ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် ကတော့ ဒီနွေရာသီ ဈေးကွက် အတွင်းမှာ ရှိတဲ့ တိုက်စစ်မှူး အများအပြားကို ပစ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ငှက်ကြားတွေက သူတို့ ပစ်မှတ်ထားတဲ့ တိုက်စစ်မှူးတိုင်းကို မခေါ်ယူနိုင်ခဲ့ပဲ ခေါင်းခြောက်နေရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ အက်ဒီဟောင်းဝ်ရဲ့ အသင်းက ဒီပြဿနာတွေကို ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ နယူးကာဆယ်က စတုဂတ်ရဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ် ကြယ်ပွင့်လေး နစ်ခ် ဝေါလ်တီမိတ်ဒ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀+ အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် နယူးကာဆယ် အနေနဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်သာ ထွက်ခွာသွားခဲ့ရင် ဆိုတဲ့ မေးခွန်း အတွက် အဖြေ ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဝေါလ်တီမိတ်ဒ်သာ ရောက်ရှိလာခဲ့ရင်တော့ ကာဆယ်က အသင်းမှာ မနေချင်တော့တဲ့ ဆွီဒင် တိုက်စစ်မှူး အိဆက်ခ်ကို လစ်ဗာပူးလ် ဘက်က နောက်ဆုံး အကြိမ် ကမ်းလှမ်းမယ့် ပမာဏ အတိုင်းသာ လက်လွှတ်သွားဖွယ် ရှိနေပါတယ်။

တကယ်တော့ အသက် ၂၃ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဂျာမန် တိုက်စစ်မှူး ဝေါလ်တီမိတ်ကို ဂျာမန် ဘီလူးကြီး ဘေယန်မြူးနစ်က အတည်တကျ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အရပ် ၆ ပေ ၆ လက်မ ရှိတဲ့ ဝေါလ်တီမိတ်ဒ် ကတော့ Towering Striker (အရပ်မြင့် တိုက်စစ်မှူး) အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဝေါလ်တီမိတ်ကို ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီး အပြင် ဘေယန်မြူးနစ် ကပါ အနီးကပ် စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ မူလာ၊ ဆာနေး၊ တဲလ်တို့ မရှိတော့သလို အသက်အရွယ် ရလာတဲ့ ကိန်း၊ အသင်းက ထွက်ခွာသွားတဲ့ ကိုမန် တို့ကြောင့် အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် မဖြစ်မနေ ပြန်လည် အားဖြည့်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
ဝါဒါဘရီမင်ရဲ့ လူငယ် အကယ်ဒမီထွက် ဝေါလ်တီမိတ်ဟာ ဝါဒါဘရီမင်မှာ ပွဲပေါင်း ၃၀ ကစားပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် စတုဂတ် မှာတော့ အချိန်တိုတွင်း ခြေစွမ်ပိုင်း သိသိသာသာ တိုးတက်လာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားက ပြီးခဲ့တဲ့ ရာသီက စတုဂတ် အတွက် ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးခဲ့ပြီး ဒီရာသီမှာတော့ ၃ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၁ ဂိုး ရရှိထားပါတယ်။
ဝေါလ်တီမိတ်ဒ်ဟာ ဥရောပ ယူ ၂၁ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဂျာမနီနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်လည်း ပိုမို ကျော်ကြားလာခဲ့ပြီး ပြိုင်ပွဲ တစ်လျှောက် သွင်းဂိုး ၆ ဂိုး အထိ သွင်းယူကာ ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလို တိုက်စစ်မှူးမျိုးကို ပိုင်ဆိုင်လိုက်တာက နယူးကာဆယ် အတွက်တော့ တကယ်ကို ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ဖြစ်လာဖွယ် ရှိနေပါပြီ။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြတဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ် မှာ ဆိုရင်တော့ ရုန်းကန်ရတတ်တာကြောင့် စောင့်ကြည့်ရဦးမှာပါ။ အက်ဒီဟောင်းဝ်ရဲ့ နယူးကာဆယ် ကတော့ အခုနှစ် ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ်တွေမှာ ရုန်းကန်နေရပြီးတော့ ၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁ မှတ်သာ ရရှိထားပါတယ်။ ဒါ့အပြင် အိဆက်ခ် မပါတဲ့ ငှက်ကြားတွေရဲ့ တိုက်စစ်က အနည်းငယ် အားနည်းနေတာ တွေ့ရပြီး ၂ ပွဲ ကစားပြီးချိန်မှာ ရဂိုး ၂ ဂိုးသာ ရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.