နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာနေးနဲ့ ကွင်းတွင်း ဆက်ဆံရေးက ပရော်ဖက်ရှင်နယ်ဆန်ခဲ့ပေမယ့် ကွင်းပြင်ပ ဆက်ဆံရေး ကတော့ ခက်ခဲခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့ မိုဟာမက် ဆာလာ | ပရီးမီးယားလိဂ်

လစ်ဗာပူးလ်ရဲ့ တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ ကတော့ ပြင်သစ် အားကစား သတင်းစာ L’Equipe နဲ့ အင်တာဗျူးမှာ အသင်းဖော်ဟောင်း ဆာဒီယို မာနေးနဲ့ ပတ်သတ်ပြီး ဝန်ခံ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ နှစ်အတန်ကြာ အတွဲညီညီ ကစားခဲ့ကြတဲ့ ဒီကစားသမား နှစ်ဦးဟာ အခြေအနေ တင်းမာမှုတွေ ရှိခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဆာလာက မှန်ကန်တဲ့ အကြောင်းအရာ တချို့ ရှိခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် တစ်ဖက်မှာ သူတို့ နှစ်ဦးဟာ အမြဲတမ်း တစ်ဦး အပေါ် တစ်ဦး လေးစားခဲ့ကြသူတွေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆာလာရဲ့ ပြောကြားချက် အရ ဆိုရင် နည်းပြ ယာဂင် ကလော့ပ် လက်အောက်မှာ ကစားခဲ့စဉ် ကာလ တစ်လျှောက်လုံးမှာ သူနဲ့ မာနေး တို့ဟာ အရမ်းကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေ မဟုတ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း သူတို့ အကြား ဆက်ဆံရေးက ပရော်ဖက်ရှင်နယ်ဆန်ခဲ့ပြီးတော့ အသင်း အပေါ် ထိခိုက်မှု မရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဆာလာက “ဟုတ်ပါတယ် ဆာဒီယိုနဲ့ အခြေအနေ တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့တွေ အဆုံးသတ်အထိ ပရော်ဖက်ရှင်နယ်ဆန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကြောင့် အသင်း အပေါ် ထိခိုက်မှု မရှိခဲ့တာတော့ သေချာပါတယ်။ ကွင်းပြင်ပ မှာတော့ ကျွန်တော်တို့က အရမ်းကြီး ရင်းနှီးတဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး။ ဒါပေမယ့် တစ်ဦး အပေါ် တစ်ဦး အမြဲတမ်း လေးစားစွာ နေထိုင်ခဲ့ကြပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆာလာ ကတော့ ယခုထိတိုင် ပရီးမီးယားလိဂ် ကလပ်မှာ ကစားနေဆဲ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ လကပဲ လစ်ဗာပူးလ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးခဲ့ပါသေးတယ်။
လစ်ဗာပူးလ်မှာ လက်ရှိအချိန်ထိ ခြေစွမ်းပြ ကစားနေတဲ့ ဆာလာ

မာနေးနဲ့ ဆာလာ အကြား တင်းမာမှုတွေ ရှိတယ် ဆိုတဲ့ သတင်းတွေဟာ အမြဲတမ်းလိုလို ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အထင်ရှားဆုံး ကိစ္စ ကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လစ်ဗာပူးလ် ပရီးမီးယားလိဂ် ဖလား ရရှိခဲ့တဲ့ ရာသီမှာ ဖြစ်ပွားခဲ့တာပါ။ ဘန်လေနဲ့ ပွဲမှာ ဂိုးဧရိယာထဲမှာ လူမပေးဘဲ ဆာလာက ကိုယ်တိုင် ကန်သွင်းခဲ့တဲ့ အတွက် မာနေးက ဒေါသထွက်ခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦးဟာ ပရီးမီးယားလိဂ်မှာ နှစ်ဦးပေါင်း သွင်းဂိုး ၂၉၆ ဂိုး အထိ သွင်းယူနိုင်ခဲ့ကြပြီးတော့ ရွှေဖိနပ်ဆုလည်း အတူတူ ဆွတ်ခူးခဲ့ကြဖူးပါတယ်။ ဒါ့အပြင် ဖေမီနို ပါဝင်တဲ့ MSF တိုက်စစ် အတွဲအဖက် ကလည်း ပြိုင်ဘက်တိုင်းလိုလို ကြောက်ရွံရတဲ့ တိုက်စစ် အဖြစ် ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ၃ ယောက်တွဲ တိုက်စစ်ဟာ လစ်ဗာပူးလ်တို့ ဆုဖလား အောင်မြင်မှု အစုံအလင် ရရှိခဲ့ရာမှာ အဓိကကျခဲ့ပေမယ့် မာနေးက အရင်ဆုံး အသင်း ကနေ ထွက်ခွာသွားခဲ့ပြီး ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မာနေးက ခရစ္စတီယာနို ရော်နယ်ဒို ရှိရာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာကို ပြောင်းရွှေ့ခဲ့ပြီး သူ့နောက်မှာတော့ ရော်ဘတ်တို ဖေမီနိုက ဆော်ဒီပရိုလိဂ် ကလပ်ပဲ ဖြစ်တဲ့ အဲလ်အာလီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆာလာ ကတော့ ယခုထိတိုင် ပရီးမီးယားလိဂ် ကလပ်မှာ ကစားနေဆဲ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ လကပဲ လစ်ဗာပူးလ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးခဲ့ပါသေးတယ်။

နောက်ဆုံး မှာတော့ ဆာလာက မာနေးက သူ့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ခဲ့တယ် ဆိုပြီး စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့လည်း ပြန်လည် တုံပြန်သွားခဲ့ပါတယ်။ “ကျွန်တော် ဂရုမစိုက်ပါဘူး။ လူတွေက သူတို့ ထင်ချင်တာ ထင်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် မာနေးကို ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်ပေးခဲ့သူဟာ ကျွန်တော်ပဲ ဆိုတာ လူတိုင်း သတိပြုမိစေချင်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော် ဘာတွေလုပ်ခဲ့လဲ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့် စိတ်ကလည်း ရှင်းလင်းပါတယ်။” ဆိုပြီး ဆာလာက ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်