နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၃၁/၈/၂၀၂၂)

ဩဂုတ်လ ၃၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ချဲလ်ဆီးနဲ့ ဘရိုက်တန် ရှုံးပြီး လိဒ်စ်နဲ့ ပဲလေ့စ်တို့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၅)

မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် (၅) ရဲ့ ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ဇယားထိပ်မှာ ရပ်တည်နေတဲ့ ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ ရှုံးပွဲ တွေ့ခဲ့ကြသလို လိဒ်စ်က အဲဗာတန်၊ ပဲလေ့စ်က ဘရန့်ဖို့ဒ်ကို သရေကျသွားခဲ့ပါတယ်။

စိန့်မေရီမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ပွဲချိန် ၂၃ မိနစ်မှာ ရာဟင်းမ် စတာလင်က ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ၅ မိနစ် အကြာမှာပဲ အိမ်ရှင် အသင်းရဲ့ ပြန်လည် ချေပခြင်း ခံခဲ့ရသလို ပထမပိုင်း ပြီးခါနီးမှာ အမ်းစတောင်းရဲ့ အနိုင်ဂိုးကို ထပ်မံ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ ဘောလုံး ပိုင်ဆိုင်မှု အပြည့်အဝ ရယူပြီး လိုအပ်နေတဲ့ သွင်းဂိုးတွေ ရရှိဖို့ အားထုတ်ခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ၂-၁ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ရာသီသစ်မှာ တောက်လျောက် ရလဒ်တွေ ကောင်းနေတဲ့ ဘရိုက်တန် ကတော့ အဝေးကွင်းမှာ တန်းတက် ဖူလ်ဟမ်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီး ၂-၁ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဖူလ်ဟမ် အတွက် ဂိုးတွေ ကိုတော့ မီထရိုဗစ်နဲ့ ဒန့်ခ် (OG) တို့က သွင်းယူပေးခဲ့ပြီး ဘရိုက်တန် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ မက်အဲလစ်စတားကို ပွဲချိန် မိနစ် ၆၀ မှာ ပြန်လည် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ အိမ်ကွင်းမှာ အဲဗာတန်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီး သရေ ၁ မှတ်သာ ရခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် အတွက် ဦးဆောင်ဂိုးကို နောက်ပိုင်း ပွဲတွေမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ အန်တိုနီ ဂေါ်ဒွန်က သွင်းယူပေးခဲ့ပြီး လိဒ်စ် အတွက် ချေပဂိုး ကိုတော့ ဆင်နီစတာရာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လိဒ်စ်တို့ အဲဗာတန်ကို အဘက်ဘက်က အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် တော်ဖီတွေရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်၊ အချိန်ဆွဲမှုတွေကြောင့် သရေ ၁ မှတ်သာ ရခဲ့တာ ဖြစ်ပါတယ်။

 

“ချယ်လ်ဆီးကို အနိုင်ရဖို့ သိပ်ပြီး အားစိုက်စရာတောင် မလိုတော့ဘူး” – တူချယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီး နည်းပြ သောမတ်စ် တူချယ်က သူ့အသင်းသားတွေကို ပြစ်တင် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ချဲလ်ဆီးက လွယ်လွယ်နဲ့ အနိုင်ရတဲ့ အသင်း ဖြစ်နေပြီလို့ တူချယ်က ငြီးတွားခဲ့ပြီး ရလဒ် ဆိုးရွားနေမှုတွေကို အမြန်ဆုံး အဖြေရှာဖို့ အတွက်လည်း ကြိုးစားရတော့မယ်လို့ ပြောဆိုသွားခဲ့တာပါ။

ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီး နည်းပြ သောမတ်စ် တူချယ်က သူ့အသင်းသားတွေကို ပြစ်တင် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး

ချယ်လ်ဆီးတို့ ရာဟင်းမ် စတာလင်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆောက်သမ်တန်က ပထမပိုင်းမှာတင်ပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဂိုးမသွင်းနိုင်ခဲ့ကြဘဲ ချယ်လ်ဆီးတို့ အခုနှစ် ဘောလုံးရာသီမှာ ဒုတိယမြောက် ရှုံးပွဲ တွေ့ခဲ့ရပြီး အဝေးကွင်း မှာလည်း ၂ ပွဲ ဆက်တိုက် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးတို့ ၅ ပွဲကစားပြီးချိန်မှာ ၂ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေခဲ့ရပါတယ်။

“ ကျွန်တော်တို့ ရှုံးပွဲတွေ တွေ့နေရတာက အချိန် စောလွန်းတယ်၊ စိုးရိမ်နေပါပြီ ဆိုတာက မှန်တဲ့ စကားလုံး ဖြစ်မလားတော့ ကျွန်တော် မသိဘူး။ အရေးနိမ့်တာမျိုးကို ကျွန်တော် လုံး၀ မကြိုက်ဘူး၊ အခုဆိုရင် ၂ ပွဲတောင် ရှုံးထားပြီး ကျွန်တော် တို့ကို အနိုင်ယူဖို့ အတွက် ပြိုင်ဘက်က ဘာမှတောင် လုပ်စရာ မလိုပါဘူး။ ဒီလိုပုံစံကို ကျွန်တော် မကြိုက်ပါဘူး၊ ပြိုင်ဘက်က ဘာမှကို အများကြီး အားမထုတ်ရဘဲ ကျွန်တော် တို့ကို အနိုင်ယူနေတယ်လို့ ကျွန်တော် ထင်နေပါပြီ” လို့ တူချယ်က ပြောကြားသွားခဲ့ပါတယ်။

 

၅ ပွဲ ကစားပြီး ၅ ဂိုးသွင်းကာ ခြေစွမ်းပြနေတဲ့ မီထရိုဗစ်

ဖူလ်ဟမ် တိုက်စစ်မှူး အလက်ဇန္တား မီထရိုဗစ် ကတော့ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် မှာ ခြေစွမ်းပြခဲ့သလို သွင်းဂိုး ၁ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဆားဘီးယား တိုက်စစ်မှူးဟာ ဒီရာသီမှာ ဖူလ်ဟမ် အတွက် တော်တော်လေး ခြေစွမ်းပြနေတာ ဖြစ်ပြီး ၅ ပွဲမှာ ၄ ပွဲ ဂိုးသွင်းပြီး အသင်းကို ရလဒ်တွေ ကောင်းနေစေတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်နဲ့ အဖွင့်ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ၀ုဗ်နဲ့ပွဲ မှာတော့ ဂိုးမရခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ နောက်ပိုင်း ကစားခဲ့တဲ့ ဘရန်ဖို့ဒ်၊ အာဆင်နယ်၊ ဘရိုက်တန် တို့နဲ့ ပွဲတွေ မှာတော့ တစ်ပွဲ ၁ ဂိုးနှုန်း သွင်းယူနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ် ၅ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲ နိုင်၊ ၂ ပွဲ သရေကျပြီး ရှုံးပွဲ ၁ ပွဲသာ ရှိထားပါတယ်။ တန်းတက် အသင်း တစ်သင်း အတွက်တော့ အားရစရာ ကောင်းတဲ့ ရလဒ်တွေလည်း ဖြစ်ပါတယ်။ ဆာဘီးယားကို ကာတာ ကမ္ဘာ့ဖလားဆီ အရောက်ပို့ပေးခဲ့ရာမှာလည်း မီထရိုဗစ်က အဓိက ကစားသမား အဖြစ် ပါဝင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်သာ ရှိသေးတဲ့ မီထရိုဗစ်ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်မှာ ဖူလ်ဟမ် အတွက် ၄၃ ဂိုး အထိ သွင်းယူပေးခဲ့သလို အသင်း ရရှိတဲ့ သွင်းဂိုးရဲ့ ၃ ပုံ ၂ ပုံ နီးပါး အထိကို သူတယောက်တည်း သွင်းယူပေးခဲတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်