲ့ကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ အီတလီ လက်ရွေးစင် ကစားသမားဟာ ၎င်း လက်ရှိ ရရှိနေတဲ့ လုပ်ခလစာထက် နှစ်ဆနီးပါး ပိုများတဲ့ ပမာဏနဲ့ ဖလောရန့်စ်မှာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဘေယန်မြူးနစ် တို့က စိတ်ဝင်စားနေတဲ့ ခရစ္စတိုဖာ အန်ကွန်ကူ အတွက် ချဲလ်ဆီးက ပေါင် ၃၅ သန်း တောင်းဆိုထားကြောင်း Daily Mirror က ဖော်ပြခဲ့ပါတယ်။

မက်အတီးဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ကနေ ဒီနွေရာသီမှာ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေသူလည်း ဖြစ်ပါတယ်။
လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့ သေချာလာခဲ့တဲ့ ဂျိမ်းစ် မက်အတီး

တကယ်တော့ ချဲလ်ဆီးဟာ နီကိုးလက်စ် ဂျက်ဆန် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လိုချင်နေတယ် ဆိုတာ အမှန်တကယ် မဟုတ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ချဲလ်ဆီးဟာ ဘာစီလိုနာက အငှားနဲ့ ခေါ်ယူချင်နေတဲ့ ဆီနီဂေါ တိုက်စစ်မှူးကို ပေါင် ၄၃.၃ သန်း ဝန်းကျင်သာ တောင်းဆိုဖို့ ရှိနေကြောင်း သိရပါတယ်။

အဲလ်ဟီလာ ကတော့ အာဆင်နယ်ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ဘင်ဂျာမင် ဆက်စ်ကို အတွက် ယူရို သန်း ၁၀၀ တန်ကြေး ရှိတဲ့ အံ့မခန်း ကမ်းလှမ်းမှု တစ်ခုကို ကမ်းလှမ်းလိုက်ကြောင်း Fichajes က ဖော်ပြခဲ့သည်။ ဆက်စ်ကိုရဲ့ အေးဂျင့်တွေ ကတော့ သူတို့ရဲ့ ကစားသမားကို လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့နိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း TBR Football က စိတ်ကူးယဉ်ဆန်စွာ ဖော်ပြခဲ့ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ဗစ်တာ ယိုကီးရက်စ် ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းဟာ ဆွီဒင်တိုက်စစ်မှူးကို ယူရို ၆၃.၅ သန်း (ပေါင် ၅၄.၈ သန်း) + add-ons ၁၀ သန်းနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ အကယ်ဒမီထွက် ကြယ်ပွင့် ကစားသမား ဂျိမ်းစ် မက်အတီး ကတော့ သူ့ရဲ့ အနာဂတ် အတွက် ဘေယာ လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း Sky Sport Germany က ဖော်ပြခဲ့ပါတယ်။ မက်အတီးဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ကနေ ဒီနွေရာသီမှာ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေသူလည်း ဖြစ်ပါတယ်။အာဆင်နယ်ဟာ ဗလင်စီယာ ခံစစ်ကစားသမား ခရစ္စတီယန် မော့စ်ကီယာကို ခေါ်ဖို့ သဘောတူညီမှု ရရှိသွားပြီလည်း ဖြစ်ပါတယ်။ ပြောင်းရွေ့ကြေး ကတော့ ယူရို ၁၅ သန်း ဖြစ်ပြီး အပိုဆုကြေးတွေပါ ပေါင်းရင်တော့ ယူရို သန်း ၂၀ မကျော်တဲ့ ငွေကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ သတင်းတွေ အရ ဆိုရင်တော့ အခု တစ်ပတ် အတွင်း ဆေးစစ်ပြီး တရားဝင် ကြေညာသွားမယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်