နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | ချဲလ်ဆီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ်)

ချဲလ်ဆီး ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးယားလိဂ်ရဲ့ ပွဲစဉ် ၁၀ ကိုတော့ ဒီတစ်ပတ်မှာ ဆက်လက် ယှဉ်ပြိုင်ကစားကြဖို့ ရှိပြီး ချဲလ်ဆီး-ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ပွဲစဉ်နဲ့ ပတ်သက်တဲ့ ပွဲကြိုအချက်အလက် တချို့နဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေနဲ့ ရမှတ် ကွာဟချက်တွေ ရှိနေတဲ့ ချဲလ်ဆီး အတွက် မဖြစ်မနေ အားစိုက်ရဦးမယ့် ပွဲစဉ် ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အေစီမီလန်ကို ၃ ဂိုးပြတ် အနိုင်ရပြီးနောက် ဂရေဟမ် ပေါ်တာ လက်ထက်မှာ ၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသလို တိုက်စစ်မှူး အော်ဘာမီယန်း ကလည်း ဂိုးတွေ ဆက်တိုက် သွင်းနေတာ တွေ့ရပါတယ်။ ဒီ ၃ ပွဲမှာ အသင်းကြီးတွေနဲ့ တွေ့တိုင်း ဒုက္ခပေးတတ်တဲ့ ခရစ္စတယ်ပဲလေ့စ်လို အသင်းကို အဝေးကွင်းမှာ အနိုင်ကန်ထားသလို အေစီမီလန်လို့ အီတလီ ထိပ်သီး အသင်းကြီးကို ဂိုးပြတ် နှိပ်ကွပ်ထားနိုင်လို့ ချဲလ်ဆီးရဲ့ ခြေစွမ်းပိုင်းက အနည်းငယ် အတက်ဘက် ပြန်ရောက်လာပြီလို့ ပြောလို့ ရပါတယ်။ ဂရေဟမ် ပေါ်တာ တစ်ယောက် ဘရိုက်တန်ကို စွန့်ခွာခဲ့ပေမယ့် လန်ဒန် ကလပ်မှာ အဆင်ပြေနေသလို ကျန်ရစ်ခဲ့တဲ့ ဇင်ယော်တွေ ကလည်း ခြေစွာနေဆဲ ဖြစ်ပါတယ်။ ဒီပွဲကို ချဲလ်ဆီးက ကန်တေ လွဲချော်ဖို့ ရှိပြီး ဖိုဖာနာလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကျန် အဓိက ကစားသမားတွေ အားလုံး ကတော့ ဒီပွဲမှာ ပါဝင်နိုင်မယ်လို့ သိရပါတယ်။

ဝုဗ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်ရှိနေတဲ့ ဝုဗ်

ဝုဗ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပါတယ်။ အသင်းရဲ့ ခြေစွမ်းက အရင်နှစ်တွေတုန်းကလို မာကျောမှု မရှိတော့ဘဲ ပြိုင်ဘက်တိုင်းက အလွယ်တကူပဲ အရှုံးပေးနေရတဲ့ ပုံစံ ဖြစ်နေပါတယ်။ နည်းပြ အပြောင်းအလဲ ဖြစ်လာဖို့လည်း ရှိနေလို့ မတည်ငြိမ်တဲ့ အနေအထားမှာပါ။ ကွင်းလယ်နဲ့ ခံစစ်မှာလည်း ကစားသမားတွေ ဒဏ်ရာ ပြသနာ ကြီးကြီးမားမား ရင်ဆိုင်နေရပြီး ယာယီ နည်းပြနဲ့ ဒီပွဲကို ကစားရမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ချဲလ်ဆီး – ကီပါ၊ ချာလိုဘာ့ရ်၊ ဆေးလ်ဗား၊ ကူလီဘာလီ ၊ ဂျိမ်းစ်၊ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ ကူကူရယ်လာ ၊ မေဆန်မောင့်၊ အော်ဘာမီယန်း၊ စတာလင်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ ဆီမီဒို၊ တိုတီ၊ ကေးလ်မန်း၊ ဂျွန်နီ၊ နူနက်စ်၊ ထရာအိုရေး၊ မော်တင်ဟို၊ ဂီဒက်စ်၊ ကော်စတာ၊ ပိုဒန့်စ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံခဲ့ချိန် မှာတော့ ၃ ပွဲ သရေကျခဲ့ပြီး ၁ ပွဲစီ အနိုင်ရထားခဲ့ပါတယ်။ ချဲလ်ဆီး ကွင်းမှာ ၀ုဗ် မနိုင်သလို၊ ဝုဗ်ကွင်း မှာလည်း ချဲလ်ဆီး မနိုင်ပါဘူး။ ယေဘုယျအားဖြင့်တော့ အိမ်ရှင် အသင်း ပိုသာတယ်လို့ ဆိုရမှာပါ။ ဝုဗ်က လိဂ်ပွဲ ၂ ပွဲ ဆက်တိုက် ရှုံးထားပြီး သွင်းဂိုးလည်း ၁ ဂိုးမှ မရခဲ့ပါဘူး။ ချဲလ်ဆီး ကတော့ ပဲလေ့စ်ကို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပြီး ထူးခြားတာက ပရီးမီးယားလိဂ်မှာ ၄ ပွဲ ဆက်တိုက် ၂-၁ ဆိုတဲ့ ရလဒ်တွေ ထွက်နေခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 ကြေးမှာတော့ ချဲလ်ဆီးနိုင်ရင် ၁.၃၆ ပဲရမှာ ဖြစ်ပြီး ဝုဗ် နိုင်ရင်တော့ ၈ ဆ အထိရမှာပါ။ ကြေးက တော်တော်လေး ပြင်းနေတယ်လို့ ဆိုရပါမယ်။ Handicapမှာ ချဲလ်လ်ဆီးက ၁ လုံး သွင်းရင် ၅၀ ရှုံးကြေးပေါက်နေပြီး ၁.၈၈ ဆ ရမှာပါ။ ဂိုးပေါင်းစျေး ကတော့ နှစ်လုံး အရှုံး ဖြစ်ပြီး ဒီပွဲမှာ ဂိုးပေါင်းကို စိတ်ဝင်စားပါတယ်။ ၀ုဗ်ရဲ့ နောက်ဆုံး ၅ ပွဲမှာ ဂိုးပေါင်း အပေါ် ဖြစ်ခဲ့တာက ၁ပွဲတည်း ရှိခဲ့ပြီး ၄ ပွဲ အထိ ဂိုးအောက် ကစားခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ဂိုးပေါင်း အပေါ် ၃ ပွဲ အထိ ပါခဲ့ပါတယ်။ လက်ရှိ ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်း ဂိုးပေါက် ပြန်တွေ့မှုနဲ့ ဝုဗ် ခံစစ်ပိုင်း အားလျော့နေမှုက ဂိုးပေါ် ဖြစ်လာနိုင်ပါတယ်။ ဒီပွဲ မှာတော့ အိမ်ရှင်နဲ့ ဂိုးပေါင်း အပေါ်ကို တွဲဆော့ရင် အကျိုးများမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ချဲလ်ဆီး ၃-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်