နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရန့်ဖို့ဒ်နဲ့ သတင်းတွေ ထွက်ခဲ့တာက မဟုတ်မမှန်ကြောင်း ငြင်းဆန်ခဲ့တဲ့ ပိုချက်တီနို | ပရီးမီးယားလိဂ်

အမေရိကန် လက်ရွေးစင် အသင်း နည်းပြ မော်ရူစီယို ပိုချက်တီနို ကတော့ ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်ရဲ့ နည်းပြ ရာထူး အတွက် သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနား လူမျိုး နည်းပြက သူ့ အနေနဲ့ ဘရန့်ဖို့ဒ်နဲ့ ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ငြင်းဆန် ပြောကြားသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ဟာ နည်းပြ သောမတ်စ် ဖရန့်ခ် တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့သွားခဲ့တာကြောင့် နည်းပြသစ် ရှာဖွေခဲ့ချိန်မှာ ပိုချက်တီနို၊ စတိဗ် ကူးပါး တို့နဲ့ ဆွေးနွေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့်လည်း လက်ရှိအချိန် မှာတော့ ဘရန့်ဖို့ဒ်က သူတို့ရဲ့ Set piece နည်းပြ ကိသ် အန်ဒရူးစ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပိုချက်တီနို ကတော့ ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်နဲ့ သတင်းထွက်ခဲ့တာနဲ့ ပတ်သတ်ပြီး မဟုတ်မမှန်ကြောင်း အခုလိုပဲ ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုက “ဒီအသင်းက ကျွန်တော့်ကို ဘယ်တုန်းကမှ မဆက်သွယ်ခဲ့သလို၊ ကျွန်တော်လည်း ဘယ်တုန်းကမှ သူတို့နဲ့ စကားမပြောခဲ့ပါဘူး။” ဆိုပြီး ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

မော်ရူစီယို ပိုချက်တီနို ကတော့ လက်ရှိ အမေရိကန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ရာမှာ ရလဒ်တွေ မကောင်းတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ အာဂျင်တီးနားသား ကတော့ ပရီးမီးယားလိဂ် ကလပ်တွေ နည်းပြ ရာထူး လစ်လပ်ချိန်တိုင်း သတင်းတွေ ထွက်ပေါ်လေ့ ရှိသူလည်း ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးတို့ သောမက်စ် ဖရန့်ခ်ကို နည်းပြ အဖြစ် မခန့်အပ်ခင်က ပိုချက်တီနိုကို ပြန်လည် ခေါ်ယူမယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ အဓိက ကတော့ ပိုချက်တီနိုဟာ စပါးရဲ့ ဥက္ကဌ ဒန်နီ လီဗိုင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် ကောလာဟလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပိုချက်တီနို ကိုယ်တိုင်က Sky Sports နဲ့ အင်တာဗျူးမှာ သူဟာ လီဗိုင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြောင်း တစ်နေ့မှာ ပရီးမီးယားလိဂ် ကလပ်ဟောင်းဆီ ပြန်လာလိုကြောင်းလည်း ဝန်ခံသွားခဲ့ပါတယ်။ 

ဒါပေမဲ့လည်း ပိုချက်တီနို ကတော့ ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်နဲ့ သတင်းထွက်ခဲ့တာနဲ့ ပတ်သတ်ပြီး မဟုတ်မမှန်ကြောင်း အခုလိုပဲ ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ကို ကွန်ကာကက်ဖ် ကွာတားဖိုင်နယ် ပို့ဆောင်ထားတဲ့ ပိုချက်တီနို

ပိုချက်တီနိုဟာ ယခင်က အက်စ်ပန်ညို၊ ဆောက်သမ်တန်၊ တော့တင်ဟမ်ဟော့စပါး၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး တို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒီကလပ်တွေထဲ မှာတော့ ပိုချက်တီနိုက တော့တင်ဟမ်ဟော့စပါးနဲ့ ပီအက်စ်ဂျီ တို့ကို နိုင်ပွဲ ရာခိုင်နှုန်း အများဆုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ပိုချက်တီနိုဟာ နည်းပြ ဘဝ အောင်မြင်မှု အနေနဲ့ စပါးကို ခရာဘောင်ဖလားနဲ့ ချန်ပီယံလိဂ်မှာ ဒုတိယ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဆုဖလားတော့ ရယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ ပိုချက်တီနိုက ပီအက်စ်ဂျီ မှာတော့ လီဂူးဝမ်း၊ Coupe de France၊ s Champions ချန်ပီယံဆုတွေ ရရှိခဲ့ပါတယ်။

လက်ရှိမှာ ပိုချက်တီနိုက အမေရိကန် လက်ရွေးစင် အသင်းကို ၁၃ ပွဲ ကိုင်တွယ်ထားပြီးတော့ ၇ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲ ရှုံးထားပါတယ်။ အမေရိကန် လက်ရွေးစင် အသင်းဟာ လက်တလော ကွန်ကာကက်ဖ် ရွှေဖလားကို ယှဉ်ပြိုင်ကစားလျက် ရှိပြီး အုပ်စု ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရကာ ရှုံးထွက်အဆင့်ကို တက်လှမ်းထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်က ကွာတားဖိုင်နယ်မှာ ကော်စတာရီကာနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်