နယူးကာဆယ် – လစ်ဗာပူးလ်
ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ လစ်ဗာပူးလ်တို့ စိန့်ဂျိမ်းပါ့ခ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက် အတွက် ပွဲတိုင်းလိုလိုကို အမှားမခံစတမ်း ကစားနေတဲ့ လစ်ဗာပူးလ်တို့ ခြေစွာနေတဲ့ နယူးကာဆယ်ကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။




ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမား အင်အားဖြည့်တင်းပြီးနောက် တောက်လျောက် ရလဒ်တွေ ကောင်းနေခဲ့တဲ့ နယူးကာဆယ်တို့ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာကိုတောင် ရောက်ရှိနေခဲ့ပါပြီ။ နယူးကာဆယ်ဟာ ရာသီဝက်က စပြီး လစ်ဗာပူးလ် ပြီးရင် နိုင်ပွဲ အများဆုံး ရထားတဲ့ အသင်း ဖြစ်သလို နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပါတယ်။ နယူးကာဆယ်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲ ရလဒ်ကို ပြန်ကြည့်မယ် ဆိုရင် ချဲလ်ဆီး၊ အဲဗာတန်နဲ့ စပါးတို့ကို ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ကလွဲရင် ကျန် ၇ ပွဲစလုံး အနိုင်ရထားပါတယ်။ ငှက်ကြားတွေ အနေ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၁၇ ပွဲ ကစားထားရာမှာ ၇ ပွဲနိုင်၊ ၆ ပွဲ သရေကျပြီး၊ ၄ ပွဲသာ ရှုံးနိမ့်ထားလို့ မဆိုးဘူးလို့ ပြောလို့ ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ကော်လမ် ဝီလ်ဆင်၊ ထရစ်ပီယာ၊ ဖရေဆာ၊ ဟေဒန်၊ လီဝစ်၊ ကလက်ခ် တို့လို ကစားသမားတွေ ဒဏ်ရာရနေသည့် တိုင်အောင် ရလဒ်ကောင်းတွေ တောက်လျောက် ရှာဖွေထားနိုင်တဲ့ နယူးကာဆယ်တို့ အခုလာမယ့် ပွဲမှာလည်း လစ်ဗာပူးလ်ကို အကောင်းဆုံး ဒုက္ခပေးဖို့ ပြင်ဆင်လာဦးမှာ သေချာပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ဒူဗရက်ဗ်ကာ၊ လက်ဆဲလက်စ်၊ ဘန်း၊ တားဂတ်၊ ခရက်ဖ်၊ ရှဲလ်ဗီ၊ ဝေးလ်လော့ခ်၊ ဂီမာရေးစ်၊ စိန့်မက်ဆီမင်၊ အဲလ်မီရွန်၊ ဂျိုးလင်တန်

လစ်ဗာပူးလ် ကတော့ နောက်ပိုင်း နှစ်တွေထဲမှာ အကောင်းဆုံး နှစ်တစ်နှစ်ကို ဖြတ်သန်းနေတယ် လို့တောင် ပြောလို့ ရပါတယ်။ ခရာဘောင်ဖလား ချန်ပီယံ ဖြစ်ပြီးနောက် အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲ ရောက်ထားသလို ချန်ပီယံလိဂ် မှာလည်း ဗိုလ်လုပွဲ တက်ဖို့ အခြေအနေ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို ၁ မှတ် အကွာနဲ့ အကောင်းဆုံး ဖိအားပေးထားနိုင်ပြီး အခုပွဲ ကလည်း လစ်ဗာပူးလ် အတွက် အတိုင်းအတာ တစ်ခု အထိ အရေးပါနေပါတယ်။ အပွင့်လင်းဆုံး ပြောရရင် မန်စီးတီး ခြေချော်မှ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်မှာ ဖြစ်ပေမယ့် ဂျာဂျင် ကလော့ပ်ရဲ့ အသင်းက လက်ကျန် ပွဲစဉ် အားလုံးကို အတတ်နိုင်ဆုံး အနိုင်ကစားဖို့ ရည်ရွယ်ထားပါလိမ့်မယ်။ ဒါကြောင့် နောက်အပတ်ထဲမှာ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားဖို့ ရှိနေပေမယ့်လည်း ကလော့ပ် ကတော့ အဓိက ကစားသမားတွေ ကိုပဲ ထုတ်သုံးလာဖို့ များနေပါတယ်။ ကလော့ပ် အတွက် ဝမ်းသာစရာ အခြေအနေ တစ်ခုက အသင်းမှာ ဒဏ်ရာရ ပွဲပယ် ကစားသမား ကင်းနေတာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – အလီဆွန်၊ မက်တစ်ပ်၊ ဗန်ဒိုက်ခ်၊ အာနိုးလ်၊ ဆီမီကတ်စ်၊ ကေတာ၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ မာနေး၊ ဆာလာ၊ ဂျိုတာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြိုင်ပွဲစုံ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၂၁ ကြိမ်မှာ လစ်ဗာပူးလ်က ၁၁ ကြိမ်နိုင်ပြီး နယူးကာဆယ် ကတော့ ၄ ကြိမ်သာ အနိုင်ရထားပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ် မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာတော့ လစ်ဗာပူးလ်တို့ နယူးကာဆယ်ကို ၂ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာလည်း လစ်ဗာပူးလ်တို့ နယူးကာဆယ်ကို ၃-၁ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် အတွက် ၇.၆၀ ဆ၊ လစ်ဗာပူးလ် အတွက် ၁.၄၂ ဆ၊ သရေ အတွက် ၄.၃၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ နယူးကာဆယ်ရဲ့ ခြေစွမ်း တည်ငြိမ်နေမှုက လစ်ဗာပူးလ်ကို ခက်ခဲစေနိုင်ပေမယ့် အနိုင်ယူဖို့လောက် အထိတော့ မစွမ်းပါဘူး။ လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် ကစားထားလို့ အနည်းငယ် ပွဲပန်းနေပေမယ့် နယူးကာဆယ် ကလည်း ဒဏ်ရာရ ကစားသမား များနေဆဲပါ။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပြီး လစ်ဗာပူးလ်ပဲ တစ်ဂိုး အသာလောက်နဲ့ ကပ်နိုင်သွားဖွယ် ရှိနေပါတယ်။
ခန့်မှန်းရလဒ် (၁-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.