မန်ချက်စတာယူနိုက်တက် ဂိုးသမား အန်ဒရေ အိုနာနာ ကတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကြောင့် သူ့ရဲ့ ပုံစံကို ပြောင်းလဲမှာ မဟုတ်ကြောင်း တုံပြန် ပြောကြားလိုက်ပါတယ်။ အိုနာနာ ကတော့ ပရီးမီးယားလိဂ် ကလပ်မှာ ပုံမှန် လက်စွမ်းပြသနိုင်ခြင်း မရှိသလို မကြာခဏ ဆိုသလို တလွဲလုပ်တတ်တဲ့ သူ့ရဲ့ အပြုအမူတွေကြောင့် လှောင်ပြောင် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အိုနာနာဟာ Sweeper Keeper ဂိုးသမား ဖြစ်ပေမယ့်လည်း ဘောလုံးကို မလိုအပ်ပဲ အချိန်ကြာမြင့်စွာ ကိုင်ထားပြီး လျင်မြန်စွာ ပေးပို့မှု မလုပ်တတ်တာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတာပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီ ပွဲစဉ် မှာလည်း အိုနာနာ တစ်ယောက် တုံဆိုင်းနေတာကြောင့် တန်ပြန် တိုက်စစ် လျင်လျင်မြန်မြန် စတင်နိုင်မယ့် အခွင့်အရေး တချို့နဲ့ လွဲချော်ခဲ့ပါသေးတယ်။ ဒီလိုမျိုး မလုပ်သင့်တဲ့ အမှားတွေ ကျူးလွန်တတ်ပေမယ့် အိုနာနာ ကတော့ လှောင်ပြောင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသည့် တိုင်အောင် အခုလိုပဲ တုံပြန်လာခဲ့တာ ဖြစ်ပါတယ်။
အိုနာနာက “ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒါတွေ (လှောင်ပြောင် ဝေဖန်မှုတွေ)က ကျွန်တော့်ကို သက်ရောက်မှု မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က အသင်းကို ကူညီပေးဖို့ ဆုံးဖြတ်တာပါ။ တစ်ခါတလေမှာ ကျွန်တော်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချတတ်ပြီး တစ်ခါတလေတော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် လုပ်မိပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေ အနားယူဖို့ လိုအပ်တယ်လို့ ခံစားရတဲ့အခါ ကျွန်တော်က အချိန် ရအောင် ဖန်တီးပါတယ်။ ကျွန်တော်တို့ ပွဲရဲ့ အရှိန်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ခံစားရတဲ့ အခါ ဆိုရင်တော့ ကျွန်တော် လျင်လျင်မြန်မြန် လုပ်မှာပါ။ ဒါပေမယ့် တစ်ခါတလေ ဒုတိယပိုင်းမှာ ပြိုင်ဘက်က အရမ်း ထိန်းချုပ်ထားပြီး ဘောလုံးပိုင်ဆိုင်မှု ပိုများနေရင် ကျွန်တော့် လူတွေကို အသက်ရှူခွင့်ပေးရပါမယ်။ ကျွန်တော် အဲဒီလိုလုပ်ဖို့ သူတို့ လိုအပ်ပါတယ်။ တကယ်လို့ အသင်းက ပွဲအရှိန်တင်ဖို့ လိုအပ်ရင်လည်း ကျွန်တော် အဲဒါကို လုပ်မှာပါ။ ကျွန်တော်က အသင်း အတွက် အကောင်းဆုံး ဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့ ကြိုးစားနေသူပါ။” လို့ ပြောကြားခဲ့ပါတယ်။

ကင်မရွန်း ဂိုးသမားဟာ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက်တုန်းက အင်တာမီလန် ကနေ ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ အေဂျက်စ်နဲ့ အင်တာမီလန် မှာတုန်းက တည်ငြိမ်တဲ့ လက်စွမ်းပြသခဲ့တဲ့ အိုနာနာကို မျှော်လင့်တကြီးနဲ့ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လည်း အိုနာနာက ယူနိုက်တက်ကို အရောက် မှာတော့ အမှားပေါင်း များစွာ ပြုလုပ်ခဲ့သလို တချို့ လုပ်ရပ်တွေဟာ ပရိသတ်တွေ တွက် ငိုအားထက် ရယ်အားသန် ဖြစ်နေစေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထူးခြားတာက အိုနာနာ အနေနဲ့ သူ့ရဲ့ အမှားတွေကြောင့် ခွင့်ပြုပေးခဲ့ရတဲ့ ဂိုး အရေအတွက်ဟာ ဂိုးသမားဟောင်း ဒါးဗစ် ဒက်ဟဲယား ယူနိုက်တက်မှာ ဆယ်စုနှစ် တစ်ခု အကြာ ကစားခဲ့စဉ် အတွင်း ပြုလုပ်ခဲ့တဲ့ အမှားတွေ ထက်တောင် ပိုများနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက် ပရိသတ်တွေက အိုနာနာကို အမြန်ဆုံး ရောင်းထုတ်ပြီး ဂိုးသမားသစ် တစ်ဦး ပြန်လည် ခေါ်ယူဖို့ အချိန်တိုင်း မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ အိုနာနာ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အတွက် ၉၃ ပွဲ ကစားထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.