နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်ကို စံချိန်တင် လုပ်ခလစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ကလပ် စံချိန်တင် လုပ်ခလစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။ နယူးကာဆယ်ဟာ အိဆက်ခ်ကို အရင် ကတည်းက အသင်းမှာ ဆက်ထိန်းထားချင်ခဲ့တာ ဖြစ်ပြီး ဒီနွေရာသီမှာ ဆွီဒင်သားကို မရောင်းဖို့ ဥက္ကဌ ဖြစ်တဲ့ အဲလ်ရူမေယန် ကိုယ်တိုင်က ညွှန်ကြားထားခဲ့တာပါ။

အသက် ၂၅ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားကာ ၂၇ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ခရာဘောင်ဖလား ချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့ရာမှာလည်း အဓိက နေရာ ကနေ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ပွဲပေါင်း ၄၀ ကစားကာ ၂၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် တစ်ရာသီထက် တစ်ရာသီ ခြေစွမ်း တိုးတက်လာသူ အဖြစ်လည်း သတ်မှတ်လို့ ရနေပါတယ်။ အိဆက်ခ်ဟာ လာလီဂါ ကလပ်ဟောင်း ရီးရဲလ်ဆိုစီဒက် မှာတော့ ၁၃၂ ပွဲ ကစားကာ ၄၄ ဂိုး သွင်းယူခဲ့ပါတယ်။

အိဆက်ခ်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ လက်ရှိမှာ တစ်ပတ် လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေပါတယ်။
ဘရူနို ဂီမာရေးစ်ထက် အိဆက်ခ်ကို လုပ်ခလစာ ပိုပေးဖို့ စီစဉ်နေတဲ့ နယူးကာဆယ်

ဒါကြောင့် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ The Times ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ အိဆက်ခ်ကို အသင်းမှာ ဆက်ထိန်းဖို ဆုံးဖြတ်ထားပြီး ကလပ် စံချိန်တင် လုပ်ခလစာနဲ့ပါ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။ 

အိဆက်ခ်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ လက်ရှိမှာ တစ်ပတ် လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေပါတယ်။ လက်ရှိ နယူးကာဆယ်မှာ လုပ်ခ လစာ အများဆုံးရနေတဲ့ ကစားသမားက အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ် ဖြစ်ပြီး တစ်ပတ်ကို ပေါင် ၁၆၀၀၀၀ အထိ ရရှိနေပါတယ်။ နယူးကာဆယ်ဟာ အိဆက်ခ်ကို ဂီမာရေးစ်ထက် လစာပိုပေးပြီး နှစ်ရှည် စာချုပ်သစ် အတွက် ကမ်းလှမ်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ရာသီမကုန်ခင်က နယူးကာဆယ်သာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိရင် အသင်းပြောင်းရွှေ့ဖို့ ရှိခဲ့သူ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အိဆက်ခ်ရဲ့ အေးဂျင့် ဖြစ်သူက နယူးကာဆယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိရင် သင့်တော်တဲ့ နှုန်းထားနဲ့ ရောင်းထုတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်က ရာသီကုန်မှာ အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့တာကြောင့် အိဆက်ခ်ရဲ့ အသင်း ပြောင်းရွှေ့ဖွယ် ရှိတယ် ဆိုတဲ့ သတင်းတွေက ပြန်ငြိမ်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆွီဒင်သားက နယူးကာဆယ်နဲ့ စာချုပ်သက်တမ်း တိုးဖို့ နီးစပ်လာခဲ့ပြီးတော့ မကြာခင်မှာ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။ သေချာတာက အိဆက်ခ် အနေနဲ့ လာမယ့် ရာသီမှာ ဆက်လက် ခြေစွမ်းပြနိုင်ဦးမယ် ဆိုရင်တော့ သူ့ရဲ့ တန်ကြေးက အခုထက် ပိုမိုမြင့်မားသွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်