နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ နီကိုးလက်စ် ဂျက်ဆန် | ပရီးမီးယားလိဂ်

ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန် ကတော့ သူ့အတွက် စီးရီးအေ ကလပ် နှစ်ခုရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းဆန် ပယ်ချလိုက်တာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ ပိုမို ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆီနီဂေါ တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ ထွက်ခွာနိုင်ခြေ များပြားနေသူ ဖြစ်ပြီး သူ့ကိုတော့ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေခဲ့တာပါ။

ချဲလ်ဆီးဟာ ဒီနွေရာသီမှာ တိုက်စစ်မှူး အသစ် နှစ်ဦး ခေါ်ယူခဲ့ပြီးနောက် ဂျက်ဆန်ရဲ့ အနာဂတ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ တော်တော်လေး ဝေးဝါးသွားခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီး ချဲလ်ဆီး တိုက်စစ်ပိုင်း အတွက် ယာအို ပက်ဒရိုနဲ့ လီယမ် ဒီလက်ပ် တို့ကို ခေါ်ယူလိုက်တာ ကလည်း ဂျက်ဆန်ရဲ့ ဆုံးဖြတ်ချက် ပိုမို ခိုင်မာသွားစေခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ နာပိုလီနဲ့ အေစီမီလန် တို့က စိတ်ဝင်စားလာခဲ့သလို မန်ချက်စတာယူနိုက်တက် ကလည်း အလက်ဟန်ဒရို ဂါနာချိုနဲ့ အလဲအလှယ် လုပ်ဖို့ စဉ်းစားနေတယ် ဆိုတဲ့ သတင်းတွေပါ တက်လာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဂျက်ဆန်က ပရီးမီးယားလိဂ်မှာ ဆက်လက် ကစားချင်တဲ့ ရည်ရွယ်ချက်နဲ့ စီးရီးအေ ကလပ် နှစ်သင်းရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချလိုက်ပါပြီ။

ဒီလို ဂျက်ဆန်ရဲ့ ဆုံးဖြတ်ချက်က မန်ချက်စတာယူနိုက်တက် အတွက် အခွင့်အရေး တစ်ခု ဖြစ်လာဖို့ ရှိပေမယ့် ဆီနီဂေါသားကို သဘောမကျတဲ့ ယူနိုက်တက် ပရိသတ် အများစု အတွက်တော့ စိတ်ပျက်စရာ သတင်းတစ်ခု ဖြစ်လာပါတယ်။ ချဲလ်ဆီး ကတော့ အစောပိုင်းမှာ ဂျက်ဆန်ကို ပေါင် သန်း ၁၀၀ ရမှ ရောင်းမယ် ဆိုပြီး သတင်းလွှင့်ခဲ့သေးပေမယ့် အမှန်တကယ် ကြိုးပမ်းလာတဲ့ ကလပ် ရှိရင်တော့ ဒီထက် ထက်ဝက် နည်းတဲ့ ပမာဏလောက်နဲ့ လက်လွှတ်သွားဖွယ် ရှိနေပါတယ်။

အခုတော့ ဂျက်ဆန်က ပရီးမီးယားလိဂ်မှာ ဆက်လက် ကစားချင်တဲ့ ရည်ရွယ်ချက်နဲ့ စီးရီးအေ ကလပ် နှစ်သင်းရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချလိုက်ပါပြီ။
ချဲလ်ဆီး ကနေ ထွက်ခွာဖို့ များနေတဲ့ နီကိုးလက်စ် ဂျက်ဆန်

ယူနိုက်တက် ကတော့ နည်းပြ ရူဘင် အမော်ရင် သဘောမကျတဲ့ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ရာသီသစ်မှာ ဆက်လက် အသုံးပြုလိုခြင်း မရှိတာကြောင့် တိုက်စစ်မှူး တစ်ဦး ရှာဖွေနေရပြီး အများစု မထင်မှတ်ထားတဲ့ တိုက်စစ်မှူးကို မျက်စိကျနေခဲ့တာပါ။ ဟွိုက်ဂျ်လန်းဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ အထိ ကစားခဲ့ပေမယ့် ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် မှာလည်း ၄ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ လက်ရှိ မှာတော့ ဟွိုက်ဂျ်လန်းက ယူနိုက်တက် ကနေ ထွက်ခွာဖို့ များနေပြီး သူရဲ့ အသင်းဟောင်း အတ္တလန္တာ အပြင် အင်တာမီလန်၊ ဂျူဗင်တပ်စ် တို့နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။ 

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမိုလို့ တိုက်စစ် ကစားသမားတွေကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဂျက်ဆန်ရဲ့ ကိုယ်စားလှယ် တွေဟာ ဒီနွေရာသီမှာ ဖြစ်နိုင်ခြေ ရှိတဲ့ အပြောင်းအရွှေ့ အတွက် ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စိတ်ဝင်စားမှုကို စတင် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ တစ်ခု ရှိတာက ချဲလ်ဆီးက ဂျက်ဆန်ကို ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် ပြောင်းရွှေ့ကြေးက အဓိကကျပြီး ဒီနွေရာသီမှာ ကစားသမား နှစ်ဦး အတွက် ပေါင် သန်း ၁၃၀ လောက် သုံးစွဲထားတဲ့ ယူနိုက်တက် အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ လာမယ့် ရာသီမှာ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် မရရှိထားတာကြောင့် ဘဏ္ဍာရေးအရ အားနည်းချက် များစွာ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်