နီကို ဂွန်ဇာလက်ဇ် ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကမှ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတော့ စပိန် ကွင်းလယ် ကစားသမားဟာ အက်တီဟတ် ကနေ ပြန်လည် ထွက်ခွာဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ မန်စီးတီး ဘက်ကတော့ နီကို ဂွန်ဇာလက်ဇ်ဟာ လာမယ့် ရာသီ သူတို့ အသင်းရဲ့ အစီအစဉ်မှာ ပါဝင်နေဆဲ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
နီကို ဂွန်ဇာလက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးမှာ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားခဲ့ပြီးတော့ ၂ ဂိုးသွင်းကာ ခြေစွမ်းပိုင်းမှာ ထူးထူးခြားခြား ကောင်းမွန်နေတာမျိုးတော့ မမြင်ခဲ့ရပါဘူး။ ဒါကြောင့် ဂွါဒီယိုလာက ဒီနွေရာသီ အစောပိုင်း ကတည်းက နီကို ဂွန်ဇာလက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို သံသယ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဂွါဒီယိုလာဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီ ACL ဒဏ်ရာကြောင့် ခွဲစိတ် ကုသမှုခံယူပြီး အနားယူနေရချိန်မှာ အစားထိုးဖို့ အတွက် နီကို ဂွန်ဇာလက်ဇ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်သားဟာ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲသာ ကစားခွင့် ရခဲ့ပြီး အချိန် အများစုကို အရန်ခုံမှာ ကုန်ဆုံးခဲ့ရပါတယ်။ ဒါ့အပြင် နီကိုက မကြာသေးခင်က ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း စုစုပေါင်း ပွဲချိန် ၆၁ မိနစ်သာ ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရိုဒရီ ပြန်လည် ကစားနိုင်ခြင်းနဲ့ အတူ မန်စီးတီးက တီဂျန်နီ ရီအင်ဒါနဲ့ ရေယန် ချာကီ တို့ကို ထပ်မံ ခေါ်ယူလိုက်တာကြောင့် နီကို ဂွန်ဇာလက်ဇ် တစ်ယောက် ပွဲထွက်ခွင့် ရဖို မလွယ်ကူတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။ နီကို ဂွန်ဇာလက်ဇ်ရဲ့ အေးဂျင့် ဖြစ်သူ ကတော့ သူ့ရဲ့ ကစားသမားကို ဥရောပ ကလပ်တွေ အပြင် ဆော်ဒီပရိုလိဂ်က ကမ်းလှမ်းမှုတွေ ကိုပါ စောင့်မျှော်လျက် ရှိကြောင်း သိရပါတယ်။ မန်ချက်စတာစီးတီး ကတော့ ဒီကစားသမားကို ပြန်ရောင်းထုတ်မယ် ဆိုရင် သူတို့ ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင်သန်း ၅၀ ထက် မလျော့တဲ့ ပမာဏ လိုချင်နေကြောင်း သိရပါတယ်။ တကယ်တော့ နီကို ဂွန်ဇာလက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ၆ လ နီးပါးသာ ဖြတ်သန်းထားရသူ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နီကို ဂွန်ဇာလက်ဇ်ဟာ ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်မှာ ဘာစီလိုနာ ကနေ ပေါ်တိုကို ပေါင် ၇ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၅ ဆောင်းရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ မန်စီးတီးက ပေါင်သန်း ၅၀ နဲ့ခေါ်ယူပြီးတော့ ၂၀၂၉ ခုနှစ် အထိ ၄ နှစ် စာချုပ်ချုပ်ဆိုထားပါတယ်။ လက်ရှိ မန်ချက်စတာစီးတီးရဲ့ ကွင်းလယ်မှာ ကစားသမားတွေ တော်တော်လေး များပြားနေတာ တွေ့ရပြီးတော့ ကွင်းလယ် ခံစစ်နေရာမှာ ကစားနိုင်တဲ့ ကစားသမား ဆိုရင် ၈ ယောက်လောက် ရှိနေပါတယ်။ ဒါကြောင့် မန်စီးတီးဟာ မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်ရဖို့ ရှိနေပြီးတော့ ကယ်ဗင် ဖီးလစ်၊ ဂွန်ဒိုအန်၊ ကိုဗာချစ် တို့နဲ့ အတူ နီကို ဂွန်ဇာလက်ဇ် ကိုပါ အသင်း ကနေ ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.