နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နွေရာသီ အပြောင်းအရွှေ့ အတွက် စတင် အလုပ်ရှုပ်နေပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်များ

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပြီးဆုံးခဲ့ပြီးနောက် မှာတော့ ဥရောပ ထိပ်တန်း ကလပ်တွေဟာ ဇွန် ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပြီ ဖြစ်တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွက် စတင် အလုပ်ရှုပ်နေကြပြီ ဖြစ်ပါတယ်။ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ရှိတာကြောင့် ကြားကာလ တစ်ခုမှာ အပြောင်းအရွှေ့ကို ခတ္တပိတ်ထားမယ် ဆိုပေမယ့် ကလပ်တွေ ကတော့ သူတို့ လုပ်စရာရှိတဲ့ ကစားသမား အဝင် အထွက် ကိစ္စတွေနဲ့ လုံးပန်းနေရဦးမှာ ဖြစ်ပါတယ်။ အခု တစ်ခါမှာတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ ကစားသမား အဝင်အထွက် အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်လို့ ပြောကြပါမယ်။

 

အာဆင်နယ်

ဒီနွေရာသီ အပြောင်းအရွှေ့မှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေတာက အာဆင်နယ် ဖြစ်ပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ စုစုပေါင်း ပေါင် ၂၉၅ သန်း ဝန်းကျင် ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စံချိန်တင် စပွန်ဆာ စာချုပ်တွေ၊ ကော်မာရှယ် စာချုပ်တွေကို ချုပ်ဆိုနိုင်ခဲ့သလို မနှစ်က နွေရာသီ အပြောင်းအရွှေ့နဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ နှစ်ခုစလုံးရဲ့ အသားတင် သုံးစွဲမှုက မရှိသလောက် နီးပါး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနွေရာသီမှာ ခရွန်ကီ မိသားစုရဲ့ KSE အနေနဲ့ အာဆင်နယ် အတွက် ကြီးမားတဲ့ စူပါစတား ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ပြနိုင်ဖို့ လိုအပ်နေပါတယ်။ နောက်ပြီး အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာလည်း ဘယ်လောက်အထိ အစွမ်းပြနိုင်မလဲ ဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ လက်ရှိ အချိန်ထိတော့ အာဆင်နယ်က ထိပ်တန်း ကစားသမားတွေရဲ့ အပြောင်းအရွှေ့တိုင်းမှာ သတင်းထွက်နေရုံက လွဲလို့ သေချာတဲ့ ခေါ်ယူမှုတွေ ဘာမှ မလုပ်ပြရသေးပါဘူး။

  • ကစားသမား အဝင် – မရှိသေး
  • ကစားသမား အထွက် – ဂျော်ဂျင်ညို (ဖလာမင်ဂို၊ အလွတ်)၊ ကီရန် တီယာနေး (ဆဲလ်တစ်၊ အလွတ်)
 

ချဲလ်ဆီး

တော့ဒ် ဘိုလေ တို့ အုပ်စု ကလည်း ပြီးခဲ့တဲ့ ရာသီက အခွန်မဆောင်ခင် အမြတ်အစွန်း တော်တော်များများ ရထားလို့ ဒီနွေရာသီမှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ လေသံပစ်ထားပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ကွန့်ဖရင့်လိဂ်ဖလား ရထားသလို ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရထားပြီး ဖြစ်တာကြောင့် ထိပ်တန်း ကစားသမားတွေ ခေါ်ယူပြဦးမှာပါ။ လက်တလောမှာတော့ လန်ဒန် ကလပ်က အစ်ပ်ဆွစ်ချ် တိုက်စစ်မှူး လီယမ် ဒီလက်ပ်နဲ့ Here We Go ထားပြီး ဖရန့်ဖတ်က ဟူဂို အစ်ကီတီကီ ကိုလည်း ဆက်လက် ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးရဲ့ ပစ်မှတ်တွေထဲမှာတော့ ဥရောပထိပ်တန်း ကစားသမား များစွာလည်း ပါဝင်နေပါတယ်။

  • ကစားသမား အဝင် – အက်စ်တီဗာအို ဝီလီယံ (ပါးလ်မီးရက်စ်၊ ပေါင် ၂၉ သန်း)၊ ဒါရီယို အက်ဆူဂို (စပို့တင်းလစ္စဘွန်း ပေါင် ၁၈.၅ သန်း)၊ ကန်ဒရီ ပေ့ဇ် (အင်ဒီပန်းဒန့်တီဒီဗယ်လီ၊ ပေါင် ၁၇.၃ သန်း)၊ မိုက်ခ် ပန်ဒါးစ် (ဂန့်ခ်၊ ပေါင် ၁၇ သန်း)
  • ကစားသမား အထွက် – ဘာရှီးယား ဟမ်ဖရေးစ် (ဘန်လေ၊ ၁၀ သန်း)၊ ဒီလန် ဝီလီယမ်စ် (ဘာတန်၊ အလွတ်)
 

လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကလည်း နောက်ရာသီ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အင်အား ဖြည့်တင်းမှု အများအပြား ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ထိပ်တန်း ကစားသမားတွေကို ခေါ်ယူသွားဦးမယ့် လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကလည်း နောက်ရာသီ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အင်အား ဖြည့်တင်းမှု အများအပြား ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ကစားသမား အထွက်တွေ ရှိလာနိုင်သလို ဝစ်ဇ်လို ထိပ်တန်း ကစားသမား အဝင်လည်း ရှိလာနိုင်တဲ့ အခြေအနေပါ။ လက်တလော မှာတော့ ညာနောက်ခံလူ အာနိုးလ် ထွက်ပြီး လေဗာကူဆင်က ဖရင်ပေါင်နဲ့ ပြန်လည် အစားထိုးထားနိုင်ပါတယ်။

  • ကစားသမား အဝင် – ဂျရမီ ဖရင်ပေါင် (လေဗာကူဆင်၊ ပေါင် ၂၉.၅ သန်း)
  • ကစားသမား အထွက် – ထရန့် အလက်ဇန္တား အာနိုးလ် (ရီးရဲလ်မက်ဒရစ်၊ ပေါင် ၈.၄ သန်း)
 

မန်ချက်စတာစီးတီး

မန်စီးတီးဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၈၀ ဝန်းကျင် သုံးစွဲခဲ့သလို နွေရာသီ အပြောင်းအရွှေ့မှာလည်း ငွေဆက်သုံးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ အသင်းရဲ့ ဂန္တဝင်လို့ ဆိုရမယ့် ကီဗင် ဒီဘရွန်းနား ထွက်ခွာသွားပြီးတော့ အေစီမီလန် ကနေ ပြန်လာမယ့် ကိုင်လ် ဝေါလ်ကာနဲ့ နောက်ထပ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ကိုဗာချစ်လည်း ထွက်ခွာသွားနိုင်ပါတယ်။ ကစားသမား အဝင် အနေနဲ့တော့ ဂွါဒီယိုလာ တစ်ယောက် လိုအပ်နေတဲ့ နေရာ တချို့ အတွက် ပစ်မှတ်ထားနေသူတွေ ရှိပြီး ခေါ်ယူသွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ လက်တလောမှာ မန်စီးတီးက စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားဆု ရထားတဲ့ တီဂျန်နီ ရီအင်ဒါနဲ့ လိုင်ယွန်က ရေယန် ချာကီ တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရထားကြောင်း သတင်းတွေ ထွက်နေပါတယ်။

  • ကစားသမား အဝင် – မရှိသေး
  • ကစားသမား အထွက် – ယန် ကူတို (ဒေါ့မန်၊ ပေါင် ၂၅ သန်း)၊ ဂျက်ကော့ဘ် ရိုက် (ပေါင် ၂.၃ သန်း)၊ ကီဗင် ဒီဘရွန်းနား (ထွက်ခွာ)
 

မန်ချက်စတာယူနိုက်တက်

ယူနိုက်တက် ကလည်း နောက်ရာသီ ဥရောပ ပြိုင်ပွဲ ကစားခွင့်မရတာ၊ အကြွေးတွေ ရှိနေတာ စတဲ့ ဆိုးရွားတဲ့ အခြေအနေတွေ ရှိနေသည့်တိုင်အောင် မားသီးယက်စ် ကူညာလို ကစားသမားကို ရအောင် ခေါ်နိုင်ခဲ့ပါပြီ။ နောက်ထပ် ကစားသမားတွေ ခေါ်ယူဖို့ ရှိနေပြီး ယူနိုက်တက်ရဲ့ အားကစား ဒါရိုက်တာ အဖွဲ့ အလုပ်လုပ်နေတ တွေ့ရပါတယ်။ ဖာနန်ဒက်စ် အပါအဝင် ကစားသမား အားလုံး နီးပါးကို အရောင်းစာရင်း တင်ထားတယ်လို့တောင် သတင်းတွေ ထွက်နေလို့ ယူနိုက်တက် အနေနဲ့ မကြာခင်မှာ လူသိများတဲ့ ကစားသမား တချို့နဲ့ လမ်းခွဲရဖွယ် ရှိနေပါတယ်။

  • ကစားသမား အဝင် – မားသီးယက်စ် ကူညာ (ပေါင် ၆၂.၅ သန်း၊ ဝုဗ်)၊ ဒီယေဂို လီယွန် (ဆာယို ပေါ်တီနို၊ ပေါင် ၃.၃ သန်း)
  • ကစားသမား အထွက် – ခရစ္စတီယန် အဲရစ်ခ်ဆင် (ထွက်ခွာ)၊ ဂျွန်နီ အီဗန့်စ် (ထွက်ခွာ)၊ ဗစ်တာ လင်ဒီလော့ဖ် (ထွက်ခွာ)
 

တော့တင်ဟမ်ဟော့စပါး

ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ စပါး ကလည်း အပြောင်းအလဲတွေ ရှိဦးမှာပါ။ လက်တလောမှာ နည်းပြ အန်ဂျီ ပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပြီး နည်းပြသစ် ထပ်ရောက်လာခဲ့ရင် ဘယ်လို ကစားသမားတွေကို ခေါ်ယူသွားမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။

  • ကစားသမား အဝင် – ကီဗင် ဒန်ဆို (လန်းစ်၊ ပေါင် ၂၁ သန်း)၊ လူကာ ဗူစကိုဗစ် (ဟက်ဂျ်ဒက်ခ် စပလစ်၊ ၁၂ သန်း)
  • ကစားသမား အထွက် – ဟွိုက်ဘယက်ဂျ် (မာဆေးလ်၊ ၁၁.၄ သန်း)၊ ဆာဂျီယို ရက်ဂီလွန်း (ထွက်ခွာ)၊ အဲလ်ဖီ ဝှိုက်မန်း (ထွက်ခွာ)၊ ဖရေဆာ ဖော်စတာ (ထွက်ခွာ)
   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်