လစ်ဗာပူးလ် – ဆောက်သမ်တန်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် လစ်ဗာပူးလ်နဲ့ ဆောက်သမ်တန်တို့ ကစားဖို့ ရှိပြီး ဒီပွဲနဲ့ ပတ်သတ်လို့ ပွဲကြိုအချက်အလက်တွေနဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။




လစ်ဗာပူးလ် ကတော့ အားလုံးကို အံ့အားသင့်စေပါတယ်။ ထိပ်တန်း အသင်းတွေနဲ့ဆို ရလဒ်တွေ ကောင်းနေပြီး အပိုင် အမှတ်ရသင့်တဲ့ ပွဲတွေ ဆိုရင်တော့ ရမှတ်တွေ ဆုံးရှုံးနေပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိနေတဲ့ ကြိုးကြာနီ တို့ အတွက် ဇယား ထိပ်ကို ပြန်လည် တက်လှမ်းရေး အတွက် အမှားခံလို့ မရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒဏ်ရာ ပြသနာတွေ ရှိနေတဲ့ လစ်ဗာပူးလ်က အခုဆို ဒါဝင် နူညက်ဇ်နဲ့ မိုဟာမက် ဆာလာ လည်း အတွဲအဖက်မိစပြုလာပြီး နူညက်ဇ်ရဲ့ အားထုတ်မှုတွေကြောင့် ဆာလာ ကစားပေါက် ချောင်လာပါတယ်။ အခုလည်း ဒီတိုက်စစ် အတွဲကိုပဲ ပွဲထွက်လာမှာ ဖြစ်ပြီး ကလေ့ာပ် ထပ်ပြီး အမှားခံမှာ မဟုတ်တော့ပါဘူး။ အတောင့်တင်းဆုံး လူစာရင်း ကိုပဲ သူ အသုံးပြုလာမှာပါ။
ဆောက်သမ်တန် ကတော့ အာဆင်နယ်ကို သရေကစားပြီးနောက် ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် ရှုံးသွားပါတယ်။ ခြေစွမ်းက တော်တော်လေးကျနေပြီး နည်းပြလည်း အထုတ်ခံထားရလို့ ပိုပြီးတော့ ဆိုးရွားနေတဲ့ အသင်း တစ်သင်း အဖြစ် ရှိနေတာပါ။ အန်ဖီးလ်မှာ ကစားရမှာ ဖြစ်ပြီး သူတို့ရဲ့ အကောင်းဆုံး လူစာရင်း ကလည်း သိပ်ပြီးတော့ မဟန်လှပါဘူး။ အပြောင်းအလဲတွေ တော်တော်ကြီးကို လုပ်ရတော့မယ့် အခြေအနေကို ရောက်နေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

လစ်ဗာပူးလ် – အယ်လစ်ဆန်၊ အာနိုးလ်၊ ကိုနာတီ၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ သီယာဂို၊ ဖာဘင်ဟို၊ အီလီယော့၊ ဆာလာ၊ ဖာမီနို၊ နူနက်ဇ်
ဆောက်သမ်တန် – ဘန်ဇူနူ၊ လာရီရော့စ်၊ ဘယ်လာ၊ ဆာလီဆူ၊ ပီရာရော့ဒ်၊ မိတ်လန်းနိုင်းစ်၊ ဝါ့စ်ပရောက်၊ အယ်လ်ယွန်နို၊ အဒမ်စ်၊ အမ်းစထရောင်း၊ ဝဲလ်ကော့တ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း နောက်ဆုံး ၅ ကြိမ် တွေ့ဆုံထားရာမှာ လစ်ဗာပူးလ် ကွင်းမှာ ဂိုးပြတ်တွေနဲ့ ချည်း ဆောက်သမ်တန် အရေးနိမ့်ခဲ့ပြီး ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ပါဘူး။ အန်ဖီးလ်မှာ ၃ ပွဲဆက် အရေးနိမ့်ထားပြီး ၁၀ ဂိုး အထိ ပေးခဲ့ရတာပါ။ လိဒ်စ်ကို အိမ်ကွင်းမှာ ရှုံးအပြီး ဒီအိမ်ကွင်းပွဲ ကိုတော့ လစ်ဗာပူးတို့ အမှားခံမှာ မဟုတ်ပါဘူး။ အိမ်ကွင်း ဆိုရင် အနိုင်ယူနေကျ အတိုင်းပဲ သူတို့တွေ အနိုင်ကစားဖို့ ပြင်ဆင်လာမှာပါ။ ဆောက်သမ်တန်က အိမ်ကွင်းရော၊ အဝေးကွင်းပါ ခြေကျနေတာပါ။ တန်းတူ အသင်းမျိုးလောက်ပဲ သူတို့တွေ ခြေရည်တူ ကစားနိုင်ပြီး ကျန်အသင်းတွေ ဆိုရင် ခံစစ်ကို ပိုပြီး အားကိုးနေရပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ လစ်ဗာပူးလ်က နိုင်ရင် ၁.၂၅ ဆသာ ရမှာ ဖြစ်ပြီး ဆောက်သမ်တန်က ၈.၅ ဆ ရမှာပါ။ Handicap မှာ လစ်ဗာပူးလ်က ၁ လုံး အရှုံး၊ ၂ လုံး သရေပေါက်နေပြီး ဂိုးပေါင်းစျေး ကိုတော့ ၃ လုံး အရှုံး ဖွင့်ထားပါတယ်။ နောက်ဆုံး အိမ်ကွင်း ၃ ပွဲ ဆက်တိုက် ဆောက်သမ်တန်ကို အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့ လစ်ဗာပူးလ်ကို ရွေးရုံက လွဲရင် ဘာမှမရှိပါဘူး။ ထွေထွေထူးထူး ညွှန်းနေစရာတောင် မရှိဘဲ လစ်ဗာပူးလ်ကို ပုံအောရမှာပါ။ ဇယားထိပ် ပြန်တက်ဖို့လည်း အရေးကြိးနေချိန်မှာ ကလော့ပ်က အနိုင်သေချာအောင် ဂိုးတွေ ဆက်တိုက် သွင်းခိုင်းမှာ သေချာပါတယ်။ လစ်ဗာပူးလ်ပဲ ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
လစ်ဗာပူးလ် ၃-၁ ဆောက်သမ်တန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.