အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးရ သတင်းတွေကို စုစည်း ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ စတင်ဖို့ မစောင့်နိုင်တော့ဘူးလို့ ဆိုလာတဲ့ အဲရစ်ခ်ဆင်
ဒိန်းမတ် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင်ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ၃ နှစ် စာချုပ် ချုပ်ဆိုမယ့် ကစားသမားလည်း ဖြစ်ပါတယ်။ ဒိန်းမတ် ကွင်းလယ် ဖန်တီးရှင် အနေနဲ့ သူကစားခဲ့တဲ့ အသင်းတိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ နည်းစနစ်၊ ကစားကွက်တွေ အောက်မှာလည်း အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းခံထားရသူ ဖြစ်ပါတယ်။
အသင်းနဲ့ လက်မှတ်ရေးထိုးပြီး ယူနိုက်တက် ဂျာဆီ ဝတ်ဆင်ကာ တရားဝင် မိတ်မဆက်ရသေးပေမယ့်လည်း အဲရစ်ခ်ဆင် ကတော့ ယူနိုက်တက် ပရိသတ်တွေ အတွက် သတင်းစကား ကြိုပါးထားခဲ့ပါတယ်။ “ ယူနိုက်တက်က ထူးခြားတဲ့ အသင်းပါ၊ အဲဒီအသင်းနဲ့ စတင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ဘူး။ အိုးထရက်ဖို့ဒ်မှာ ကျနော် အကြိမ်ကြိမ် ကစားခွင့်ရခဲ့တယ်၊ ဒါပေမယ့် အခုတော့ ယူနိုက်တက်ရဲ့ အနီရောင် ဂျာဆီ ဝတ်ဆင်ပြီး ရှိနေရတော့မယ် ဆိုတာက အရမ်းကို အံ့အားသင့်ဖို့ ကောင်းတဲ့ ခံစားမှုပါပဲ။” လို့ အဲရစ်ခ်ဆင်က ဆိုခဲ့ပါတယ်။
အဲရစ်ခ်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖို့ဒ်မှာ ၆ လ စာချုပ်နဲ့ ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြား ရှိနေခဲ့ပေမယ့် ယူနိုက်တက် ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ တုန်းက ကွင်း အတွင်း နှလုံးရောဂါကြောင့် မေ့လဲကျခဲ့ရာ ကနေ အဲရစ်ခ်ဆင် တစ်ယောက် ကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူရနိုင်တဲ့ အခြေအနေထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်း ထောက်မစွာနဲ့ ရောဂါ ကနေ ပြန်လည် သက်သာလာခဲ့ပြီး ဘောလုံး ပြန်ကစားနိုင်ချိန် မှာလည်း သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို အမြန်ဆုံး ပြန်လည် ရရှိထားပါတယ်။ ဒါကြောင့် အချိန်တိုတွင်း အံ့အားသင့်စရာ ခြေစွမ်းတွေ ပြန်လည် ပိုင်ဆိုင်ခဲ့တဲ့ အဲရစ်ခ်ဆင် အနေနဲ့ ယူနိုက်တက်ကို ဘယ်လောက် အတိုင်းအတာထိ စွမ်းဆောင် ကူညီပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဝင်ဒဲလ်ကို အပြိုင် စိတ်ဝင်စားနေတဲ့ လန်ဒန် မြို့ခံ နှစ်သင်း
ဇင်းနစ် ကွင်းလယ်လူ ဝင်ဒဲလ် ကိုတော့ လန်ဒန် မြို့ခံ ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့က အပြိုင် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပရီးမီးယားလိဂ် နှစ်သင်းစလုံးက ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ ဝင်ဒဲလ်ကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး ဘရာဇီး ကလပ် ဖလာမင်ဂို ကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဝင်ဒဲလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကမှ စပို့တင်းလစ္စဘွန်း အသင်း ကနေ ရုရှား ကလပ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ချန်ပီယံလိဂ် အတွေ့အကြုံ ရှိတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဝင်ဒဲလ်ဟာ ဇင်းနစ်နဲ့ စာချုပ် သက်တမ်း ၃ နှစ် ကျန်ရှိနေသေးပေမယ့် သူရဲ့ စိတ်တိုင်းကျ ဆုံးဖြတ် ပြီး အချိန်မရွေး ထွက်ခွာခွင့် ရှိနေသူ ဖြစ်ပါတယ်။ အဓိက, ကတော့ ရုရှားတို့ ယူကရိန်း အပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တာကြောင့် ရုရှား ကလပ်တွေမှာ ကစားနေတဲ့ ကစားသမားတွေ အနေနဲ့ သက်ဆိုင်ရာ အသင်းတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းပိုင်ခွင့် ရှိနေခဲ့ကြောင်း ဖီဖာက တရားဝင် ကြေညာထားခဲ့လို့ ဖြစ်ပါတယ်။




အာဆင်နယ်တို့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ပေါ်တို ကြယ်ပွင့် ဖေဘီယို ဗီအဲရာကို ခေါ်ယူထားပေမယ့် ယူရီ တေးလီမန့်စ်၊ ပက်ကေးတား အပါအဝင် အခြားသော ကွင်းလယ် ကစားသမား တော်တော်များများကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ လက်တလော သတင်းတွေ အရ ဂန်းနားတို့ ယူကရိန်း လက်ရွေးစင် ဘယ်နောက်ခံလူ အိုလက်ခ်ဆန်ဒါ ဇင်ချန်ကို,ကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူဖို့ မန်စီးတီးနဲ့ အပြည့်အဝ သဘောတူညီမှု ရရှိခဲ့ပြီး စာချုပ်ပါ အချက်အလက် တချို့နဲ့ လစာငွေ ညှိနှိုင်းပြီးတာနဲ့ အပြောင်းအရွှေ့ပြီးမြောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
တစ်ပတ် အတွင်း အနာဂတ်ကို ဆုံးဖြတ်မယ့် လင်ဂတ်
တစ်ဆက်တည်းမှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲထားခဲ့တဲ့ အင်္ဂလန် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ကိုတော့ အမည်မဖော်လိုတဲ့ ဆော်ဒီအာရေဗျ ကလပ် တစ်ခုက ပေါင်သန်းနဲ့ ချီတန်တဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဆော်ဒီ ကလပ်ဟာ အသက် ၂၉ နှစ် အရွယ် အင်္ဂလန်သား အတွက် တစ်ပတ် လုပ်ခ ပေါင် ၁၀ သန်း အထိ ပေးချေသွားဖို့ ရှိနေတာကြောင့် လင်ဂတ် အတွက် အလေးအနက်ထား စဉ်းစားစရာ ဖြစ်နေပါတယ်။
ဒါ့အပြင် လင်ဂတ်ဟာ အမေရိကန် မေဂျာလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပြီး လာမယ့် ရက်သတ္တပတ် အတွင်း သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း အနေနဲ့ လက်ရှိမှာ မတူညီတဲ့ ကမ်းလှမ်းမှု ၃ ခု လက်ခံရရှိထားပြီး ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ ကိုတော့ သောကြာနေ့ နောက်ဆုံးထား ကြေညာသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
လင်ဂတ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ အဲဗာတန် တို့ကလည်း စိတ်ဝင်စားနေပေမယ့် အဓိက ကစားသမားရဲ့ လုပ်ခလစာကို ညှိနှိုင်းတဲ့ အခါမှာတော့ အခက်အခဲ ရှိနိုင်ပါတယ်။ လင်ဂတ်ဟာ ယူနိုက်တက်မှာ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း ရရှိခဲ့ပြီး ဒီပမာဏ ကိုတော့ ဝက်စ်ဟမ်းနဲ့ အဲဗာတန်တို့ ပေးချေဖို့ လက်တွန့်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမား အနေနဲ့ ပရီးမီးယားလိဂ် မှာပဲ ဆက်ကစားချင်နေတာကြောင့် လစာငွေ လျှော့ယူမယ့် သဘော ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.