ဝက်စ်ဟမ်း – တော့တင်ဟမ်ဟော့စပါး
ပရီးမီးယားလိဂ် ပွဲစဉ် (၅) ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် ဝက်စ်ဟမ်းနဲ့ တော့တင်ဟမ်ဟော့စပါးတို့ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လန်ဒန်ဒါဘီ ဖြစ်သလို ကစားသမားကောင်း ကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ နှစ်သင်း ကစားမယ့် ပွဲစဉ် ဖြစ်နေတာကြောင့်လည်း ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲ ဆက် ရဂိုး မရှိ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းတို့ နောက်ဆုံး ပွဲမှာတော့ အက်စတွန်ဗီလာကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ပြီး နည်းပြ ဒေးဗစ် မွိုက်စ်လည်း ဖိအားတွေ အတန်အသင့် လျှော့ချထားနိုင်ခဲ့ပါတယ်။ ကစားသမား ကောင်းတွေ ခေါ်ယူ အားဖြည့်ထားပေမယ့် နည်းစနစ် ဗျူဟာနဲ့ အံဝင်ဖို့ လိုအပ်နေသေးသလို ကစားသမား အချင်းချင်း နားလည်မှု အားနည်းနေသေးလို့ ဒေးဗစ် မွိုက်စ် တစ်ယောက် မနှစ်က လူစာရင်း အတိုင်းပဲ အသုံးပြုနေရတာ တွေ့ရပါတယ်။ အဖွင့်ပွဲမှာ မန်စီးတီးကို ၂ ဂိုးပြတ် ရှုံးပြီးနောက် တန်းတက် ဖောရက်စ်နဲ့ ဘရိုက်တန် တို့ကို ဆက်တိုက် ရှုံးနိမ့်ထားခဲ့တဲ့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက မနှစ်ကနဲ့ ယှဉ်ရင် လုံးဝ ကွာခြားနေပြီး ဗီလာနဲ့ ပွဲမှာ လိုအပ်နေတဲ့ အနိုင် ၃ မှတ် ရခဲ့ပေမယ့် ခြေစွမ်းပိုင်း အားစရာ မရှိခဲ့ပါဘူး။ ၄ ပွဲ ကစားပြီး ၁ ဂိုးသာ ရထားတဲ့ တိုက်စစ် စွမ်းဆောင်ရည် တော်တော်လေး ညံ့နေပြီး ပေးဂိုး ၅ ဂိုး ရှိထားတဲ့ ခံစစ် ကလည်း စိတ်မချရသေးပါဘူး။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲ မှာတော့ တိုက်စစ်က ၄ ဂိုး ရခဲ့ပြီး ခံစစ်က ပေးဂိုး လုံးဝ မရှိခဲ့တာ ကတော့ အနည်းငယ် တိုးတက်လာတဲ့ အရိပ်အယောင် ဖြစ်ပြီး အခုပွဲမှာ ဆက်ထိန်းထားနိုင်ဖို့တော့ လိုအပ်နေပါတယ်။ ဒီပွဲ ကိုတော့ နာအစ်ဖ်၊ ခရိတ်ချ် ဒေါ်ဆင်၊ ဘန်ဂျွန်ဆင်တို့က လွဲရင် ဝက်စ်ဟမ်းတို့ လူစုံတက်စုံနဲ့ စပါးကို ရင်ဆိုင်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို အနိုင်ရထားတဲ့ ဝက်စ်ဟမ်းပရီးမီးယားလိဂ် အဖွင့် ၃ ပွဲ ဆက် ရဂိုး မရှိ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းတို့ နောက်ဆုံး ပွဲမှာတော့ အက်စတွန်ဗီလာကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ပြီး နည်းပြ ဒေးဗစ် မွိုက်စ်လည်း ဖိအားတွေ အတန်အသင့် လျှော့ချထားနိုင်ခဲ့ပါတယ်။ ကစားသမား ကောင်းတွေ ခေါ်ယူ အားဖြည့်ထားပေမယ့် နည်းစနစ် ဗျူဟာနဲ့ အံဝင်ဖို့ လိုအပ်နေသေးသလို ကစားသမား အချင်းချင်း နားလည်မှု အားနည်းနေသေးလို့ ဒေးဗစ် မွိုက်စ် တစ်ယောက် မနှစ်က လူစာရင်း အတိုင်းပဲ အသုံးပြုနေရတာ တွေ့ရပါတယ်။ အဖွင့်ပွဲမှာ မန်စီးတီးကို ၂ ဂိုးပြတ် ရှုံးပြီးနောက် တန်းတက် ဖောရက်စ်နဲ့ ဘရိုက်တန် တို့ကို ဆက်တိုက် ရှုံးနိမ့်ထားခဲ့တဲ့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက မနှစ်ကနဲ့ ယှဉ်ရင် လုံးဝ ကွာခြားနေပြီး ဗီလာနဲ့ ပွဲမှာ လိုအပ်နေတဲ့ အနိုင် ၃ မှတ် ရခဲ့ပေမယ့် ခြေစွမ်းပိုင်း အားစရာ မရှိခဲ့ပါဘူး။ ၄ ပွဲ ကစားပြီး ၁ ဂိုးသာ ရထားတဲ့ တိုက်စစ် စွမ်းဆောင်ရည် တော်တော်လေး ညံ့နေပြီး ပေးဂိုး ၅ ဂိုး ရှိထားတဲ့ ခံစစ် ကလည်း စိတ်မချရသေးပါဘူး။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲ မှာတော့ တိုက်စစ်က ၄ ဂိုး ရခဲ့ပြီး ခံစစ်က ပေးဂိုး လုံးဝ မရှိခဲ့တာ ကတော့ အနည်းငယ် တိုးတက်လာတဲ့ အရိပ်အယောင် ဖြစ်ပြီး အခုပွဲမှာ ဆက်ထိန်းထားနိုင်ဖို့တော့ လိုအပ်နေပါတယ်။ ဒီပွဲ ကိုတော့ နာအစ်ဖ်၊ ခရိတ်ချ် ဒေါ်ဆင်၊ ဘန်ဂျွန်ဆင်တို့က လွဲရင် ဝက်စ်ဟမ်းတို့ လူစုံတက်စုံနဲ့ စပါးကို ရင်ဆိုင်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ တော့တင်ဟမ်ဟော့စပါးရဲ့ စွမ်းဆောင်ရည်က အားရစရာ အခြေအနေမှာ ရှိနေပါတယ်။ လက်တလော စပါးတို့ ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့လည်း ၂ မှတ်သာ ကွာဟသလို မန်စီးတီး၊ ဘရိုက်တန် တို့နဲ့တော့ ရမှတ်တူနေပါတယ်။ အန်တိုနီယို ကွန်တီရဲ့ အသင်းက နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားတွေ အများကြီး ခေါ်ယူထားပေမယ့် လက်ရှိချိန်ထိတော့ ပါရီဆစ်နဲ့ ရစ်ချာလီဆင် တို့လောက်ပဲ အသုံးပြုထားရပါသေးတယ်။ အရှိန်တစ်ခု ရခဲ့တဲ့ မနှစ်က စုဖွဲ့မှု အတိုင်း ဆက် run နေဆဲ ဖြစ်ပြီး ခြေစွမ်းပိုင်း ကလည်း အထွေအထူး ပြောစရာတော့ မရှိပါဘူး။ တိုက်စစ်က ဟယ်ရီကိန်း ဂိုးမြူးနေပြီး ၄ ပွဲ ကစား၊ ၄ ဂိုး သွင်းထားကာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၈၇ ဂိုးနဲ့ အင်ဒီကိုးလ်ရဲ့ စံချိန်ကိုတောင် လိုက်မှီထားပါတယ်။ လက်တလော တော့တင်ဟမ်မှာ စကစ်ပ်နဲ့ မော်ရာ တို့က လွဲလို့ တစ်သင်းလုံး ဒဏ်ရာ ပြသနာ ကင်းရှင်းနေပြီး ကွန်တီ အနေနဲ့ အခုပွဲ မှာလည်း ကူ-ကိန်း-ဆွန် တိုက်စစ် အတွဲနဲ့ အတူ အရင် ပွဲတွေတုန်းက လူစာရင်းကိုပဲ အသုံးပြုလာဖို့ ရှိပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း




ဝက်စ်ဟမ်း – ဖေဘီယန်စကီး၊ ဇူးမား၊ အော့ဂ်ဘွန်နာ၊ ခါရာ၊ ရိုက်စ်၊ ဆိုချက်ခ်၊ အီမာဆင်၊ ဆိုဖယ်၊ အန်တိုနီယို၊ ဖော်နယ်စ်၊ ဘိုဝင်
တော့တင်ဟမ်ဟော့စပါး – လိုရစ်၊ ဒိုင်ယာ၊ ဒေးဗီးစ်၊ ရိုမဲယို၊ ဘန်တန်ကာ၊ ဟွိုက်ဘယက်ဂျ်၊ ရွိုင်ရယ်၊ ပါရီဆစ်၊ ဆွန် ကူလူဆက်ဗ်စကီး၊ ကိန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပြိုင်ပွဲစုံ တွေ့ဆုံမှု နောက်ဆုံး ၂၆ ကြိမ်မှာ ဝက်စ်ဟမ်းက ၁၀ ကြိမ်နိုင်ပြီး စပါး ကတော့ ၁၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ ၄ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း တွေ့ဆုံမှု တော်တော်များများ သရေကျတာ ရှားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ၃ ကြိမ် တွေ့ဆုံခဲ့ပြီး စပါးက ၂ ကြိမ်နိုင်ပြီး ဝက်စ်ဟမ်းက ၁ ကြိမ် နိုင်ခဲ့ပါတယ်။ လန်ဒန်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာတော့ စပါးတို့ ဝက်စ်ဟမ်းကို အရေးနိမ့်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာတော့ ဝက်စ်ဟမ်း အနိုင် အတွက် ၃.၅၀ ဆ၊ စပါး အနိုင် အတွက် ၂.၀၂ ဆနဲ့ သရေ အတွက် ၃.၅၀ ဆ ဖွင့်လှစ်ပေးထားပါတယ်။ ဝက်စ်ဟမ်းတို့ စပါးကို အိမ်ကွင်းမှာ နောက်ဆုံး ၂ ပွဲဆက် အနိုင်ကစားခဲ့ပေမယ့် လက်ရှိ ခြေစွမ်းပိုင်း ကွာဟချက် ကြီးမားနေပါတယ်။ ဒါပေမယ့် ဗီလာကို အနိုင်ရလိုက်တာကြောင့် ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက စိတ်ဓာတ် တက်ကြွနေနိုင်ပြီး စပါးတို့ ထင်ထားသလောက် လွယ်ကူနိုင်မယ့် သဘော မရှိပါဘူး။ အပြန်အလှန် သွင်းဂိုးတွေနဲ့ စပါး ကပ်နိုင်သွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၁-၂ တော့တင်ဟမ်ဟော့စပါး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.