ဩဂုတ်လ ၃၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မကြာခင် သရဲနီ ဂျာဆီနဲ့ မြင်တွေ့ရတော့မယ် အန်တိုနီ
အေဂျက်စ် တောင်ပံ ကစားသမား အန်တိုနီ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ ဆေးစစ်မှု ခံယူဖို့ အတွက် ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်ရှိနေပြီး မကြာခင် အချိန် အတွင်း သရဲနီ ကစားသမားသစ် အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်တို့ အန်တိုနီကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ရပြီး နောက်ဆုံး အကြိမ် အဖြစ် အေဂျက်စ် တာဝန် ရှိသူတွေ မငြင်းနိုင်တဲ့ ပေါင် ၈၄.၂ သန်းနဲ့ ကမ်းလှမ်းခဲ့ချိန်မှာသာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီ အနေနဲ့ အေဂျက်စ်မှာ ၂ နှစ်တာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ ပြန်လည် ကစားချင်တာကြောင့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။
အသက် ၂၂ နှစ် အရွယ် ဘရာဇီးလ် ညာတောင်ပံ ကစားသမားဟာ ၂၀၁၈ ကနေ ၂၀၂၀ အထိ ဆာပိုလိုမှာ ကစားခဲ့ပြီး ၅၂ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မှာတော့ အေဂျက်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် တန်ဟက်ဂ် လက်အောက်မှာ ခြေစွမ်းပိုင်း တိုးတက်လာခဲ့သူ ဖြစ်ပါတယ်။ အေဂျက်စ် အတွက် ၈၂ ပွဲ ကစားကာ ၂၅ ဂိုး သွင်းယူပေးခဲ့ပြီး လက်ရှိ ရာသီ နယ်သာလန်လိဂ် မှာလည်း ၂ ပွဲသာ ပွဲထွက် ကစားထားပေမယ့် ၁ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။




ပက်ကေးတားကို ပေါင် ၃၆.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်း
ဘရာဇီးလ် ကွင်းလယ်လူ လူးကပ်စ် ပက်ကေးတား ကိုတော့ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းယူနိုက်တက် အသင်းက ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၆.၅ သန်း (ယူရို ၄၃ သန်း)နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒီပမာဏထဲမှာ ခြေစွမ်းပေါ် မူတည်ပြီး အပိုဆုကြေး ပေါင် ၁၄.၄ သန်း (ယူရို ၁၇ သန်း) ပါဝင်ပြီးလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ လန်ဒန် ကလပ်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ် သက်တမ်း တိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ပက်ကေးတားဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဘရာဇီးလ် အသင်းဖော် ဘရူနို ဂီမာရေးစ် ရှိတဲ့ နယူးကာဆယ် ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဟမ်းမားတွေ ဆီကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း အစောဆုံး သတင်းထွက်ခဲ့တာက အာဆင်နယ် အသင်းနဲ့ ဖြစ်ပြီး အက်ဒူးနဲ့ အာတေးတား တို့က တဖြည်းဖြည်း ယူရီ တေးလီမန့်စ် ဘက်ကိုသာ မျှားဦးလှည့်သွားခဲ့လို့ ပက်ကေးတား အနေနဲ့ ဝက်စ်ဟမ်း ကိုသာ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။
အသင်းသစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ ပက်ကေးတားက “ဒီမှာ ရှိရတာ အရမ်းပျော်ပါတယ်။ ပျော်စရာ ကောင်းတဲ့ ခရီးစဉ် တစ်ခုရဲ့ အစ ဖြစ်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီမှာ အောင်မြင်မှု ရဖို့လည်း မျှော်လင့်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ပြီးခဲ့တဲ့ ရာသီက ဝက်စ်ဟမ်း အတွက် အရမ်း ကောင်းတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကလပ်ကို ရောက်လာတဲ့ အချိန်တွေ မှာလည်း သူတို့တွေ အတွက် ရာသီကောင်းတွေ အဖြစ် ဆက်လက် ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်။”
“ဝက်စ်ဟမ်း အင်္ကျီကို ဝတ်ပြီး ကျွန်တော် လုပ်နိုင်တာတွေ ပရိသတ်တွေကို ပြသဖို့ စိတ်လှုပ်ရှားနေပါပြီ။” လို့လည်း ပက်ကေးတားက ပြောကြားသွားခဲ့ပါတယ်။
အငှား ထွက်ကစားဖို့ ငြင်းဆန်ပြီးနောက် ချဲလ်ဆီး မှာပဲ ဆက်ရှိနေတော့မယ့် ပူလီဆစ်ခ်
အသက် ၂၃ နှစ် အရွယ် အမေရိကန် လက်ရွေးစင်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ကျန်ရှိတဲ့ စာချုပ် သက်တမ်း ၂ နှစ် ကိုလည်း တိုးမြှင့်ဖို့ ဆန္ဒရှိနေပြီး သတင်းတွေ အရ ဆိုရင် ပူလီဆစ်ခ်ဟာ အသင်းဖော် ဟတ်ဒ်ဆန် အိုဒွိုင်း အနေနဲ့ လေဗာကူဆင် အသင်းထံ အငှား ထွက်ကစားခဲ့ရတာကိုလည်း စိတ်ပျက်လျက် ရှိနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ် ကစားခွင့်ရထားတဲ့ အီတလီနဲ့ စပိန် ကလပ် အသင်း တော်တော်များများ ကလည်း ပူလီဆစ်ခ်ကို အငှားနဲ့ ခေါ်ယူချင်ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ချဲလ်ဆီး မှာပဲ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ဆက်လက် တိုက်ပွဲ ဝင်သွားချင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ပူလီဆစ်ခ်ဟာ အခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ် (၄) ပြီးဆုံးချိန် အထိ စုစုပေါင်း ၇၆ မိနစ်သာ ပွဲထွက် ကစားခွင့်ရထားသေးသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.