နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လိုက်ပ်ဇစ် ကစားသမား နှစ်ဦးကို ပစ်မှတ် အဖြစ် သတ်မှတ်လိုက်တဲ့ နယူးကာဆယ်၊ အမ်မီ မာတီနက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားလာတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဇွန်လ ၂၉ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဇာဗီ ဆိုင်မွန်နဲ့ အန်တိုနီယို နူဆာ တို့ကတော့ နယူးကာဆယ် အတွက် အရေးပါတဲ့ ပစ်မှတ်တွေ အဖြစ် ပေါ်ထွက်လာကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဒီကစားသမား အတွက် ပေါင် သန်း ၁၀၀ ဝန်းကျင် အသုံးပြုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ် အနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လိုရင်တော့ အပြောင်းအရွှေ့ဈေးကွက် နှောင်းပိုင်း အထိ စောင့်ရမှာ ဖြစ်ကြောင်း SPORT က ဖော်ပြပါတယ်။ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရဖို့ အက်စတွန်ဗီလာ၊ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ချဉ်းကပ်မှုတွေကို ငြင်းပယ်ထားကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။ သိမ်းငှက်တွေဟာ အင်္ဂလန် လက်ရွေးစင် ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ကျော် အလိုရှိနေတယ်လို့ သိရပါတယ်။ 

အာဆင်နယ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်းနဲ့ ဆွေးနွေးမှုတွေ စတင်နေကြောင်း AFTV က ဖော်ပြခဲ့ပါတယ်။ နိုင်ဂျီးရီးယားသား ကတော့ စာချုပ်သက်တမ်း နောက်ဆုံး ၂ နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂန်းနားတွေ ကတော့ တော့တင်ဟမ်ဟော့စပါးကို ကျော်ပြီး ခရစ္စတယ်ပဲလေ့စ် ကွင်းလယ် တိုက်စစ် ကစားသမား အီဘာရီချီ အီးဇီးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ FootballTransfers ရဲ့ ဖော်ပြချက်အရ ဘူကာယို ဆာကာ နေရာမှာ အရန် အဖြစ် အသုံးပြုဖို့ အင်္ဂလန် လက်ရွေးစင် ကစားသမားကို ဒီနွေရာသီမှာ အရ ခေါ်ယူဖို့ အာဆင်နယ်တို့ ကြိုးပမ်းနေတာလို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ အန်ဒရေ အိုနာနာကို ရောင်းထုတ်ဖို့ အရင်ဆုံး စီစဉ်နေရတာလည်း ဖြစ်ပါတယ်။
အမ်မီ မာတီနက်ဇ်ကို ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိနေတဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက်ဟာ အီမီလီယာနို မာတီနက်ဇ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ မရသေးတာကြောင့် ချဲလ်ဆီးက ကြားဖြတ် ခေါ်ယူဖို့ အက်စတွန်ဗီလာထံ ကမ်းလှမ်းထားကြောင်း The Mirror က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အန်ဒရေ အိုနာနာကို ရောင်းထုတ်ဖို့ အရင်ဆုံး စီစဉ်နေရတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ကို ရောက်ရှိလာနိုင်တဲ့ ကစားသမား ကတော့ အေစီမီလန် တောင်ပံ ကစားသမား ရာဖေးလ် လီယောင်ပါ။ CaughtOffside ရဲ့ ဖော်ပြချက်အရ အေစီမီလန်ဟာ ပေါင် သန်း ၇၀ တန် ပေါ်တူဂီ လက်ရွေးစင်ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ 

ဘရန့်ဖို့ဒ် ကတော့ တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကို မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နဲ့ ရောင်းထုတ်ဖို့ စောင့်ဆိုင်းနေကြောင်း FootballTransfers က ဖော်ပြခဲ့ပါတယ်။ လောလောဆယ် မှာတော့ သရဲနီတွေဟာ ကင်မရွန်း တိုက်စစ်မှူးကို ပေါင် ၆၂.၅ သန်းနဲ့ နောက်ဆုံး အကြိမ် ကမ်းလှမ်းထားကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီး ကတော့ နယူးကာဆယ် နောက်ခံလူ တီနို လစ်ဗရာမန်တိုကို ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း GIVEMESPORT က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် တာဝန်ရှိသူတွေ ကတော့ အင်္ဂလန် လက်ရွေးစင်ကို အသင်း ကနေ ရောင်းထုတ်ဖို့ ငြင်းဆန်သွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်