နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီနွေရာသီမှာ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ မရှိတဲ့ ပါးလ်မား၊ အဲရစ်ခ် ဂါစီယာကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပါဝင်လာတဲ့ စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကွင်းလယ်လူ ကိုးလ် ပါးလ်မား ကတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက ဒီနွေရာသီမှာ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ အလားအလာ မရှိဘူးလို့ သိရပါတယ်။ ပါးလ်မားဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားပြီး ၂၅ ဂိုး သွင်းကာ ၁၅ ဂိုး ဖန်တီးပေးခဲ့ပြီး ဒီရာသီ မှာ‌တော့ ၄၁ ပွဲ ကစားကာ ၁၄ ဂိုး သွင်း၊ ၉ ဂိုး ဖန်တီးပေးထားပါတယ်။

လစ်ဗာပူးလ် ကတော့ အက်တလက်တီကိုမက်ဒရစ်က စိတ်ဝင်စားနေတဲ့ ဒါဝင် နူညက်ဇ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ အရင်ဆုံး လက်လွှတ်ပြီး ယူရို သန်း ၄၀ ကနေ ယူရို ၄၅ သန်း ကြား (ပေါင် ၃၄ သန်း ကနေ ပေါင် ၃၈ သန်း) ကြားနဲ့ ရောင်းထုတ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ နူညက်ဇ် ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ကတည်းက အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို လက်မလျှော့သေးပေမယ့်လည်း ယူနိုက်တက်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရာမှာ ရှုံးနိမ့်ဖွယ် ရှိနေပါတယ်။ အာဆင်နယ်ဟာ လာမယ့် အပြောင်းအရွှေ့မှာ နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ကြိုးပမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ကိုမို၊ ဂီရိုနာ၊ ဘက်တစ်နဲ့ ဆိုစီဒက် တို့က စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ နောက်ခံလူ အဲရစ်ခ် ဂါစီယာကို ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကလည်း ခေါ်ယူချင်နေကြောင်း Fichajes က ဖော်ပြပါတယ်။
မန်ချက်စတာစီးတီး မှာလည်း ကစားခဲ့ဖူးတဲ့ တော့တင်ဟမ်ဟော့စပါး

ဆက်စပ် သတင်းတွေ အရ အာဆင်နယ် ဘယ်နောက်ခံလူ အိုလက်ဆန်ဒါ ဇင်ချန်ကို ကို ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်က စိတ်ဝင်စားမှု တိုးလာကြောင်း သိရပါတယ်။ ဇင်ချန်ကို ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အာဆင်နယ် ကနေ ထွက်ခွာဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကတော့ အန်းဖီးလ် ကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေတဲ့ လစ်ဗာပူးလ် ဂိုးသမား ကာအိုမင် ခယ်လာဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ခယ်လာဟာ ကိုတော့ ဝက်စ်ဟမ်း အပြင် ပရီးမီးယားလိဂ် ကလပ် တော်တော်များများ စိတ်ဝင်စားနေပါတယ်။

မိုနာကို တောင်ပံကစားသမား အဲလစ်ဆီ ဘန် ဆက်ဂ်ဟီယာ ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့က အိပ်မက် ဖြစ်ကြောင်း စပိန် မီဒီယာတွေက ဖော်ပြပါတယ်။

ကိုမို၊ ဂီရိုနာ၊ ဘက်တစ်နဲ့ ဆိုစီဒက် တို့က စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ နောက်ခံလူ အဲရစ်ခ် ဂါစီယာကို ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကလည်း ခေါ်ယူချင်နေကြောင်း Fichajes က ဖော်ပြပါတယ်။

အက်သလက်တီကိုမက်ဒရစ် ကတော့ တော့တင်ဟမ်ဟော့စပါး ဗဟိုနောက်ခံလူ ခရစ္စတီယန် ရိုမဲယိုကို ခေါ်ယူဖို့ အတွက် သူတို့ရဲ့ တောင်ပံကစားသမား ရိုဒရီဂို ရီကယ်လ်မီကို အပြောင်းအရွှေ့ရဲ့ တစ်စိတ် တစ်ပိုင်း အဖြစ် ထည့်သွင်း ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း MARCA က ဖော်ပြပါတယ်။

လစ်ဗာပူးလ် ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ တခြား ကလပ်တွေနဲ့ အပြိုင်အဆိုင် ကြိုးစားနေပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် တာဝန်ရှိသူတွေ အနေနဲ့ မကြာခင်မှာ သိသာ ထင်ရှားတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရန် ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်စီးတီးနဲ့ ဘာစီလိုနာ တို့ ကတော့ ဖလာမင်ဂို ညာနောက်ခံလူ ဝက်စ်လေကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ အသက် ၂၄ နှစ် အရွယ် အင်တာမီလန် နောက်ခံလူ ယန်း ဘစ်ဆက်ခ် ကတော့ ဘုန်းမောက်၊ အဲဗာတန်၊ ယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း တို့ရဲ့ ပစ်မှတ် ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်