နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမှတ်ပေးဇယားကို ၈ မှတ်ဖြတ် ဦးဆောင်လိုက်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးရဲ့ စီမံကိန်းတွေက သူ့ကို ဆွဲဆောင်နိုင်ခဲ့တယ် ဆိုတဲ့ မူဒရက်ခ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အမှတ်ပေးဇယားကို ၈ မှတ်ဖြတ် ဦးဆောင်လိုက်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးရဲ့ စီမံကိန်းတွေက သူ့ကို ဆွဲဆောင်နိုင်ခဲ့တယ် ဆိုတဲ့ မူဒရက်ခ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၆ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၈ မှတ်ဖြတ် ဦးဆောင်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ် ကတော့ မြောက်လန်ဒန် ဒါဘီမှာ တော့တင်ဟမ်စပါးကို အနိုင်ယူပြီး ဒုတိယနေရာက မန်စီးတီးကို ၈ မှတ် ဖြတ်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။ ဆက်တိုက်ကို ခြေစွမ်းပြနေတဲ့ အာဆင်နယ်က စပါးကို ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး သူတို့ရဲ့ ခြေစွမ်းကို ဘယ်အသင်းကမှ ရပ်တန့်လို့ မရဘူးဆိုတာ ထပ်မံ ပြသနိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့ လိုရစ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဦးဆောင်ဂိုး ရခဲ့ပြီး အဲ့နောက် မှာတော့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က ဒုတိယဂိုးကို သွင်းယူပေးခဲ့တာပါ။ အဓိက, ကတော့ ဟူဂို လိုရစ်ရဲ့ မမှားသင့်တဲ့ အမှား ကနေ ဦးဆောင်ဂိုး ပေးလိုက်ရတာက စပါးကို ပိုပြီး နိမ့်ပါးသွားစေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်က ဒီလိဂ်ရဲ့ အကောင်းဆုံး အသင်း ဆိုတာကို လက်ခံရမှာ ဖြစ်သလို ဆုဖလား ရယူနိုင်ဖို့ အတွက်လည်း ပိုမိုပြီး ပီပြင်လာခဲ့ပါပြီ ဖြစ်ပါတယ်။ ရာသီဝက်ကာလ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သလို အာဆင်နယ်တို့ လက်ရှိ ခြေစွမ်း ကိုသာ ဆက်ထိန်းထားနိုင်မယ် ဆိုရင်တော့ သူတို့ အသင်း သမိုင်းမှာ ပထမဦးဆုံး အကြိမ် အဖြစ် စံချိန်တင် ရမှတ်တွေနဲ့ အတူ ဆုဖလား ရယူနိုင်ဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

 

ချဲလ်ဆီးရဲ့ စီမံကိန်းတွေက သူ့ကို ဆွဲဆောင်နိုင်ခဲ့တယ် ဆိုတဲ့ မူဒရက်ခ်

အစောပိုင်းတုန်း ကတော့ မူဒရက်ခ်ဟာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့ချင်တယ်လို့ ပြောဆိုခဲ့သူ ဖြစ်ပါတယ်။
ငွေကို ရေလိုသုံးပြီး အသင်းကို မြေလှန် ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

ယူကရိန်း ကလပ် ရှက်တာဒိုးနတ် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ မီခိုင်လို မူဒရက်ခ် ကတော့ ချဲလ်ဆီးရဲ့ စီမံကိန်းတွေက သူ့ကို စိတ်လှုပ်ရှားစေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ မူဒရက်ခ်ဟာ ချဲလ်ဆီးနဲ့ မနေ့ကပဲ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ကာ အသင်းနဲ့ ၈ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးနဲ့ ဆုကြေးငွေ စုစုပေါင်း ယူရို သန်း ၁၀၀ အထိ ချဲလ်ဆီးက ပေးချေသွားရမှာပါ။

မူဒရက်ခ်က “ ချယ်လ်ဆီးနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ ကျနော် ဝမ်းသာမိပါတယ်၊ ချဲလ်ဆီးက ကြီးမားတဲ့ အသင်းပါ၊ ပရိးမီးယားလိဂ် ကလည်း အရမ်းကောင်းတဲ့ လိဂ် တစ်ခု ဖြစ်ပြီးတော့ ချဲလ်ဆီးရဲ့ စီမံကိန်းတွေက ကျနော့်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်၊ အသင်းဖော်တွေနဲ့ တွေ့ဆုံဖို့ ကျနော် စိတ်လှုပ်ရှားနေပြီး ဂရဟေမ် ပေါ်တာ ဆီကနေလည်း အများကြီး သင်ယူသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အစောပိုင်းတုန်း ကတော့ မူဒရက်ခ်ဟာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့ချင်တယ်လို့ ပြောဆိုခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က သူ့အတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ပေးချေဖို့ တွန့်ဆုတ်နေချိန်မှာ ချဲလ်ဆီးက ကြားဝင်လာခဲ့ပြီးတော့ ရှက်တာဒိုးနတ် အလိုရှိတဲ့ ငွေကြေးပမာဏကို ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
တော့တင်ဟမ် ဟော့စပါး
1X2 မန်ချက်စတာစီးတီး @ 1.36
ဂိုးပေါ် 3.00 @ 1.86
ဂိုးပေါင်း 2-3 @ 2.16
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

ယူနိုက်တက်မှာ ကျောနံပါတ် ၂၇ ဝတ်ဆင်သွားမယ့် ဝက်ဂ်ဟော့စ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးသစ် ဝတ် ဝက်ဟော့စ်ဟာ အသင်းမှာ ကျောနံပါတ် ၂၇ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ်။ နယ်သာလန် တိုက်စစ်မှူးဟာ ဘက်ဆီးတပ်စ်မှာ အငှားကစားရာ ကနေ စာချုပ် ဖျက်သိမ်းပြီး ယူနိုက်တက်ကို အငှားနဲ့ပဲ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ ရာသီကုန်အထိ ရှိသွားမှာ ဖြစ်ပြီး သရဲနီတွေ အတွက် အရာအားလုံး ပေးဆပ်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အာဂျင်တီးနား ဘက်ကို ၂ ဂိုး သွင်းယူ အပြီး လူသိများ ထင်ရှားလာခဲ့သူလည်း ဖြစ်ပါတယ်။ အရပ်အမောင်း ၆ ပေနဲ့ ၆ လက်မ ရှိတဲ့ ဝက်ဟော့စ်က ပရီးမီးယားလိဂ် အတွေ့အကြုံ အနည်းငယ်ရှိပြီး တန်ဟက်ဂ် အတွက်တော့ အရေးပေါ် အခြေအနေတွေမှာ အသုံးပြုလို့ ရနိုင်မယ့် တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက် အတွက် အထောင်တိုက်စစ်မှူး အဖြစ် ကစားပေးနေတဲ့ အန်တိုနီ မာစီရယ်က ထင်သလောက် ခြေစွမ်းမပြနိုင်ဖြစ်နေပြီး ဝက်ဂ်ဟော့စ်သာ ခြေစွမ်းပြမယ် ဆိုရင် ပုံမှန် ပွဲထွက်ခွင့်ရယူနိုင် မှာလည်း ဖြစ်ပါတယ်။ ဝက်ဟော့စ်ကို အမြင့်ဘောတွေ ကောင်းမွန်ပြီး ကွင်းလယ်ထိ ဆင်းကာ ဘောလုံးရယူနိုင်သူ၊ ခံစစ်ပိုင်း အထိပါ လိုက်လံ ကူညီနိုင်သူ အဖြစ်နဲ့လည်း လူသိများပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်