အခုတစ်ခါမှာလည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့တွေနဲ့ ကောလဟာလတွေကို ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာနဲ့ သဘောထားကွဲလွဲနေကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် ဆိုင်မွန် ဖီးလစ်ရဲ့ ဖော်ပြချက်အရ ဆိုရင် အာတေးတားဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို သဘောကျ နှစ်သက်ပေမယ့်လည်း ဘာတာ ကတော့ စပို့တင်းလစ္စဘွန်းက ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့သာ တွန်းအားပေးနေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာ ကတော့ ချဲလ်ဆီး ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ အက်ဆဲလ် ဒီယာဆီကို အသင်းမှာ ဆက်ထိန်းထားလိုကြောင်း Foot Mercato က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် ကိုတော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပြိုင်ဆိုင်မှု ပြီးဆုံးချိန် ရာသီအကုန်မှာ ကလပ် နှစ်ခု အကြား ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်း ကတော့ ကွင်းလယ်လူ လူးကပ်စ် ပါကေးတား အနေနဲ့ လောင်းကစား ကိစ္စ ပြဿနာတွေကြောင့် ဘောလုံး ကစားခွင့် ဆိုင်းငံ့ခံရမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။ ဒါကြောင့် လန်ဒန် ကလပ်က ပါကေးတားကို ဒီနွေရာသီမှာ ရောင်းချဖို့ ကြိုးပမ်းနေကြောင်း RTI Esporte က ဖော်ပြပါတယ်။ ပါကေးတား ကိုတော့ ဘရာဇီးလ် ကလပ် ဖလာမင်ဂိုက ခေါ်ယူချင်နေပါတယ်။

ချဲလ်ဆီးက ရိုဒရီဂိုကို သူတို့ရဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ ဆန်ခါတင် စာရင်းမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း ဘန် ဂျက်ကော့ဗ်က London is Blue podcast မှာ ဖော်ပြခဲ့ပါတယ်။ သတင်းတွေက အတည်ပြုလို့ မရသေးပေမယ့် ရီးရဲလ်မက်ဒရစ်က ဘရာဇီးလ်သားကို ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဟာလန်းကို ခေါ်ယူချင်နေတာကြောင့် ရိုဒရီဂိုရဲ့ ပြောင်းရွှေ့ကြေးကို အသုံးချချင်နေတာလည်း ဖြစ်ပါတယ်။
ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယမ်စ် ကတော့ လက်ရှိအသင်းကို နှုတ်ဆက်ခဲ့ပြီး လန်ဒန်မှာ အိမ်တစ်လုံးကို စတင် ရှာဖွေနေပြီ ဖြစ်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ စပိန် တောင်ပံ ကစားသမား အတွက် ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့လားရာက ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ဖြစ်နေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ခရစ္စတယ်ပဲလေ့စ်က အင်္ဂလန် ကွင်းလယ်လူ အဒမ် ဝှာတန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲ အတွက် ပြင်ဆင်နေတဲ့ ဒီကစားသမားကို ဘာစီလိုနာ၊ လစ်ဗာပူးလ်နဲ့ မန်စီးတီးတို့ ကလည်း စိတ်ဝင်စားနေကြပါတယ်။
မန်ချက်စတာယူနိုက်တက် ကနေ အငှားနဲ့ ထွက်ကစားနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ထက် အက်စတွန်ဗီလာမှာ ဆက်နေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ အူနိုင်း အမ်မရီရဲ့ လက်အောက်မှာ ကစားရတာကို ကျေနပ်လျက် ရှိပြီး အင်္ဂလန် ကနေလည်း ထွက်ခွာဖို့ ဆန္ဒမရှိတာကြောင့် ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန် ပယ်ချဖို့ ပြင်ဆင်နေတယ်လို့လည်း Daily Express က ဖော်ပြခဲ့ပါတယ်။
ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ ဒီနွေရာသီ ကစားသမား ပစ်မှတ်က အာလင်း ဟာလန်း ဖြစ်ကြောင်း Fichajes က ဖော်ပြလာပါတယ်။ ပီရက်ဇ်ဟာ ရိုဒရီဂိုကို ရောင်းထုတ်ခြင်းက နော်ဝေ တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက် အဆင်ပြေချောမွေ့စေမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ပီရက်ဇ်ဟာ ဟာလန်းကို ကီလီယန် အမ်ဘာပေးကို တွဲဖက် ကစားစေချင်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.