ဆောက်သမ်တန် ၁-၂ နယူးကာဆယ်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ ပွဲကျန် တစ်ပွဲ အဖြစ် ဆောက်သမ်တန်နဲ့ နယူးကာဆယ်တို့ စိန့်မေရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဧည့်သည် နယူးကာဆယ်က ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အိမ်ရှင်တို့ ခြေစွမ်းပိုင်း အသာရခဲ့ပေမယ့် အဆုံးသတ် အားနည်းခဲ့ပြီး နယူးကာဆယ် ကတော့ အခွင့်အရေး ရရင် ရသလို အသုံးချနိုင်ခဲ့လို့ အဖိုးတန် အဝေးကွင်း ၃ မှတ် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
နှစ်သင်းလုံး ပြီးခဲ့တဲ့ ပွဲစဉ်တွေက လူစာရင်း၊ ကစားကွက် အခင်းအကျင်းတွေနဲ့ပဲ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဆောက်သမ်တန် တိုက်စစ်မှာ ချေးအဒမ်နဲ့ ဘရိုဟာတို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်မှာ ရိုမီယူ၊ ဂျိမ်းစ် ဝက်ဒ်-ပရောက်စ်၊ အမ်းစတောင်း၊ အဲလ်ယွန်နူဆီ၊ လစ်ဗရာမန်တို၊ ဝေါလ်ကာ ပီတာ၊ ဆယ်လီဆူ၊ ဘက်ဒ်နာရက်ခ်နဲ့ ဂိုးမှာတော့ ဖရေဆာ ဖော်စတာပဲ ပါဝင်ခဲ့ပါတယ်။ အက်ဒီဟောင်းရဲ့ ၄-၃-၃ အခင်းအကျင်း မှာတော့ ခရစ္စဝုဒ်၊ ဖရေဆာ၊ မာဖီ၊ ရှဲလ်ဗီ၊ ဂီမာရေး၊ ဝေးလ်လော့ခ်၊ တားဂတ်၊ ဘန်း၊ ရှား၊ ခရက်ဖ်၊ ဒူဗရက်ကာတို့ ပွဲထွက်ခဲ့ပါတယ်။

ပွဲစကတည်းက ဆောက်သမ်တန်တို့ တောင်ပံ ကနေ ဖြတ်တင်ဘောတွေ တောက်လျောက် ပေးပို့ပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ပြီး နယူးကာဆယ်တို့ ပြိုင်ဘက် အသင်းရဲ့ တိုက်စစ်ကို တော်တော်လေး ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၂၅ မိနစ် မှာတော့ စိန့်တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့ပြီး ပီတာရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး ပြန်ချပေးရာ ကနေ ဂိုးရှေ့မှာ အသင့် ရှိနေတဲ့ အမ်းစတောင်းက အပိုင်ခေါင်းတိုက် သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဆောက်သမ်တန်တို့ အခွင့်အရေး တချို့ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ပွဲချိန် ၃၆ မိနစ် မှာတော့ နယူးကာဆယ်ကို ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ရှဲလ်ဗီ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ခရစ္စဝုဒ်က ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပြီး နယူးဇီလန် တိုက်စစ်မှူး အတွက် နယူးကာဆယ် ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲပြန်စချိန်မှာတော့ ပွဲက အကြိတ်အနယ် ပိုရှိလာခဲ့ပြီး နယူးကာဆယ်တို့က ပိုပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၂ မိနစ် မှာတော့ ဒေါင့်ကန်ဘောက တစ်ဆင့် ဒင်းန်ဘန်း ခေါင်းတိုက် ပြန်ချပေးတဲ့ ဘောလုံးကို ဘရူနို ဂီမာရေးစ်က မြေမကျ နောက်ပေါက်နဲ့ လှလှပပ ကန်သွင်းခဲ့သွားလို့ နယူးကာဆယ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ဆောက်သမ်တန်တို့ လိုအပ်နေတဲ့ ဂိုးတွေ ရဖို့ အမ်းစတောင်း၊ ရှိန်းလောင်း၊ ဒီဂျန်ပို တို့ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို နယူးကာဆယ် ဘက်ကတော့ ဂီမာရေးစ်နဲ့ ခရက်ဖ် တို့ ဒဏ်ရာရသွားခဲ့လို့ လောင်းစတပ်ဖ်၊ မန်ကီလိုလို့ လူစားဝင်ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဆယ်လီဆူရဲ့ အပိုင် ခေါင်းတိုက်ချက်ကို ဂိုးသမား ဒူဗရက်ကာ ကာကွယ်သွားနိုင်ခဲ့လို့ နယူးကာဆယ်တို့ သက်သာရာရခဲ့သလို ခံစစ်မှူးတွေ အမှားမရှိခဲ့တာကြောင့် ၁-၂ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။




ပွဲပြီးသုံးသပ်ချက်
ဆောက်သမ်တန်တို့ ဘောလုံး ပိုင်ဆိုင်မှု၊ ပေးပို့မှု၊ အခွင့်အရေး ဖန်တီးမှု၊ ဂိုးပေါက် ခြိမ်းခြောက်မှု၊ အဘက်ဘက်မှာ အပြတ်အသတ် အသာရခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုက ရှုံးပွဲနဲ့ ကြုံသွားစေခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အမြင့်ဘောတွေကို အားကိုးပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် အရပ်အမောင်း ပိုသာတဲ့ နယူးကာဆယ် တိုက်စစ်က သွင်းဂိုးတွေ ရှာတွေ့ခဲ့တယ်လို့လည်း ပြောလို့ ရပါတယ်။
ဒီပုံစံ အတိုင်းဆိုရင် နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်မှာ လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ် အတွင်း မန်စီးတီး ပြီးရင် ရလဒ် အကောင်းဆုံး အသင်းလည်း ဖြစ်နေခဲ့ပါပြီ။ ရလဒ်ပိုင်းအရ ဆိုရင်လည်း အက်ဒီဟောင်းရဲ့ အသင်းအနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို နိုင်ပွဲ ၆ ပွဲ၊ သရေ ၃ ပွဲ အထိ ရှာဖွေထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေပေမယ့် အဆင့် ၁၁ နေရာက ပဲလေ့စ်နဲ့ ၂ မှတ်သာ ကွာဟတော့တာကြောင့် အချိန်မရွေး ဇယား အလယ်လောက်ကို တက်လှမ်းနိုင်တဲ့ အခြေအနေလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ နှစ်အစပိုင်းမှာ ရလဒ်တွေ ကောင်းခဲ့တဲ့ ဆောက်သမ်တန် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ပြန်ဆင်းခဲ့ရပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.