၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြဆု၊ ကစားသမားဆုနဲ့ လူငယ်ကစားသမားဆုတွေ အတွက် ဆန်ခါတင်စာရင်းတွေ ကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ် အနေနဲ့ ရာသီကုန်ခါနီးတိုင်း ဒီဆုတွေ အတွက် ဆန်ကာတင် စာရင်းတွေကို ထုတ်ပြန် ကြေညာလေ့ရှိပြီးတော့ ဒီနှစ် အတွက် စာရင်း ကိုတော့ မနေ့က ထုတ်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု အတွက် ဆန်ခါတင် နည်းပြ ၅ ဦး စာရင်း မှာတော့ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်၊ ဝုဗ် နည်းပြ ဗစ်တာ ပါရဲရား၊ နော့တင်ဟမ်ဖောရက်စ် နည်းပြ နူနို အက်စ်ပီရီတို ဆန်တို၊ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ်နဲ့ ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ် တို့ ပါဝင်နေခဲ့ပါတယ်။ ဆလော့တ်ဟာ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သလို နူနို ဆန်တိုနဲ့ အက်ဒီဟောင်းဝ် ကလည်း သူတို့ရဲ့ အသင်းတွေကို Top 5 အတွက် ယှဉ်ပြိုင်နိုင်တဲ့ အသင်း ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗစ်တာ ပါရဲရား ကတော့ သူ့လက်ထက်မှာ ဝုဗ်ကို နိုင်ပွဲဆက်စေခဲ့ပြီး တန်းဆင်းဇုန်နဲ့ ဝေးရာကို ပို့ဆောင်ပေးနိုင်ခဲ့သလို သောမက်စ် ဖရန့်ခ် ကတော့ ဘရန့်ဖို့ဒ်ကို ဇယား ထိပ်ပိုင်းကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဆန်ကာတင် စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင် စာရင်း မှာတော့ ကစားသမား ၈ ဦး အထိ ပါဝင်နေခဲ့ပြီးတော့ ချန်ပီယံ လစ်ဗာပူးလ် အသင်းက ကစားသမား ၃ ဦး အထိ ပါဝင်နေခဲ့ပါတယ်။ ဆန်ကာတင် စာရင်းမှာတော့ လစ်ဗာပူးလ်က မိုဟာမက် ဆာလာ၊ ဗာဂျယ် ဗန်ဒိုက်ခ်နဲ့ ရွိုင်ယန် ဂရာဗန်ဘက်ချ်တို ပါဝင်ခဲ့ပါတယ်။ ကျန်ကစားသမားတွေ အဖြစ် နော့တင်ဟမ်ဖောရက်စ် တိုက်စစ်မှူး ခရစ္စ ဝုဒ်၊ အာဆင်နယ် ကွင်းလယ်လူ ဒီကလန် ရိုက်စ်၊ ဘရန့်ဖို့ဒ် တောင်ပံ ကစားသမား အမ်ဘူမို၊ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်နဲ့ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ် တိုက်စစ် ကစားသမား မော်ဂန် ဂစ်ဘ်ဝှိုက် တို့ ပါဝင်နေပါတယ်။
အသက် ၂၃ နှစ်အောက် ကစားသမားတွေကို ပေးအပ် ချီးမြှင့်မယ့် အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ဆန်ခါတင် စာရင်းမှာလည်း ကစားသမား ၈ ဦး ပါဝင်ခဲ့ပါတယ်။ ဒီကစားသမားတွေ ကတော့ ဝီလီယမ် ဆလီဘာ (အာဆင်နယ်)၊ မော်ဂန် ရော်ဂျာစ် (အက်စတွန်ဗီလာ)၊ ယာအို ပီဒရို (ဘရိုက်တန်)၊ ကိုးလ် ပါးလ်မား (ချဲလ်ဆီး)၊ ဟိုင်ဆန် (ဘုန်းမောက်)၊ ဂရာဗန်ဘက်ချ် (လစ်ဗာပူးလ်)၊ အီလန်ဂါ (နော့တင်ဟမ်ဖောရက်စ်)နဲ့ လီယမ် ဒီလက်ပ် (အစ်ပ်ဆွစ်ချ်တောင်း) တို့ ဖြစ်ပါတယ်။
နယ်သာလန် လက်ရွေးစင် ဂရာဗန်ဘက်ချ် ကတော့ အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင် စာရင်းမှာရော အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ဆန်ခါတင် စာရင်းမှာပါ ပါဝင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေ အနေနဲ့ ဒီဆုတွေ အတွက် မေလ ၁၉ ရက်နေ့ အထိ မဲပေးနိုင်မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.