နိုဝင်ဘာ ၃ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချန်ပီယံဆုလိုချင်ရင် အသင်းတိုင်းကို အနိုင်ယူရမယ်လို့ တန်ဟက်ဂ် သတိပေး
ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ကလပ် ယူနိုက်တက်ဟာ ဒီကနေ့ညမှာ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် ဆိုစီဒက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီပွဲမတိုင်ခင် တန်ဟက်ဂ်က “ကျနော်တို့ အတွက် သေချာပေါက် အနိုင်ရဖို့ အရေးကြီးပါတယ်”
“ကျနော်တို့ နှစ်ဂိုး အကွာနဲ့ အနိုင်ရဖို့ လိုအပ်တာကိုလည်း သိထားပါတယ်။ ခင်ဗျား အနေနဲ့ ချန်ပီယံဆုကို လိုချင်တယ် ဆိုရင် ပွဲတိုင်းကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ခရီး အဝေးကြီး သွားဖို့ ကျန်နေပါသေးတယ်။ ဆောင်းရာသီမှာ ဆုဖလား အကြောင်း ပြောနေလို့ မရပါဘူး”
“လက်ရှိ အခိုက်အတန့်မှာ ဘာချန်ပီယံဆု ကိုမှ မဆွတ်ခူးနိုင်သေးပါဘူး။ ဒီအကြောင်းက ကက်စ်မဲရိုး ပြောသလိုပဲ တပွဲချင်းစီ အာရုံစိုက်သွားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ပွဲမှာ ဗီလာကို ပွဲဦးထွက် ကိုင်တွယ်မယ့် အူနိုင်း အမ်မရီ

သတင်းတွေအရ ဆိုရင် အူနိုင်း အမ်မရီ အနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို အက်စတွန်ဗီလာ နည်းပြ အဖြစ်နဲ့ ပထမဆုံး အကြိမ် စတင် ကိုင်တွယ်မယ်လို့လည်း သိရပါတယ်။
အူနိုင်းအမ်မရီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တည်းက အက်စတွန်ဗီလာနဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့် အလုပ်ပါမစ် မရရှိသေးတာကြောင့် အခုချိန်မှသာ အသင်းသစ်ကို ကိုင်တွယ်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် (၅၀) အရွယ် နည်းပြဟာ လာလီဂါ ကလပ် ဗီလာရီးရဲလ် ကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး စတီဗင် ဂျရတ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာဟာ အူနိုင်းအမ်မရီ မရောက်လာခင် နောက်ဆုံးပွဲမှာ နယူးကာဆယ်ကို လေးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး အခြေအနေဆိုးတွေထဲမှာ တဝဲလည်လည်ဖြစ်နေဆဲပါ။ အူနိုင်း အမ်မရီ အနေနဲ့ အက်စတွန်ဗီလာ နည်းပြဘဝ ပထမဆုံးပွဲမှာ ရလဒ်ကောင်းယူနိုင်မလားဆိုတာကိုလည်း ပရိသတ်တွေက စောင့်ကြည့်နေကြပါပြီ။
“ဆီနီဂေါဟာ အကောင်းဆုံး အာဖရိက အသင်းပါ” – အာလင်း ဟာလန်း




မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက လာမယ့် ကမ္ဘာ့ဖလား အတွက် ဆီနီဂေါ လက်ရွေးစင် အသင်းဟာ အကောင်းဆုံး အာဖရိက အသင်း ဖြစ်ကြောင်း ချီးကျူး ပြောကြားခဲ့ပါတယ်။
ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဆီနီဂေါနဲ့ ပတ်သက်လို့ မာနေးက “ကျနော့် အထင် ဆီနီဂေါက အရမ်းကို ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားကို ဖန်တီးပေးပါလိမ့်မယ်။ သူတို့က အရမ်းကို သန်မာတဲ့ ကစားသမားတွေ အများကြီးနဲ့ စုဖွဲ့ထားတဲ့ အသင်းကောင်း တစ်သင်းပါ”
“ကျနော့်အထင် ဆီနီဂေါက လာမယ့် ကမ္ဘာ့ဖလားမှာ အကောင်းဆုံး အာဖရိက အသင်း တစ်သင်း ဖြစ်လာမှာပါ” လို့ ချီးကျူး ပြောကြားသွားခဲ့ပါတယ်။
ဆီနီဂေါ လက်ရွေးစင် အသင်းကို ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ ဆာဒီယို မာနေးက ဦးဆောင်လာမှာ ဖြစ်ပြီး ချဲလ်ဆီး ဂိုးသမား အက်ဒ်ဝက် မန်ဒီ ကလည်း ဆီနီဂေါရဲ့ အဓိက ဂိုးသမား အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.