နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန်ဒါဘီမှာ လစ်ဗာပူးလ် ပြုသမျှ နုခဲ့ရပြန်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၄-၀ မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ရဲ့ ပွဲကျန် အင်္ဂလန်ဒါဘီ ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ မန်ချက်စတာယူနိုက်တက်ကို တိုက်စစ် ခြေစွမ်းပြပြီး ၄-၀ ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ အစဉ်အလာအရ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းခဲ့တဲ့ အင်္ဂလန် ဒါဘီ ဟာ ဒီတစ်ကြိမ်မှာလည်း တစ်ဖက်သတ် ဆန်ခဲ့ပြီး ပထမအကျော့တုန်းကလိုပဲ ယူနိုက်တက်တို့ ခြေပြတ်၊ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ကလော့ပ်ရဲ့ အသင်းက ထုံးစံ အတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဒီးရာ့ဇ်၊ ကွင်းလယ်မှာ ဟန်ဒါဆင်၊ ဖာဘင်ဟို၊ သီယာဂို၊ ခံစစ်မှာ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ အလီဆွန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ၃-၄-၂-၁ အခင်းအကျင်းနဲ့ အပြောင်းအလဲ လုပ်လာခဲ့ပြီး ဂိုးမှာ ဒက်ဟဲယား၊ ခံစစ်မှာ ဖီးလ်ဂျုံးစ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ကွင်းလယ်မှာ ပေါ့ဘာ၊ မာတစ်၊ ဒါးလော့တ်၊ ဝမ်ဘစ်ဆာခါ၊ တိုက်စစ်မှာ အီလန်ဂါ၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ် တို့ ပါဝင်လာခဲ့ပါတယ်။

ပွဲစကတည်းက ယူနိုက်တက်ရဲ့ ကစားပုံ အားရစရာ မရှိခဲ့လို့ လစ်ဗာပူးလ်တို့ စိတ်ကြိုက် ချယ်လှယ်နိုင်ခဲ့ပြီး ပွဲချိန် ၅ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ မက်ဂွိုင်းယား ဦးဆောင်တဲ့ ယူနိုက်တက် နောက်တန်းရဲ့ လူကျွံဘော ဖမ်းကစားပုံ ညံ့ဖျင်းမှုကို အခွင့်ကောင်းယူပြီး မာနေး အကွက်မြင်မြင် ခင်းပေးလိုက်တာကို ဆာလာ ပြန်ချိုးပေးရာကနေ လူးဝစ် ဒီးရာ့ဇ်က အမှားအယွင်းမရှိ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၁၀ မိနစ် လောက်မှာ ပေါ့ဘာ နာသွားတာကြောင့် လင်ဂတ်နဲ့ အစားထိုးခဲ့ရပြီး ယူနိုက်တက်ရဲ့ ကွင်းလယ်လည်း တော်တော်လေး ဟာသွားခဲ့ပါတယ်။ ပွဲချိန် ၂၂ မိနစ် မှာတော့ လစ်ဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း မာနေးရဲ့ လှပတဲ့ ဖန်တီးပေးမှုကနေ မိုဟာမက် ဆာလာက ဧရိယာထဲ ဆွဲပြေးပြီး အပိုင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ လူးဝစ် ဒီးရာ့ဇ်က လစ်ဗာပူးလ် အတွက် တတိယဂိုး သွင်းယူပေးခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ရပါတယ်။

ပွဲအပြီးမှာ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီး ယူနိုက်တက် ကတော့ ဂိုးပြတ် ရှုံးခဲ့တာကြောင့် အဆင့် ၆ နေရာကို ပြန်ဆင်းသွားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ပြန်ဆင်းသွားရတဲ့ ယူနိုက်တက်

ဒုတိယပိုင်းမှာလည်း ကစားပုံ တိုးတက်လာခြင်း မရှိတဲ့ ယူနိုက်တက်ကြောင့် လစ်ဗာပူးလ်တို့ပဲ အသာစီးရခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာ ဆန်ချိုရဲ့ ဖန်တီးပေးမှု ကနေ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ အပိုင် ကန်သွင်းခွင့်ရခဲ့ပေမယ့် အလီဆွန်ရဲ့ လက်စွမ်းပြမှုကြောင့် ယူနိုက်တက်တို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ၆၈ မိနစ် မှာတော့ လစ်ဗာပူးလ်ရဲ့ တတိယဦးဆောင်ဂိုးကို ထပ်မံခွင့်ပြုပေးခဲ့ရပြီး လူးဝစ် ဒီးရာ့ဇ်ရဲ့ ဖန်တီးပေးမှုကို မာနေးက အခက်အခဲ မရှိ ကန်သွင်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲပြီးဖို့ ၅ မိနစ် အလိုမှာ လစ်ဗာပူးလ်တို့ စတုတ္ထမြောက် သွင်းဂိုး ရရှိခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ အမှား ကနေ ရော်ဘတ်ဆန်နဲ့ ဂျိုတာတို့ ဖြတ်ယူပြီး ဂိုးဧရိယာထဲ တိုက်ရိုက်ပေးပို့ခဲ့တာကို မိုဟာမက် ဆာလာက အဆုံးသတ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာလည်း လစ်ဗာပူးလ်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ အနိုင်ဂိုးတွေကို ထိန်းကစားခဲ့လို့ ယူနိုက်တက်တို့ လူလိုက်ချနေရုံ ကလွဲလို့ ဘာမှ မတတ်နိုင်ပဲ ၄ ဂိုးပြတ် ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ကလော့ပ်ရဲ့ အသင်းက သိသိသာသာ အားမစိုက်ခဲ့ရပဲ ယူနိုက်တက် တစ်သင်းလုံး ညံ့လွန်းလို့သာ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် ဂေါင်းကြီး မက်ဂွိုင်းယား ကတော့ ပွဲတိုင်းလိုလို တမျိုး မဟုတ် တမျိုး မရိုးရအောင် ဆေးထိုးနေဆဲ ဖြစ်ပြီး ဖာနန်ဒက်စ်၊ မာတစ်၊ လင်ဒီလော့ဖ် တို့ရဲ့ ခြေစွမ်းကလည်း ချာတူးလန်ခဲ့ပါတယ်။ ဆန်ချိုရဲ့ အားထုတ်မှုနဲ့ ပတ်သတ်လို့ အပြစ်ပြောစရာ မရှိပေမယ့် ရက်ရှ်ဖို့ဒ်၊ လင်ဂတ် တို့ကတော့ ကွင်းထဲမှာ ပတ်ယောင်နေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ အသင်းရဲ့ ကစားသမားဟောင်း ရီယို ဖာဒီနန် ကိုယ်တိုင် ဆက်မကြည့်ရဲလောက်အောင် ဖြစ်ခဲ့ရပြီး နောက်ရာသီမှာ တစ်သင်းလုံးစာ ကစားသမား ဖြည့်တင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း နည်းပြ ရန်းညက်ခ် ကိုယ်တိုင် ဝန်ခံသွားခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ကျော့ပေါင်း ၉ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်သလို မိုဟာမက် ဆာလာ ကတော့ ယူနိုက်တက်ကို တစ်ရာသီ အတွင်း ၅ ဂိုး သွင်းနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
အက်စတန် ဗီလာ
1X2 အက်စတန် ဗီလာ @ 2.487
ဂိုးပေါ် 2.50 @ 1.95
ပထမပိုင်း ဂိုးပေါ် 1.00 @ 1.87
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီးမှာ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီး ယူနိုက်တက် ကတော့ ဂိုးပြတ် ရှုံးခဲ့တာကြောင့် အဆင့် ၆ နေရာကို ပြန်ဆင်းသွားခဲ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် ဧပြီ ၂၄ ရက်နေ့မှာ အဲဗာတန်နဲ့ ကစားရဖို့ ရှိပြီး ယူနိုက်တက် ကတော့ ဥရောပဝင်ခွင့် တစ်နေရာ အတွက် အရေးပါတဲ့ ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်