နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြ စာရင်းမှာ ထိပ်ဆုံးနေရာ ရောက်လာတဲ့ ပိုစတီကိုဂလူး | ပရီးမီးယားလိဂ်

နော့တင်ဟမ်ဖောရက်စ် နည်းပြ အန်ဂျီ ပိုစတီကိုဂလူး က‌တော့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီး ထုတ်ပယ်ခံရမယ့် နည်းပြ ရေပန်းစားမှုမှာ ထိပ်ဆုံးနေရာ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ပိုစတီကိုဂလူးဟာ မကြာသေးခင်ကမှ နော့တင်ဟမ်ဖောရက်စ် အသင်း နည်းပြ အဖြစ် စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးတာကြောင့် ထုတ်ပယ်ခံရဖွယ် ရှိလာတာ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ ပိုစတီကိုဂလူး လက်အောက်မှာ ၇ ပွဲ စလုံး နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး ၂ ပွဲ သရေ၊ ၅ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အပြီးမှာ မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ထိပ်ဆုံး နေရာမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ် ၇ မှာတော့ ယူနိုက်တက် ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရလိုက်ခြင်းနဲ့ အတူ အမော်ရင် အနေနဲ့ သူ့ အပေါ် ကျရောက်နေတဲ့ ဖိအားတွေကို အနည်းငယ် လျှော့ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ် ကတော့ ပွဲစဉ် ၇ မှာ နယူးကာဆယ်ကို ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ ဖြစ်သူ ပိုစတီကိုဂလူး ကလည်း ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အမော်ရင်ရဲ့ နေရာကို အစားထိုး ဝင်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ နော့တင်ဟမ်ဖောရက်စ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ရောက်ရှိနေပြီး အဆင့် ၁၈နဲ့ ၁၉ နေရာက အသင်းတွေနဲ့လည်း ၁ မှတ်သာ ကွာဟနေပါတယ်။ ဒါ့အပြင် ဖောရက်စ်က နိုင်ငံတကာ ရက်သတ္တပတ်တွေ အပြီးမှာ ချဲလ်ဆီး၊ ဘုန်းမောက် တို့နဲ့ ပရီးမီးယားလိဂ် ပေါ်တိုနဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေပါတယ်။

အန်ဂျီ ပိုစတီကိုဂလူး ကတော့ ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီးနောက် နော့တင်ဟမ်ဖောရက်စ် အသင်း ပိုင်ရှင်၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးလိုကြောင်း ပြောကြားထားပါတယ်။ ပိုစတီကိုဂလူးက “၃ ပတ်ခွဲ အတွင်း ၆ ပွဲ၊ ၇ ပွဲ ဆက်တိုက် ကစားခဲ့ရတဲ့ အချိန်မှာ လူတွေက ကျွန်တော့်ကို အကဲဖြတ်ချင်ကြတယ် ဆိုရင်တော့ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ဘာမှ လုပ်လို့ မရပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဖောရက်စ်က နိုင်ငံတကာ ရက်သတ္တပတ်တွေ အပြီးမှာ ချဲလ်ဆီး၊ ဘုန်းမောက် တို့နဲ့ ပရီးမီးယားလိဂ် ပေါ်တိုနဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေပါတယ်။
ပိုစတီကိုဂလူး လက်ထက်မှာ ပြိုင်ပွဲစုံ ၇ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ နော့တင်ဟမ်ဖောရက်စ်

အဲဒီနောက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ထပ်လောင်း ပြောကြားရာ မှာတော့ ပိုစတီကိုဂလူးက “ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် အခုလက်ရှိ ရောက်နေတဲ့ အနေအထားကို ကျွန်တော် နှစ်သက်ပါတယ်။ အရာအားလုံး အတွက် တိုက်ပွဲဝင်ရမယ့် အနေအထားကို ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုလုံးမှာ ဒီလိုပဲ ကျွန်တော် လုပ်ခဲ့ပါတယ်။ ကျွန်တော် အသက် ၃၂ နှစ်မှာ ဩစတေးလျမှာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကထဲ စဝင်ခဲ့တယ်။ ပြီးတော့ ကျွန်တော် အသက် 60 မှာ ပရီးမီးယားလိဂ်မှာ ရောက်နေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိလို့လား ဒါမှမဟုတ် တိုက်ပွဲဝင်ရတာကို မကြိုက်ဘူးလို့ ထင်လား။ ကျွန်တော့်ရဲ့ ဆက်နွယ်မှုတွေကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို မရောက်လာပါဘူး။”

တစ်ဖက် မှာလည်း နော့တင်ဟမ်ဖောရက်စ် ကတော့ ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားကို ကာလရှည်ကြာ ပစ်မှတ်ထားနေပေမယ့် ရာသီကုန် အထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် အခုရာသီ အတွင်း ခေါ်ယူဖို့က ခက်ခဲနေပါတယ်။ ဒါ့အပြင် ဖောရက်စ်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး နည်းပြဟောင်း ရာဖာ ဘင်နီတက်ဇ် နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘင်နီတက်ဇ်ဟာ ၂၀၂၂ ဇန်နဝါရီလမှာ အဲဗာတန်နဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေပြီး လက်ရှိမှာ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) မှာ နည်းစနစ် အကြံပေး အဖြစ် ဆောင်ရွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်