ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း အတွက် နောက်ထပ် ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
“ချန်ပီယံလိဂ် ဖလား မရရင် မပြည့်စုံဘူးလို့ ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ချန်ပီယံလိဂ်သာ မရရင် သူ့ရဲ့ ဘဝက ဘယ်လိုမှ မပြည့်စုံနိုင်ဘူးလို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးကို ရှုံးနိမ့်ပြီး ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပပ်ရဲ့ အသင်းက ပြီးခဲ့တဲ့ ရာသီ ကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
မန်စီးတီးနဲ့ ၂ နှစ် စာချုပ် သက်တမ်းတိုးထားတဲ့ ဂွါဒီယိုလာက ” ချန်ပီယံလိဂ် လိုချင်တာ တစ်ခုတည်းနဲ့ သက်တမ်း တိုးခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ် ဖလား လိုချင်တယ် ဆိုတာတော့ ဝန်ခံပါတယ်။ ချန်ပီယံလိဂ် ဖလား မရရင် ကျနော့်ရဲ့ မန်စီးတီး နည်းပြဘဝက ပြည့်စုံမှာ မဟုတ်ပါဘူး” လို့ ဖွင့်ဟ ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။




“ကစားသမား တချို့ကြောင့်လို့ ဇယားထိပ် ရောက်ဖို့ အချိန်ယူခဲ့ရတယ်” အာတေးတား
အာတေးတားက “ပထမဆုံး အနေနဲ့ ဆုံးဖြတ်ချက်တွေကို ကျနော် လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကလပ် အနေနဲ့ ကျနော်တို့ အားလုံး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ ဘာလုပ်ကြမယ် ဆိုပြီး ကျနော်ရဲ့ တိုက်တွန်းမှုတွေတော့ ရှိတာပေါ့။ ကျနော်တို့ ဘယ်နေရာကို ရောက်ချင်တယ်ဆိုပြီး ခံစားမိတာတော့ ရှိတာပေါ့။
“ဒါပေမယ့် ဘယ်ကစားသမားကြောင့် ဆိုပြီး ကျနော် မပြောချင်ပါဘူး။ ကစားသမား အချို့ကြောင့် ဒီလိုဖြစ်နေတာလို့ ထင်ပါတယ်။ ကစားသမား ရှင်းထုတ်ရမှုတွေ ကလည်း ပြန်လည် တည်ဆောက်ဖို့ဟာ ကျနော်တို့ ကြိုးစားခြင်းရဲ့ ဗျူဟာ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ကိုယ်က တိုးတက်မှုတွေ ခပ်မြန်မြန် ရလိုတယ် ဆိုပေမယ့် အသင်းကို နောက်ပြန်ဆွဲနေတဲ့၊ ဖိအားတွေ ဝင်နေစေတဲ့ လူတွေကြောင့် အခက်အခဲတွေ ရှိနေတယ် လို့လည်း ပြောကြားသွားခဲ့ပါတယ်။
ဒီလိုပြောရတာ စိတ်မကောင်းပေမယ့် အသင်းကို ခပ်မြန်မြန် ရှေ့ဆက်နိုင်ဖို့အတွက် ကစားသမားပဲ ဖြစ်ဖြစ်၊ ဝန်ထမ်းပဲ ဖြစ်ဖြစ် ကလပ်ကို ထိခိုက်စေသူတွေ ကိုတော့ ရှင်းထုတ်ရမှာပါပဲ။ ဒါကြောင့် ကျနော်တို့ ဆုံးဖြတ်ချက် ချခဲ့ရတာပါ” လို့ အာတေးတား ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ၅ မှတ် ဖြတ်ထားတဲ့ အာဆင်နယ်ဟာ ဒုတိယ ရာသီဝက်မှာ အသင်းရဲ့ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
ဆရာဟောင်းဆီ ပြောင်းချင်လွန်းလို့ ဖုန်းဆက် တောင်းဆိုခဲ့တဲ့ မာတီနက်ဇ်

ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် တစ်ယောက် အိုးထရက်ဖို့ဒ်ကို မရောက်ခင် သူနဲ့ ဘာတွေ ပြောဖြစ်ခဲ့ကြသလဲ ဆိုတာကို ပြန်လည် ဖွင့်ဟလိုက်ပါတယ်။
တန်ဟက်ဂ်က “မာတီနက်ဇ် အေဂျက်ဇ် ကနေ ထွက်လာဖို့ ဆိုတာ ကျနော့် အတွက် တော်တော်လေး ခက်ခဲပါတယ်။ ကျွန်တော်က အဲ့ဒီမှာ အကောင်းဆုံး အချိန်တွေ ရှိခဲ့ဖူးပြီး အားလုံးနဲ့ အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီလို အချိန်တွေ ကနေ အေဂျက်ဇ်ကို ဥရောပရဲ့ စင်မြင့်ထက်ကို ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုက ကျွန်တော့် အတွက် အရမ်းကို သဘောကျစရာ ဖြစ်ခဲ့ပါတယ်”
“မာတီနက်ဇ် ကိုယ်တိုင် ကလည်း အေဂျက်ဇ် ကနေ ထွက်ခွာချင်ခဲ့ပါတယ်။ ကျွန်တော် တို့သာ သူ့ကို မခေါ်ဘူး ဆိုရင် သူက အာဆင်နယ်ကို ပြောင်းတော့မှာပါ။ အာဆင်နယ်က သူ့ကို ဘယ်လိုပဲရရ လိုချင်နေတာပါ။ သူဟာ အမ်းမရိတ်ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်နေပါတယ်။”
အဲ့ဒီအချိန်မှာ သူက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ဆရာ နည်းပြရေ ကျွန်တော်ပြောတာကို နားထောင်ပေးပါဦး။ အခု ကျွန်တော် အေဂျက်ဇ် ကနေ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်ထွက်တော့မယ်၊ အာဆင်နယ် ကိုလည်း ပြောင်းနိုင်တယ်။ ဒါပေမယ့် ဆရာက ကျွန်တော့်ကို ခေါ်ချင်တယ် ဆိုရင်တော့ ကျွန်တော် ယူနိုက်တက်ကို ပြောင်းလာခဲ့ပါမယ်” လို့ ပြောခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.