အောက်တိုဘာ ၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ အောင်မြင်မယ်လို့ ယုံကြည်နေတဲ့ အူဒီးနီးစ် နောက်ခံလူ
လက်ရှိ ဘောလုံးရာသီမှာ တော့တင်ဟမ်ဟော့စပါး ကနေ စီးရီးအေ ကလပ် အူဒီးနီးစ်ကို အငှားနဲ့ သွားရောက် ကစားနေတဲ့ တောင်ပံ ကစားသမား ဒက်စ်တီနီ အူဒိုဂီက သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်ဖို့ ယုံကြည်ချက် ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ စပါးနဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုပြီးနောက် အူဒီးနီးစ်မှာ တစ်ရာသီ အငှားစာချုပ်နဲ့ ပြန်လည် ကစားနေတာပါ။ အူဒိုဂီက “စီးရီးအေက ကျနော့်ကို အများကြီး တိုးတက်စေပါတယ်”




“အခု ကျနော် အငှားနဲ့ ဒီမှာ ကစားနေတဲ့ လပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ အရေးကြီးပါတယ်။ စပါး နည်းပြ ကွန်တီဆီက ဘာမှမကြားရသေးပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်ကို ကျနော် မကြောက်ပါဘူး”
လိုကတ်တယ်လီ အတွက် အသင်းရဲ့ ကွင်းလယ်လူနဲ့ အလဲအထပ်လုပ်ဖို့ ဆန္ဒရှိနေတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဂျူဗင်တပ်စ် ကွင်းလယ်လူ မန်နျူရယ် လိုကတ်တယ်လီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ဂျူဗင်တပ်စ်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါနဲ့ အလဲအထပ် လုပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ အဆိုပါ စီးရီးအေ ကွင်းလယ်လူကို ကာလရှည် စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် ဘက်ကလည်း လိုကွန်ဂါကို စိတ်ဝင်စားနေတာကြောင့် ပရီးမီးယားလိဂ် ကလပ် အတွက် အခွင့်အရေးကောင်း ဖြစ်နေပါတယ်။

တဖက်မှာလည်း ဂျူဗင်တပ်စ်က လိုကွန်ဂါရဲ့ အလားအလာကို သဘောကျနေသည့်တိုင် လိုကတ်တယ်လီ ကိုတော့ လက်လွှတ်လိုခြင်း မရှိပါဘူး။ လိုကွန်ဂါဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ (၇) ပွဲ ကစားထားပြီး ဒီအထဲက (၃) ပွဲက ပွဲထွက်ခွင့် ရရှိခဲ့တာပါ။
လိုကတ်တယ်လီဟာ ယူရို-၂၀၂၁ မှာ အီတလီနဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး အာဆင်နယ်က အဆိုပါ အီတလီ ကွင်းလယ်လူကို ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီ ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။
နာပိုလီဟာ အခုထက် ပိုကောင်းလာဦးမယ်လို့ ရက်စ်ပါဒိုရီ ပြောကြား
ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ ၁-၆ ရလဒ်နဲ့ အေဂျက်စ်ကို ဂိုးမိုးရွာခဲ့ပြီးနောက် နာပိုလီ အသင်း အနေနဲ့ အခုထက် ပိုမို ကောင်းမွန်လာဦးမှာဖြစ်ကြောင်း တိုက်စစ်မှူး ဂီရာကိုမို ရက်စ်ပါဒိုရီက ပြောကြားခဲ့ပါတယ်။
နာပိုလီဟာ ချန်ပီယံလိဂ် အုပ်စု (၃) ပွဲကစားပြီးချိန်မှာ ပွဲတိုင်း အနိုင်ရရှိထားပြီး အုပ်စုကို ဦးဆောင်ထားပါတယ်။ ဒါ့အပြင် စီးရီးအေ မှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး နာပိုလီနဲ့ ပတ်သက်လို့ ပရိသတ်တွေက စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။
ရက်စ်ပါဒိုရီက “အရေးကြီးတာက ကျနော်တို့ရဲ့ ရလဒ်တွေကို အခုအတိုင်း ဆက်လက် ထိန်းသိမ်းသွားဖို့ပါပဲ။ ကျနော်တို့ တယောက်ကို တယောက် ကူညီရင်း ရှေ့ဆက်သွားမှာ ဖြစ်ပြီး အချက်အလက်တွေ အရ ပိုကောင်းလာနိုင်ပါသေးတယ်”
“ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က အရာရာတိုင်းကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။ အေဂျက်စ်ကို ၁-၆ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာလည်း ရက်စ်ပါဒိုရီက အသင်း အတွက် ၂ ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.