နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝက်စ်ဟမ်းကို အသည်းအသန် ကစားပြီး သရေ ၁ မှတ်သာ ရခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဝက်စ်ဟမ်း ၂-၂ မန်ချက်စတာစီးတီး

ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) ရဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် ဝက်စ်ဟမ်းနဲ့ မန်ချက်စတာစီးတီးတို့ လန်ဒန်ကွင်းမှာ အကြိတ်အနယ် ကစားခဲ့ကြပြီး တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ မန်စီးတီး အတွက် မထင်မှတ်ပဲ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ရပြီး နောက်တန်း အားနည်းချက်တွေကြောင့် ဝက်စ်ဟမ်းကို စောစောစီးစီး ဦးဆောင်ဂိုးတွေ ပေးခဲ့ရသလို ပွဲပြီးခါနီး မှာလည်း မာရက်ဇ် ပင်နယ်တီ မဝင်ခဲ့လို့ ဂွာဒီယိုလာရဲ့ အသင်း အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

အိမ်ရှင် ဝက်စ်ဟမ်း ကတော့ ၄-၂-၃-၁ အခင်းအကျင်း ပွဲထွက်ခဲ့ပြီး ဖေဘီယန်စကီး၊ ဆိုဖယ်၊ ဒေါ်ဆင်၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဆိုချက်ခ်၊ ရိုက်စ်၊ လန်ဇီနီ၊ ဖော်နယ်စ်၊ ဘိုဝင်၊ အန်တိုနီယိုတို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ခံစစ် ကစားသမား အများစု ဒဏ်ရာရနေခဲ့တာကြောင့် ဒီနေ့ပွဲမှာလည်း လာပေါ့တ်၊ ဇင်ချန်ကို၊ ကန်ဆယ်လို တို့နဲ့ အတူ ဖာနန်ဒင်ဟို နောက်တန်း ဆင်းကစားခဲ့ရပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ် မှာတော့ ရိုဒရီ၊ ဆေးလ်ဗား၊ ဒီဘရိုင်းနား၊ မာရက်ဇ်၊ ဂျီဆုစ်၊ ဂရီးလစ်ရှ် တို့ပဲ ပွဲထွက်လာခဲ့ပြီး ခံစစ် ကလွဲလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ဝက်စ်ဟမ်းကို ရင်ဆိုင်သွားခဲ့တယ်လို့ ပြောလို့ ရပါတယ်။

ဦးဆောင်ဂိုးတွေ သွင်းပြီးမှ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့် အတွက် မန်ချက်စတာယူနိုက်တက်ကို ၂ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ ဝက်စ်ဟမ်း

ဒီနေ့ပွဲမှာ မန်စီးတီး နောက်တန်းက ဖာနန်ဒင်ဟိုနဲ့ ဇင်ချန်ကို တို့ရဲ့ ကစားပုံ သိသိသာသာ ညံ့ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပေမယ့် ကျန်ကစားသမားတွေရဲ့ ခြေစွမ်းကလည်း အားရစရာ မရှိခဲ့ပါဘူး။ ဝက်စ်ဟမ်း ကတော့ မန်စီးတီးရဲ့ တိုက်စစ်ကို မာကျောကျစ်လျစ်တဲ့ ခံစစ်နဲ့ ရင်ဆိုင်သွားခဲ့ပြီး တန်ပြန် တိုက်စစ် ကစားပုံ ကလည်း တော်တော်လေး ထိရောက်ခဲ့ပါတယ်။ ရှားရှားပါးပါး ရတဲ့ အခွင့်အရေး ၂ ကြိမ် ကနေ ဘိုဝင်က ဝက်စ်ဟမ်း အတွက် ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်း အပြီးမှာ ၂-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင်မှာပဲ ရိုဒရီရဲ့ ပေးပို့မှုကနေ ဂျက်ဂရီးလစ်ရှ်ရဲ့ ကန်ချက် လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့လို့ မန်စီးတီးတို့ ချေပဂိုး စတင် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီး တို့ပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး စိတ်တိုင်းကျ တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ အားနည်းနေတဲ့ ခံစစ်က ဂိုးတွေ ဆက်တိုက် ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြစ်ဒဏ်ဘော ကန်ချက်က တစ်ဆင့် ဆိုဖယ် ခေါင်းတိုက် ဖျက်ထုတ်ရာမှာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ မန်စီးတီး တို့ ဒုတိယမြောက် ချေပဂိုး ရရှိခဲ့ပါတယ်။ အဲ့နောက် လက်ကျန် မိနစ်တွေမှာ ဘိုဝင် ဟက်ထရစ် ရနိုင်တဲ့ အခွင့်အရေး ရှိခဲ့ပေမယ့် လာပေါ့တ်နဲ့ ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့လို့ မန်စီးတီးတို့ ကံကောင်းခဲ့ရသလို မာရက်ဇ်ရဲ့ ပင်နယ်တီကို ဖေဘီယန်စကီး ကာကွယ်နိုင်ခဲ့တာကြောင့်လည်း မန်စီးတီးတို့ အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

မန်စီးတီး အတွက် မထင်မှတ်ပဲ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ရသလို ပွဲရလဒ်ကို စောင့်ကြည့်နေခဲ့တဲ့ လစ်ဗာပူးလ် ပရိသတ်တွေ အတွက်လည်း ပျော်ရမလို စိတ်ညစ်ရမလို ဖြစ်ခဲ့ရတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ ခံစစ်မှူးတွေ ဒဏ်ရာပြသနာရှိနေခြင်းက ပပ်ရဲ့ အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပြီး ပေးလိုက်ရတဲ့ ဦးဆောင်ဂိုး ၂ ဂိုး ဟာလည်း ဖာနန်ဒင်ဟိုနဲ့ ဇင်ချန်ကို တို့ရဲ့ အားနည်းချက် ကနေ ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ မန်စီးတီးတို့ ဘောလုံး ပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်း ရှိခဲ့သလို ဂိုးပေါက် ကန်ချက် ၃၁ ကြိမ်၊ ဂိုးပေါက် တည့်မှု ၈ ကြိမ် အထိ ရှိခဲ့ပေမယ့် ဝက်စ်ဟမ်း ကတော့ ဂိုးပေါက် တည့်မှု ၂ ကြိမ် ကနေ သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 ရီးယဲလ်မက်ဒရစ် @ 3.15
ဂိုးပေါ် 3.00 @ 2.33
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.28
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီးမှာ မန်စီးတီးတို့ ရမှတ် ၉၀နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး တစ်ပွဲ ပိုကစားပြီး လစ်ဗာပူးလ်ကို ၄ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေ သွင်းပြီးမှ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့် အတွက် မန်ချက်စတာယူနိုက်တက်ကို ၂ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဝက်စ်ဟမ်းတို့ မေလ ၂၂ ရက်နေ့မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး မန်ချက်စတာစီးတီး ကတော့ အက်စတွန်ဗီလာကို အီတီဟတ်မှာ ဧည့်ခံရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်