ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းမှာ ရရှိထားတဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့…
၁၈ သန်း ရင်းပြီး သန်း ၁၂၀ ပြန်လိုချင်နေတဲ့ ဘင်ဖီကာ
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် တို့က အပြိုင် စိတ်ဝင်စားနေကြတဲ့ အန်ဇို ဖာနန်ဒက်ဇ် ကိုတော့ ဘင်ဖီကာက စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၁၂၀ ရမှသာ ရောင်းချသွားမယ်လို့ ကြေညာလိုက်ပါတယ်။
အသက် ၂၁ နှစ်သာ ရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင်ဟာ ဒီရာသီမှ ရေးဗားပလိတ် ကနေ ဘင်ဖီကာဆီ ယူရို ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ ဘင်ဖီကာ အနေနဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားနဲ့ ကမ်းလှမ်းမှ ပြန်လည် ရောင်းထုတ်သွားမယ့် သဘော ရှိနေပါတယ်။
အန်ဇိုဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အစမှာ အာဂျင်တီးနား ကွင်းလယ်မှာ အခွင့်အရေး မရခဲ့ပေမဲ့လည်း ဆော်ဒီကို အံ့အားသင့်ဖွယ်ရာ အရေးနိမ့်ပြီးနောက် နည်းပြ စကာလိုနီ ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ အတူ နေရာ တစ်နေရာ အခိုင်အမာ ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မမ်းဖစ် ဒီပိုင်းကို ကမ်းလှမ်းဖို့ ရှိနေတဲ့ နယူးကာဆယ်
Diario SPORT ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မမ်းဖစ် ဒီပိုင်းကို ယူရို ၁၅သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒီပိုင်းက အသင်းနဲ့ စာချုပ် ဖျက်သိမ်းသွားတဲ့ တိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့ သင့်တော်သူ တစ်ဦး အဖြစ် နည်းပြ တန်ဟက်ဂ်က စဉ်းစားထားပေမယ့် လက်ရှိမှာတော့ ငှက်ကြားတွေနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။




ဘာစီလိုနာ တာဝန်ရှိသူတွေ ကလည်း အသင်းရဲ့ လစာ ငွေကြေးပမာဏကို ထိန်းညှိသွားနိုင်ဖို့ ဒီပေးကို အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ ထွက်ခွာခွင့်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ အနေနဲ့ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဆော်ဒီ ကျောထောက် နောက်ခံရှိတဲ့ နယူးကာဆယ်နဲ့ ပြိုင်ပြီး ယှဉ်လုဖို့တော့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဇန်နီယိုလိုကို အနီးကပ် စောင့်ကြည့်နေတဲ့ အာဆင်နယ်
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ကတော့ ရိုးမား ကွင်းလယ် တိုက်စစ် ကစားသမား နီကိုလို ဇန်နီယိုလို ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ် အရွယ် အီတလီ လက်ရွေးစင်ဟာ အခုနှစ် ဘောလုံး ရာသီမှာ ရိုးမား အတွက် အဓိကကျတဲ့ ကစားသမား တစ်ဦး ဖြစ်နေပြီး ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၂ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။
ဂန်းနားတို့ အနေနဲ့ ဒီကစားသမားရဲ့ ဘက်စုံ စွမ်းဆောင်ရည်တွေကို သဘောကျနေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အမ်းမရိတ်စ်ဆီ အရောက် ခေါ်ဆောင်နိုင်ဖို့ ကြိုးစားနေကြောင်း သတင်းတွေမှာ ဖော်ပြလျက် ရှိပါတယ်။
ဇန်နီယိုလို ဟာ အခုနှစ် နွေရာသီမှာ အာဆင်နယ်ရဲ့ မြောက်လန်ဒန် မြို့ခံ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေ ရှိခဲ့ပေမယ့် မော်ရင်ဟိုရဲ့ တားဆီးမှုကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။ ဇန်နီယိုလိုရဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ရိုးမား ဘက်က သူ့ကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ အခုချိန်ထိ ဆွေးနွေးမှု တစုံတရာမှ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်။
ဒီအချက်က ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် မျှော်လင့်ချက် ဖြစ်ပြီး အာဆင်နယ် ကတော့ ယူရို ၂၅ သန်းလောက်နဲ့ စတင် ကမ်းလှမ်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဇန်နီယိုလိုဟာ လက်တလောမှာ မော်ရင်ဟိုရဲ့ အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေတာကြောင့် ကျိန်းသေပေါက် များပြားတဲ့ ပြောင်းရွှေ့ကြေး ပမာဏ ရမှပဲ ရိုးမားတို့ လက်လွှတ်သွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.