နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ကို ခက်ခဲစေဦးမယ့် နယူးကာဆယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နယူးကာဆယ် – အာဆင်နယ်

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ အာဆင်နယ်တို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အာဆင်နယ်ကို ဒုက္ခပေးလေ့ရှိတဲ့ နယူးကာဆယ်တို့ ဒီတစ်ကြိမ်မှာရော ဂန်းနားတွေရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ရိုက်ချိုးသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အက်ဒီဟောင်းဝ်ရဲ့ နယူးကာဆယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ပွဲကစားထားပြီး ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ သရေကျခဲ့တဲ့ ၃ ပွဲစလုံးက အဝေးကွင်း ပွဲစဉ်တွေမှာ ဖြစ်ပြီး အိမ်ကွင်းမှာတော့ ဝုဗ်ကို နိုင်ပြီး နယူးကာဆယ်ကို ရှုံးထားတာ ဖြစ်ပါတယ်။ နယူးကာဆယ်က မနှစ်ကလောက် မဟုတ်တော့ပေမယ့် အသင်းကြီးတွေနဲ့ တွေ့ရင် ခက်ခဲအောင် လုပ်နိုင်နေဆဲ ဖြစ်ပါတယ်။ အိဆက်ခ် မရှိတော့တာကြောင့် နယူးကာဆယ်ရဲ့ တိုက်စစ်ပိုင်းက အနည်းငယ် အားနည်းသွားပေမယ့် ခံစစ်ပိုင်း ကတော့ တောင့်တင်းနေဆဲ ဖြစ်ပါတယ်။

တကယ်တော့ နယူးကာဆယ်က အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းပေါ်က ကြီးမားတဲ့ ဆူးညှောင့် တစ်ခု ဖြစ်ပါတယ်။ အာဆင်နယ်ကို နှစ်တိုင်း ဒုက္ခပေးတာလည်း နယူးကာဆယ်ပဲ ဖြစ်ပါတယ်။ ပေါလ်မာဆင်က အာဆင်နယ်တို့ နယူးကာဆယ် ဆီကနေ အမှတ်ပြည့် မယူနိုင်ရင် ချန်ပီယံ ပြေးလမ်း ကနေ စောစောစီးစီး ထွက်ခွာသွားရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ သူပြောတာ အပြည့်အဝ မမှန်ပေမယ့် အတိုင်းအတာ တစ်ခု အထိတော့ ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ 

လက်ရှိမှာ အာဆင်နယ်က ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၅ မှတ် ကွာဟနေပြီး ဒီတစ်ပတ် ရလဒ်တွေက အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လစ်ဗာပူးလ် ကလည်း ပဲလေ့စ်နဲ့ ကစားရမှာ ဖြစ်လို့ပါ။ အာတေးတားရဲ့ လူထုတ်ပုံနဲ့ နည်းစနစ်ပိုင်း အမှားအယွင်း မရှိဖို့ လိုအပ်ပါတယ်။ မန်စီးတီးနဲ့ ပွဲလို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေရင်တော့ နယူးကာဆယ်ကို အခွင့်အရေးတွေ ပေးမိသလို ဖြစ်သွားနိုင်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ၃ ကြိမ်နိုင်ပြီး နယူးကာဆယ်က ၂ ကြိမ်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ အာဆင်နယ်

အခုပွဲကိုတော့ နယူးကာဆယ် ဘက်က ဖေဘီယန် ရှား၊ ဂျက်ကော့ဘ် ရမ်ဆေးနဲ့ ဝစ်ဆာတို့ လွဲချော်ဖို့ ရှိနေပါတယ်။

အာဆင်နယ် ဘက်မှာတော့ ဟင်ကပ်ပီ၊ ဂျေဇုစ်၊ ဟာဗက်ဇ်နဲ့ မာဒူခေးတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ ဘော့တ်မန်း၊ ဘန်း၊ လစ်ဗရာမန်တို၊ ဂီမာရေ့စ်၊ တိုနာလီ၊ ဂျိုးလင်တန်၊ အီလန်ဂါ၊ ဝေါလ်တီမိတ်ဒ်၊ ဂေါ်ဒွန်

အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယောကီးရက်စ်၊ အီးဇီး

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၂၃ ကြိမ် နိုင်၊ ၃ ကြိမ် သရေကျပြီး နယူးကာဆယ်က ၇ ကြိမ် နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ၃ ကြိမ်နိုင်ပြီး နယူးကာဆယ်က ၂ ကြိမ်နိုင်ခဲ့ပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ နယူးကာဆယ်က ၄ ကြိမ်နိုင်ပြီး အာဆင်နယ်က ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၃.၂၁ ဆ နီးပါး ရမှာ ဖြစ်ပြီး အာဆင်နယ် နိုင်ရင်တော့ ၂.၁၄ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၀၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ အာဆင်နယ် ဘက်က ခပ်ပါးပါး ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ အများစု ကတော့ အာဆင်နယ်တို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ သရေ တစ်မှတ်လောက်ပဲ ရမယ်လို့ တွက်ဆထားကြပုံပါပဲ။ အာဆင်နယ်က ဒီပွဲမှာ အမှတ်ဆုံးရှုံးခဲ့မယ် ဆိုရင် လစ်ဗာပူးလ်နဲ့ အမှတ်ပြတ်သွားနိုင်သလို လစ်ဗာပူးလ် ရလဒ်မကောင်းခဲ့ရင်လည်း အခွင့်ကောင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ အာဆင်နယ်တို့ ကပ်နိုင်သွားမယ့် ပွဲပါ။ 

ခန့်မှန်းရလဒ်

နယူးကာဆယ် ၀-၁ အာဆင်နယ် 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်